iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, February 24, 2016

ကမ်းထောင်းကြီးမြို့ ဇာတ်ပွဲ အပြန်အလှန်ရိုက်ကြရာမှ လူငယ်ခြောက်ဦး ဒဏ်ရာရ


မြေပုံ၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၏ ဇာတ်ပွဲ တစ်ခုအတွင်း လူငယ်များ အပြန်အလှန်ရိုက်ကြရာမှ လူ ၆ ဦးကို ဆေးရုံတင်လိုက်ရသည်ဟု သတင်း ရရှိသည်။

ကမ်းကြီးမြို့၊ ရွာသာယာရပ်ကွက်တွင် ဖေဖော်ဝါရီလ(၂၁)ရက်နေ့မှ (၂၂)ရက်နေ့ထိ နှစ်ညတိုင်တိုင် နာရေးကူညီမှုအသင်းရန်ပုံငွေအတွက် ရတနာထွန်းဇာတ်အဖွဲ့ ကပြရာ နောက်ဆုံးညတွင် လူငယ်များ ဇာတ်စင်အောက်၌ ကခုန်ကြရာမှ စကားများရန်ဖြစ်ပြီး ရိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စာမေးပွဲကာလ ဖြစ်သဖြင့် ကျောင်းသားမိဘများ ဆန့်ကျင်နေသည့်ကြားထဲမှ ပြုလုပ်ခဲ့သော ဇာတ်ပွဲအတွင်း ထိုသို့ ခိုက်ရန် ဖြစ်ပွားခဲ့သဖြင့် ကျေးရွာသားများအကြား မကျေနပ်မှုများ တိုးပွားနေကြောင်း ကျောင်းသား မိဘ တစ်ဦက ပြောသည်။

ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ကမ်းထောင်းကြီးရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိက “ ဒဏ်ရာ လူနာခြောက်ဦးစလုံး စိုးရိမ်စရာမရှိပါဘူး။ ဆေးကုသခံယူနေပါတယ်” ဟုဖြေကြားသည်။

အပြန်အလှန်ရိုက်နှက်ကြရာတွင် ဒဏ်ရာ ရရှိသူ လူငယ်ခြောက်ဦးအား ကမ်းထောင်းကြီး တိုက်နယ် ဆေးရုံတွင်ထားရပြီး နှစ်ဦးမှာ ဆေးရုံးမှ ဆင်းသွားခဲ့ကာ လေးဦးမှာ ဆေးရုံတက်နေရသေးကြောင်း ဒေသခံများက ပြောသည်။

ကမ်းထောင်းကြီးမြို့တွင် စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း အသံချဲ့စက်များကို ည(၈)နာရီမှ နံနက်(၄ )နာရီထိနှင့် နံနက်(၈)နာရီမှ ညနေ(၄)နာရီထိ ဖွင့်ခွင့်မရှိကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ၎င်းဇာတ်ပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment