iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Showing posts with label အားကစား သတင်းများ. Show all posts
Showing posts with label အားကစား သတင်းများ. Show all posts

Wednesday, March 30, 2016

မန်စီးတီးအသင်းက ရီးရဲလ်ကွင်းလယ်လူ အစ္စကို ကို ဂျူဗင်တပ်အသင်းနှင့် အပြိုင်ကမ်းလှမ်းရန်စီစဉ်



မန်စီးတီးအသင်းကတော့ ဂျူဗင်တပ်အသင်းနဲ့အပြိုင် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကို ကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်အသင်းနဲ့အပြိုင် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ အစ္စကိုဟာဆိုရင်တော့ နည်းပြသစ် ဇီဒန်းရဲ့လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ဘာနေဗျုးကွင်းကနေ အဝေးကို ထွက်ခွာချင်လျက်ရှိနေတယ်လို့ သိရပါတယ်။

အစ္စကိုဟာဆိုရင်တော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလျက်ရှိနေပြီး အေးဂျင့်ဖြစ်သူက သင့်တော်မယ့် အသင်းတစ်သင်းသင်းကို ရှာဖွေပေးလျက်ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အစ္စကိုဟာ စိတ်ပျက်လျက်ရှိနေပြီး ပုံမှန်ပွဲထွက်ခွင့်တစ်နေရာကို အာမခံနိုင်မှသာ အသင်းမှာ ဆက်ရှိနေဖွယ်ရှိနေတာပါ။

အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ခြေစွမ်ကောင်းကစားသမားဟာဆိုရင်တော့ ဂွာဒီယိုလာနည်းပြဖြစ်လာမယ့် မန်စီးတီးကို ပိုမိုသဘောကျဖွယ်ရှိနေပြီး မက်ဒရစ်ကို စွန့်ခွာဖို့ ဝန်လေးဖွယ်မရှိဘူးလို့ သိရပါတယ်။

ဂျူဗင်တပ်အသင်းကတော့ အစောပိုင်းကာလတွေမှာ အစ္စကို ကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းနေခဲ့ပြီး နောက်ပိုင်းမှာ မန်စီးတီးအသင်းကလည်း စိတ်ဝင်စားလာတာဖြစ်ပါတယ်။ အစ္စကိုဟာဆိုရင်တော့ စာချုပ် လျော်ကြေးအပါအဝင်အနည်းဆုံး ပေါင်သန်းနှစ်ဆယ်ရှိနေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။


( Paing A K )

မိုင်ယာမီမှာ ကိုယ်ပိုင်ဘောလုံးကွင်းကြီးတစ်ခု တည်ဆောက်ဖို့ မြေဝယ်ယူခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း


မိုင်ယာမီဘက်ခမ်းယူနိုက်တက်လို့ ခေါ်ဆိုနေကြတဲ့ ကမ္ဘာကျော် ဘောလုံးသမား David Beckham (ဒေးဗစ်ဘက်ခမ်း)ရဲ့ မိုင်ယာမီကမ်းခြေအခြေစိုက်  ကိုယ်ပိုင်ဘောလုံးအသင်းဟာ အခုအချိန်ထိတော့ ကိုယ်ပိုင်ဘောလုံးကွင်းကို မတည်ဆောက်ရသေးပါဘူး။

အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲမှာ ဒီအသင်းက ပါဝင်ကစားသွားမှာဖြစ်ပြီး မိုင်ယာမီကမ်းခြေ ကိုယ်စားပြုအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမှုာဖြစ်ပါတယ်။ ဘောလုံးကွင်းတည်ဆောက်ဖို့အတွက် မြေကိုတော့ ဘက်ခမ်းဟာ နှစ်နှစ်ကျော်ကြာ အချိန်ယူ ရှာဖွေခဲ့ရပြီး ဒေသဆိုင်ရာ အကြီးအကဲတွေနဲ့လည်း သဘောတူညီမှုများစွာကို ရယူခဲ့ရတယ်လို့ သိရပါတယ်။




မြေကွက်ကြီးနှစ်ကွက်ကို ဝယ်ယူခဲ့ရတာဖြစ်ပြီး ပေးချေရတဲ့တန်ဖိုးကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ ပရိသတ် ၂၅၀၀၀ လောက်ဝင်ဆံ့တဲ့ အားကစားကွင်းဖြစ်ဖို့အတွက် ဘက်ခမ်းအုပ်စုက ရည်မှန်းထားပြီး ဆောက်လုပ်ချိန် နှစ်နှစ်လောက်ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။


မိုင်ယာမီဘက်ခမ်းကွင်း ပုံစံငယ်
 ဘက်ခမ်းဟာဆိုရင်တော့ ၂၀၀၇ ခုနှစ်တုန်းကစပြီး ရီးရဲလ်မက်ဒရစ်အသင်းကနေ အယ်လ်အေဂလက်ဆီအသင်းကို ပြောင်းရွှေ့ကစားခဲ့တဲ့ ကစားသမားပါ။ အယ်လ်အေဂလက်ဆီအသင်းမှာတော့ အမေရိကန် မေဂျာလိဂ်ချန်ပီယံဆုအပါအဝင် အခြားဆုဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။



အယ်လ်အေဂလက်ဆီတွင် ဘက်ခမ်းကစားခဲ့စဉ်က
ဘက်ခမ်းဟာဆိုရင်တော့ အမေရိကန် ဘောလုံးလောကမှာ အရေးပါတဲ့လူတစ်ယောက်အဖြစ် ရပ်တည်နိုင်နေပြီးတော့ သူ့ရဲ့ အရှိန်အဝါတွေကြောင့် အခုလို ကိုယ်ပိုင်ကလပ်အသင်းတစ်သင်းကို အမေရိကန်နိုင်ငံမှာ ထူထောင်နိုင်တဲ့အထိ သိက္ခာကြီးမားတဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။

( Paing A K )

Tuesday, February 9, 2016

မန်ယူနည်းပြဟောင်း ဖာဂူဆန်ကို နားဆူအောင်လုပ်တော့မယ့် အိမ်နီးချင်းသစ် စတာလင်



မန်စီးတီးအသင်းရဲ့ တောင်ပံကစားသမားဖြစ်တဲ့ Sterling (စတာလင်) ဟာဆိုရင်တော့ ချက်ရှိုင်းယားဒေသက လမ်းထဲမှာ ပေါင် ၃.၅ သန်းတန် အိမ်တစ်လုံးကို ဝယ်ယူလိုက်ပါတယ်။ ထူးခြားချက်အနေနဲ့တော့ သူ့ရဲ့ စံအိမ်ဟာဆိုရင် မန်ယူအသင်းရဲ့ သက်တော်ရှည်နည်းပြဟောင်း  Ferguson (ဖာဂူဆန်)ရဲ့ နေအိမ်နဲ့ ဘေးချင်းကပ်အနေအထားမှာ ရှိနေတာပါ။

စတာလင်နဲ့ ဖာဂူဆန်တို့ရဲ့ နေအိမ်တွေဟာ ခဲတစ်ပစ်စာသာ ကွာဝေးပြီး အသက် ၂၁ နှစ်အရွယ် စတာလင်ဟာ လူငယ်တစ်ယောက်ဖြစ်တာနဲ့အညီ နေအိမ်ဟောင်းမှာတုန်းက ပါတီ ခဏခဏပေးပြီး ပတ်ဝန်းကျင်ကို ဆူညံစေခဲ့တာကြောင့် နေအိမ်သစ်မှာ အိမ်နီးချင်းဖြစ်နေတဲ့  ဖာဂူဆန်ကတော့ လာမယ့်ကာလတွေမှာ စတာလင်ကြောင့် စိတ်ညစ်ရနိုင်တယ်ဆိုပြီး သတင်းတွေက ရေးသားခဲ့ကြပါတယ်။

စတာလင်ရဲ့ နေအိမ်သစ်မှာတော့ ပေ ၃၀ ကျယ်တဲ့ အိပ်ခန်းခြောက်ခန်းအပြင် ရေကူးကန်တစ်ခုရယ် ၊ ရုပ်ရှင်ရုံတစ်ရုံ ၊ ပန်းခြံနဲ့ ကားသုံးစီးဆန့် ကားဂိုဒေါင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အခုလောလောဆယ်မှာတော့ စတာလင်ဟာ သူ့ရဲ့ ချစ်သူ ပေ့ခ်ျလီဟန်ဆယ်နဲ့ အဲ့ဒီအိမ်မှာ အတူတကွနေထိုင်လျက်ရှိနေတယ်လို့ သိရပါတယ်။ 

ဖာဂူဆန်ကတော့ သူ့ရဲ့ တော်ဝင်စံအိမ်မှာ နေထိုင်လာခဲ့တာဟာဆိုရင်တော့ နှစ် ၂၀ လောက်ရှိနေပြီ ဖြစ်ပြီး စတာလင်ကလည်း အိမ်ပြောင်းပြီးမှ ဖာဂူဆန်ဟာ သူ့ရဲ့ အိမ်နီးချင်းဖြစ်တယ်ဆိုတာ သိခဲ့ရပေမယ့်လည်း အဲ့ဒီအိမ်မှာ နေရတာကို နှစ်သက်လျက်ရှိနေတယ်လို့ သိရပါတယ်။ စတာလင်ဟာဆိုရင်တော့ သူ့ရဲ့ ဘားတစ်ခုပါဝင်တဲ့ ဆော့်သ်ပို့တ်ဒေသက စတာလင်ပေါင် ၁.၅ နေအိမ်ဟောင်းကိုတော့ ရောင်းချဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

စတာလင်ဟာဆိုရင်တော့ လီဗာပူးလ်အသင်းကနေ မန်စီးတီးအသင်းကို စတာလင်ပေါင် ၄၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး တစ်ပတ်ကို ပေါင်တစ်သိန်းခွဲထက်မနည်း ရရှိနေတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

Monday, February 8, 2016

မန်ယူအသင်းကို ပြန်လည်တည်ဆောက်နိုင်ဖို့ မော်ရင်ဟိုကို တာဝန်ပေးသွားမယ်လို့ သတင်းထွက်



မန်ယူအသင်းဟာဆိုရင်တော့ လာမယ့်နွေရာသီမှာ နည်းပြ Van Gaal (ဗန်ဟားလ်)ကို ထုတ်ပယ်ပြီး ချယ်လ်ဆီးနည်းပြဟောင်းMourinho (မော်ရင်ဟို)ကို အသင်းပြန်လည် အောင်မြင်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်တာဝန်ယူနိုင်ဖို့အတွက် တာဝန်တွေပေးအပ်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ 

မန်ယူအသင်းဟာဆိုရင်တော့ သူတို့ရဲ့ အသင်း နည်းစနစ်အပိုင်းမှာလည်း လူသစ်အားဖြည့်ဖို့ စီစဉ်နေပြီး နည်းစနစ်ဒါရိုက်တာအဖြစ် စပိန်ကလပ် အက်သလက်တီကိုအသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အန်ဒရီယာဘာတာကို ခန့်အပ်သွားဖို့ ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။

မန်ယူအသင်းဟာဆိုရင်တော့ ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့မှာ အရည်အသွေးကောင်းကစားသမားတွေကို ခေါ်ယူနိုင်မယ့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာကြောင့် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရပြီး အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝတ်ဦးဆောင်တဲ့ မန်ယူအသင်းရဲ့ ဒါရိုက်တာတွေဟာ အတွေ့အကြုံ နည်းပါးလွန်းတယ်လို့ အပြောခံခဲ့ရပါတယ်။ 

မန်ယူအသင်းဟာဆိုရင်တော့ လာမယ့် နွေရာသီမှာ ကစားသမားအပြောင်းအလဲတွေတင်မကပဲ အသင်းရဲ့ တာဝန်ရှိသူနေရာအတော်များများကိုလည်း ပြောင်းလဲသွားဖွယ်ရှိပြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် ရည်ရွယ်ထားတာပါ။ 

မန်ယူအသင်းဟာဆိုရင်တော့ နည်းပြ ဗန်ဟားလ်နေရာမှာ မော်ရင်ဟိုကို တာဝန်ပေးပြီး အသင်းရဲ့ အခြားအပိုင်းတွေမှာလည်း တစ်နယ်ပယ်စီက လက်စောင်းထက်တဲ့သူတွေကို ခေါ်ယူသွားမှာဖြစ်ပါတယ်။

မန်ယူအသင်းဟာ မော်ရင်ဟိုကို ကမ္ဘာ့အမြင့်ဆုံးလစာဖြစ်တဲ့ တစ်နှစ်ကို ပေါင် ၁၆ သန်းအထိပေးသွားဖွယ်ရှိနေပြီး မော်ရင်ဟိုကလည်း မန်စီးတီးနည်းပြဖြစ်လာမယ့် ဂွာဒီယိုလာနဲ့အပြိုင် လာမယ့် ပရီးမီးယားလိဂ်ရာသီမှာ သူ့ရဲ့ နည်းပြစွမ်းဆောင်ရည်တွေကို ပြန်ပြီး ပြသချင်နေတယ်လို့ သိရပါတယ်။ 

မော်ရင်ဟိုနဲ့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နည်းပြရာထူးအတွက် အနီးကပ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေထွက်လာပြီးတဲ့နောက်မှာ အခုလို မန်ယူအသင်းရဲ့ အစီအစဉ်တွေ ထပ်ပြီး ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

တရုတ်များမှာ ဥရောပဘောလုံးလောကတစ်ခုလုံးကိုပင် ဝယ်ယူနိုင်ဟု အာစင်ဝင်းဂါးပြောကြား



အာဆင်နယ်နည်းပြ Arsene Wenger (အာစင်ဝင်းဂါး)ကတော့ နောက်ပိုင်းမှာ ဥရောပက ကစားသမားတွေ တရုတ်မြေကို ပြောင်းရွှေ့ကုန်တာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ဝေဖန်မှုတစ်ချို့ကို ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးအပြောင်းအရွှေ့တွေအနေနဲ့တော့ ရှက်တာဒိုးနက်ကွင်းလယ်ကစားသမား တိုင်ဆီရာနဲ့ ချယ်လ်ဆီးကွင်းလယ်ကစားသမား ရာမီရက်စ်တို့ကို တရုတ်ကလပ် ကျန်းဆုကျန်းနင်အသင်းက ပေါင်သန်း ၇၀ ကျော်အသုံးပြုပြီးခေါ်ယူသွားခဲ့ပါတယ်။ 

ဒါ့အပြင် ကွမ်ကျိုးအဲဗားဂရင်းအသင်းကလည်း အက်သလက်တီကိုတိုက်စစ်မှူး ဂျက်ဆင်မာတီနက်ဇ်ကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူသွားပြီးနောက်ပိုင်းမှာတော့ ဘယ်လိုခေါ်ယူမှုတွေကို ပြုလုပ်သွားမယ်ဆိုတာ အတိအကျမသိရသေးပါဘူး။ 

ဒီလို ကစားသမားတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်ယူနိုင်တဲ့ တရုတ်ကလပ်တွေရဲ့ ဆွဲအားဟာ ဥရောပအတွက် ကြောက်စရာဖြစ်နေတယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ 

“ ပရီးမီးယားလိဂ်ဟာလည်း သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်တွေမှာ ဥရောပဘောလုံးလောကတစ်ခုလုံးကို တရုတ်မြေကို ရောက်အောင်လုပ်နိုင်တဲ့ ငွေကြေးအင်အားတွေရှိပါတယ်။ သူတို့ရဲ့ စီးပွားရေးအသွားအလာက ကြောက်ဖို့ ကောင်းပါတယ်။ အရင်နှစ်တွေကို ခဏပြန်ကြည့်လိုက်ရအောင် ဂျပန်နိုင်ငံကလည်း ဒီလိုခေါ်ယူမှုတွေ လုပ်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာတော့ အရှိန်လျော့သွားတယ်။ ”

“ တရုတ်ကတော့ အဲ့လိုမဟုတ်ဘူး။ သူတို့နိုင်ငံရဲ့ နိုင်ငံရေးနဲ့လည်း သက်ဆိုင်နိုင်တယ်။ ကျွန်တော်တို့ စိုးရိမ်ရမယ်။ သူတို့ လာမယ့် အပြောင်းအရွှေ့တွေမှာလည်း တန်ဖိုးကြီး အပြောင်းအရွှေ့တွေကို လုပ်နိုင်တယ်။ ကျွန်တော်ထင်တာကတော့ သူတို့ရဲ့ ပေါင်သန်း ၁၀၀ ပစ်မှတ်ဆိုတာ အသာကလေးရောက်လာနိုင်တယ် ” လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

Friday, January 29, 2016

မန်ယူပရိသတ်တွေအနေနဲ့ သူ့ကိုယုံကြည်မှုရှိသင့်တယ်လို့ ပြောခဲ့တဲ့ ဗန်ဟားလ်



မန်ယူအသင်းရဲ့ နည်းပြဖြစ်တဲ့  Van Gaal (ဗန်ဟားလ်)ဟာဆိုရင်တော့ မန်ယူပရိသတ်တွေအနေနဲ့ သူ့အပေါ်ကို ယုံကြည်မှုအပြည့်ရှိသင့်တယ်လို့ ပြောပါတယ်။ မန်ယူအသင်းရဲ့ အခြေအနေဟာဆိုရင်တော့ ဆိုးရွားတဲ့ဘက်ကိုရောက်ရှိနေခဲ့ပေမယ့်လည်း ဗန်ဟားလ်ကတော့ ဒါတွေကို ထပ်ဖြစ်မလာနိုင်အောင် ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

