iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, March 30, 2016

Sony ရဲ့ PlayStation ဂိမ်းတွေကို Android ဖုန်းတွေမှာ ကစားနိုင်တော့မည်



Sony ကုမ္ပဏီကတော့ သူတို့ရဲ့ PlayStation ဂိမ်းတွေကို Android ဖုန်းတွေမှာ ကစားလို့ရရှိနိုင်အောင် ဆောင်ရွက်သွားတော့မယ်လို့  သိရပါတယ်။ Sony Computer Entertainment ကတော့ “အကောင်းဆုံးဝန်ဆောင်မှုတွေကို အမြဲတမ်းကျယ်ပြန့်နေတဲ့ စမတ်ဖုန်းလောကထဲကို ဝင်ရောက်လာတော့မှာပါ” လို့  ထုတ်ပြန်ထားပါတယ်။

PlayStation ဂိမ်းတွေထဲက ဂိမ်းအမည်တွေ ၊ ဂိမ်းဇာတ်ကောင်တွေနဲ့ ဂိမ်းဇာတ်ဝင်ခန်းတွေကို မိုဘိုင်းလ်ဖုန်းတစ်ခုထဲမှာပဲ အပြည့်အဝခံစားရစေမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂိမ်းလောကရဲ့ ဘုရင်တွေဖြစ်တဲ့ Sony နဲ့ Nintendo တို့ဟာဆိုရင် မိုဘိုင်းလ်ဖုန်းလောကဘက်ကို အာရုံပြန်စိုက်လာပြီး Nintendo ကတော့ “Miitomiomo” ဆိုတဲ့ ဂိမ်းတစ်ခုကို မိုဘိုင်းဖုန်းတွေအတွက် ဗွေဆော်ဦး ထုတ်လုပ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလောလောဆယ်မှာတော့ မိခင်ဒေသတွေဖြစ်တဲ့ ဂျပန်နိုင်ငံနဲ့ အာရှဒေသတွေမှာ ပထမဆုံးအနေနဲ့ အောင်အောင်မြင်မြင်ဖြန့်ချိဖို့ မျှော်မှန်းထားလျက်ရှိပြီး နောက်ပိုင်းမှာတော့ ကမ္ဘာအနှံ့ကို ဖြန့်ချိဖို့အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။

Sony ဟာဆိုရင်တော့ PlayStaion Mobile ဆိုတဲ့ ပလက်ဖောင်းတစ်ခုကို လွှင့်တင်ခဲ့ပြီး PS 1 ဂိမ်းတွေနဲ့ တစ်ခြား ခေတ်ဦးဂိမ်းတွေကို ထည့်သွင်းမိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မအောင်မမြင်ဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်းက ပိတ်သိမ်းခဲ့ပြီး အခုတစ်ခါမှာတော့ အကောင်းဆုံး ဂိမ်းတွေနဲ့ မိုဘိုင်းလ်ဖုန်းတွေဘက်ကို ပြန်လှည့်ဖို့ စီစဉ်လျက်ရှိနေတာလည်းဖြစ်ပါတယ်။


( Paing A K )

No comments:

Post a Comment