မန်ယူအသင်းဟာ ဒီနေ့ညမှာဆိုရင်တော့ ဒါဘီအသင်းနဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်ကို သွားရောက်ကစားရမှာဖြစ်ပြီး အကယ်လို့သာရှုံးနိမ့်ခဲ့ရင်တော့ ဗန်ဟားလ်ရဲ့ နောက်ဆုံးပွဲဖြစ်သွားနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

“ ကျွန်တော့်အပေါ်မှာ ပရိသတ်တွေရဲ့ ယုံကြည်မှုက အရေးကြီးလွန်းပါတယ်။ ကျွန်တော်တို့ ထိပ်ဆုံးလေးသင်းအဆင့်ထဲကို မဝင်နိုင်သေးပေမယ့်လည်း ပရိသတ်တွေအနေနဲ့ ယုံကြည်မှုအပြည့်နဲ့ အားပေးစေချင်ပါတယ်။ မန်ယူရဲ့ ပရိသတ်တွေ ယုံကြည်မှုအပြည့်ရှိရင်တော့ ကျွန်တော့်မှာလည်း ယုံကြည်မှုအပြည့်ရှိနေမှာပါ  ” လို့ ဗန်ဟားလ်က ပြောပါတယ်။

မန်ယူအသင်းဟာ ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုတွေကို ခံခဲ့ရပြီး နည်းပြ ဗန်ဟားလ်ပေါ်မှာလည်း ဖိအားတွေ တိုးပွားလာခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်ယူအသင်းရဲ့ အမှုဆောင်ချုပ်နဲ့ ဘုတ်အဖွဲ့ဝင်တွေကတော့ ဗန်ဟားလ်ကို ယုံကြည်မှုတွေရှိနေဆဲဖြစ်ပြီးတော့ ဗန်ဟားလ်ရဲ့ နည်းပြရာထူးကထွက်ခွာချင်တဲ့ အကြံကိုလည်း လက်မခံခဲ့ဘူးလို့လည်း သိရပါတယ်။

အရွတ်စုတ်ပြဲဒဏ်ရာတွေကြောင့် ဆယ်ပတ်လောက် အနားယူရမယ့် ဒီဘရိုင်း



မန်စီးတီးအသင်းရဲ့ အားထားရတဲ့ တောင်ပံကစားသမားဖြစ်တဲ့ Kevin De Bruyne (ကီဗင်ဒီဘရိုင်း) ဟာဆိုရင်တော့ အဲဗာတန်အသင်းနဲ့ ကတ်ပီတယ်ဝမ်းဖလားဆီမီးဖိုင်နယ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရက်သတ္တပတ်ဆယ်ပတ်လောက် အနားယူရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ပွဲပြီးခါနီးမှာတော့ ဒီဘရိုင်းဟာ ဘောလုံးယှဉ်လုရင်း လဲကျခဲ့တာဖြစ်ပြီး ဒဏ်ရာက ပြင်းထန်ခဲ့တာပါ။ 

သူ့ရဲ့ အေးဂျင့်ဖြစ်သူ ပက်ထရစ်ဒီကော်စတာကတော့ ဒီစတာလင်ပေါင် ၅၄ သန်းတန် တောင်ပံကစားသမားဟာဆိုရင်တော့ ဒူးနဲ့ ခြေကျင်းဝတ်အရွတ်စုတ်ပြဲ ဒဏ်ရာတွေကို ရရှိခဲ့တယ်လို့ ပြောပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်းကလည်း “ ကျွန်တော် အကောင်းဆုံးပုံစံနဲ့ ပြန်ကစားနိုင်ပါလိမ့်မယ်။ ဆယ်ပတ်လောက်တော့ ပါဝင်နိုင်မှာ မဟုတ်သေးဘူး ” လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။ 

ဒီဘရိုင်းရဲ့ ဒဏ်ရာဟာဆိုရင်တော့ မန်စီးတီးအသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်ဘက်တွေဖြစ်တဲ့ လက်စတာအသင်း ၊ အာဆင်နယ်အသင်းတို့နဲ့ ထိပ်တိုက်တွေ့ဆုံရမယ့် ပွဲစဉ်တွေကိုလည်း  ပါဝင်ကစားနိုင်ဖွယ်မရှိတော့ဘူးလို့လည်း သိရပါတယ်။

ဒီဘရိုင်းဟာဆိုရင်တော့ ကတ်ပီတယ်ဝမ်းဖလားဗိုလ်လုပွဲအဖြစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကိုလည်း လွဲချော်ဖို့ သေချာသလောက်ရှိနေပါတယ်။ ဒါ့အပြင် အဲဗာတန်အသင်းဂိုးသမား ဂျိုရယ်လ်ကလည်း သူ့အနေနဲ့ ဒီဘရိုင်းကို ပွဲပြီးခါနီး အချိန်ဆွဲတယ်ထင်ပြီး ဆွဲထူခဲ့မိလို့  တောင်းပန်စကားပြန်လည် ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ 

Thursday, January 28, 2016

နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ



အခုအချိန်မှာတော့ ဥရောပအသင်းကြီးတွေရဲ့ ကစားသမား ခေါ်ယူမှုတွေက အရှိန်နည်းနေသေးပြီးတော့ အလယ်အလတ်အသင်းတွေလောက်မှာပဲ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ဘရာဇီးတိုက်စစ်မှူး ပါတိုကို အငှားစာချုပ်နဲ့ ခေါ်ယူတာကလွဲရင် တစ်ခြားအသင်းကြီးတွေကတော့ ငြိမ်သက်လွန်းနေပါတယ်။ 
 
လီဗာပူးလ်အသင်းကတော့ သူတို့ရဲ့ တိုက်စစ်အင်အားကို ဖြည့်တင်းနိုင်ဖို့အတွက် ရှက်တာဒိုးနက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အဲလက်စ်တိုင်ဆီရာကို ပေါင်သန်းသုံးဆယ်ဝန်းကျင်လောက်နဲ့ အကြိတ်အနယ်ဆွေးနွေးနေတယ်လို့လည်း သတင်းရထားပါတယ်။ 



အတည်ပြုပြီးဖြစ်တဲ့ အပြောင်းအရွှေ့တွေကတော့ စပါးအသင်းနဲ့ အာဆင်နယ်တိုက်စစ်မှူး အဒီဘာယောကတော့ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရောက်ရှိသွားခဲ့ပါပြီ။ သူဟာဆိုရင်တော့ ပြီးခဲ့တဲ့မေလတည်းက ဘောလုံးကစားခဲ့ခြင်းမရှိဘဲနဲ့ သူ့ရဲ့နေအိမ်မှာပဲ လေ့ကျင့်ရေးဆင်းနေခဲ့သူပါ။ 

ဒီတိုဂိုတိုက်စစ်မှူးဟာဆိုရင်တော့ သူ့အနေနဲ့ ပဲလေ့စ်အသင်းကို ရောက်ရှိတဲ့အချိန်မှာ အသင်းရဲ့ သမိုင်းကြောင်းကို သိရဖို့ Google မှာရှာရလောက်တယ်လို့လည်း ပြောခဲ့ပါတယ်။ 



နယူးကာဆယ်အသင်းကတော့ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား တောင်ဆန်ကို ပေါင် ၁၂ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်လိုက်ပါပြီ။ သူဟာတစ်လကို ပေါင် ၅၅၀၀၀ လောက်ရရှိသွားမှာဖြစ်ပြီး စပါးအသင်းမှာ လူငယ်ခြေတက်ကစားသမားတွေနဲ့ ပွဲထွက်ခွင့်နေရာလုနေရတာကြောင့် အခုလိုအသင်းပြောင်းခဲ့တာဖြစ်ပါတယ်။

Monday, January 25, 2016

Fernando Torres ကို ကမ္ဘာ့အမြင့်ဆုံးလစာနဲ့ လာရောက်ကမ်းလှမ်းထားတယ်လို့ အေးဂျင့်ဖြစ်သူပြော




လီဗာပူးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း Torres ဟာဆိုရင်တော့ အက်သလက်တီကိုအသင်းမှာ ဆက်ရှိနေဖို့ မသေချာတော့ပါဘူး။ အဲ့လို အနာဂတ်လှုပ်ခတ်နေတဲ့ တိုက်စစ်မှူးကိုတော့ လာရောက်ကမ်းလှမ်းထားတဲ့အသင်းရှစ်သင်းလောက်ရှိပြီး တစ်သင်းကတော့ အမြင့်မားဆုံးလစာတစ်ရပ်ကို ပေးချေဖို့တောင် အဆင်သင့်ဖြစ်နေတယ်လို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူရဲ့ အဆိုအရသိရပါတယ်။ 

ဒီရဲ့ စပိန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းကိုတော့ ကမ္ဘာအနှံ့ကလပ်တွေက လာရောက်ကမ်းလှမ်းထားကြပြီးတော့ တရုတ်စူပါလိဂ်ကလည်း အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ Torres ဟာ လောလောဆယ်မှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းမှာ ကစားနေဆဲဖြစ်ပြီး ခြေစွမ်းကတော့ သာမန်ထက်တော့ မပိုခဲ့ပါဘူး။ Torres ဟာ နီးစပ်နေတဲ့ အနာဂတ်တစ်ခုအတွက် အကောင်းဆုံးနေရာတစ်ခုမှာ ကစားလိုနေပြီး အသင်းနည်းပြ Simeone နဲ့ အသင်းကနေ ထွက်ခွာဖို့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အက်သလက်ပရိသတ်တွေကတော့ သူ့ကို အသင်းမှာ ဆက်ရှိနေမယ့် စကားမျိုးကိုသာ ပြောနေစေလိုတယ်လို့ သိရပါတယ်။ 

" မက်ဒရစ်က ပရိသတ်တွေကတော့ သူ့ကိုအသင်းမှာပဲ ဆက်ရှိနေစေချင်တယ်။ သူ့ကို ကမ္ဘာ့လစာအကောင်းဆုံး ကစားသမားဖြစ်လာအောင်လုပ်ပေးမယ့် အသင်းတစ်သင်းကလည်း ကမ်းလှမ်းထားပါတယ်။ သူအသင်းပြောင်းဖြစ် မပြောင်းဖြစ်ကတော့ အသင်းပေါ်မှာ မူတည်နေပါတယ်။ အသင်းရဲ့ နည်းပြတွေ ၊ ဒါရိုက်တာအဖွဲ့ဝင်တွေအားလုံးကလည်း Fernando ရဲ့ မိတ်ဆွေတွေချည်းပါပဲ။ အသင်းရဲ့ ပရိသတ်တွေကတော့ သူ့ကို အသင်းမှာ ဆက်ရှိ မရှိဆိုတာ အဆုံးအဖြတ်ပေးမယ့်သူတွေပါ " လို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။ 

နည်းပြ Guardiola နဲ့ပတ်သက်တဲ့ သတင်းတွေကို မန်ယူအသင်း ငြင်းဆို



မန်ယူအသင်းကတော့ ဘိုင်ယန်မြူးနစ်နည်းပြ Guardiola နဲ့ နည်းပြရာထူးကို Van Gaal ဆီကနေ လွဲပြောင်းယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေဟာ ကောလဟလတွေသာဖြစ်တယ်လို့ ပြောပါတယ်။ 

အင်္ဂလန်ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိနေတဲ့ ဒီဂျာမနီလူမျိုးနည်းပြဟာ မန်ယူ ၊ ချယ်လ်ဆီး ၊ မန်စီးတီးစတဲ့အသင်းတွေနဲ့ သတင်းပြေးနေခဲ့ပြီး မန်ယူအသင်းရဲ့ လက်ရှိနည်းပြ Van Gaal နေရာမှာ ဝင်ရောက်နည်းပြနိုင်တယ်လို့လည်း ပြောဆိုကြလျက်ရှိပါတယ်။ 

Van Gaal နဲ့မန်ယူအသင်းတို့ရဲ့ အနာဂတ်ကလည်း မသေချာဖြစ်နေသေးပြီးတော့ ချယ်လ်ဆီးနည်းပြဟောင်း Mourinho နဲ့ လက်ထောက်နည်းပြ Giggs တို့ကို Van Gaal ရဲ့ နေရာကို ယူခိုင်းဖို့ စီစဉ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။ 

အခုလောလောဆယ်မှာတော့ Guardiola ဟာလည်း သူ့အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတာ မသိသေးဘူးလို့လည်း ဖွင့်ဟထားခဲ့ပါတယ်။ 

Saturday, January 23, 2016

လန်ဒန်မှာ ကစားတာဆယ်နှစ်ပြည့်ခဲ့တဲ့ Walcott အပေါ် Arsene Wenger ရဲ့ အမြင်


အာဆင်နယ်အသင်းမှာ ကစားတာဆယ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မြန်နှုန်းမြင့် Walcott နဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ချို့ကိုတော့  အာဆင်နယ်နည်းပြ Arsene Wenger က ပြောပြခဲ့ပါတယ်။ Walcott ဟာအသင်းကို ၂၀၀၆ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ရောက်ရှိခဲ့တာဖြစ်ပြီး လန်ဒန်မှာ နေထိုင်ခဲ့တာ ၁၀ နှစ်ပြည့်ခဲ့ပါပြီ။ သူ အသက် ၁၆ နှစ်အရွယ်မှာတင် ဆောက်သမ်တန်အသင်းကနေ အီမရိတ်စ်ကွင်းကို ခြေချခွင့်ရရှိခဲ့ပါတယ်။ 

သူဟာ မြောက်လန်ဒန်အသင်းမှာ လာရောက်ကစားစဉ်ကာလမှာ အများကြီးတိုးတက်ပြောင်းလဲလာတယ်လို့ Arsene Wenger က ပြောပါတယ်။ 

" Theo က အရမ်းထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ သူ့မှာ ဘောလုံးနဲ့ ရွေ့လျားတဲ့အချိန်မှာ ကြောက်စရာ အရည်အချင်းတွေ ရှိပါတယ်။ သူကအရမ်းကို ထက်မြက်တဲ့ကစားသမားပါ။ သူဟာ အသင်းအပေါ်လည်း သစ္စာရှိခဲ့ပြီးတော့ သူ့ရဲ့ အဆုံးသတ်ပိုင်းကလည်း အရမ်းကို ကောင်းလာပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ကနဲ့စာရင်တော့ နှိုင်းယှဉ်ဖို့အရမ်းကို ခက်ခဲသွားပါပြီ။ သူအခုဆိုရင် အခွင့်အရေးရရင် ရသလို ဂိုးသွင်းတတ်နေပြီလေ။ သူ့ရဲ့ ဘောလုံးနည်းစနစ်တွေကတော့ ပြောစရာမလိုအောင် ပိုကောင်းလာပါပြီ " လို့ Wenger က ပြီးခဲ့တဲ့ ဆယ်နှစ်က ပုံစံနဲ့ ယှဉ်ပြီး ပြောကြားသွားခဲ့ပါတယ်။ 

" ဒီနေရာမှာ သူကစားတာ ဆယ်နှစ်ကြာခဲ့ပြီ။ သူက အာဆင်နယ်ကို အရမ်းမြတ်နိုးပြီး နောက်ထပ်လေး ၊ ငါးနှစ်လောက်အထိ ကောင်းကောင်းကစားနိုင်အုံးမှာပါ။ သူက အမြဲတမ်းအရှေ့ကို တက်လှမ်းနေပြီး သူ့မှာ ပိုကောင်းအောင် ကစားနိုင်စွမ်းတွေ ရှိနေသေးတယ်။ သူဆောက်သမ်တန်မှာ လူငယ် FA ဖလားကို ကစားနေတုန်းက စသတိထားမိခဲ့တယ်။ သူက ဘယ်ခြမ်းမှာ ကစားရတာကိုကြိုက်တယ်။ သူကအခုဘောလုံးအတိုင်းရွေ့လျားကစားနေနိုင်ပြီလေ။ သူ့ရဲ့ လျင်မြန်မှုနဲ့ ဖြတ်ထိုးဥာဏ်တွေက သူ့ကို အကောင်းဆုံးဖြစ်လာစေတဲ့ အဓိက အချက်တွေပဲ။ " လို့ ထပ်ပြီး ပြောကြားခဲ့ပါတယ်။ 

အသက် ၂၆ နှစ်ရှိခဲ့ပြီဖြစ်တဲ့ Walcott ဟာဆိုရင်တော့ လက်ရှိကစားနေတဲ့ကစားသမားတွေကြားမှာ အာဆင်နယ်အသင်းနဲ့ သက်တမ်းအရှည်ဆုံးကစားသမားဖြစ်ပြီး နောက်ထပ်ကွင်းလယ်လူဖြစ်တဲ့ Rosicky ကတော့ သူရောက်ရှိပြီး လေးလအကြာ ၂၀၀၆ ခုနှစ် မေလမှာ အသင်းကို စတင်ရောက်ရှိခဲ့တာပါ။ Walcott ဟာ အာဆင်နယ်အတွက် ၃၂၆ ပွဲကစားထားပြီး ၈၁ ဂိုးသွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ 

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်း(၃၀) စာရင်းကို ထုတ်ပြန်

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်း(၃၀) စာရင်းကို ထုတ်ပြန်

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ရီးရဲလ်မက်ဒရစ်

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် Deloitte Football Money League ကနေထုတ်ပြန်ခဲ့တဲ့ ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်း (၃၀) စာရင်းမှာတော့ စပိန်ဘီလူးနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ကတော့ ဝင်ငွေပေါင် ၄၄၄.၅ သန်း ၊ ၄၃၁.၂ သန်းနဲ့ ပထမနဲ့ ဒုတိယနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ နောက်ထပ်ထူးခြားတာကတော့  ပရီးမီးယားလိဂ်က ၁၇ သင်းအထိပါဝင်ခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။ နာမည်ကျော် မန်ယူအသင်းကတော့ စတာလင်ပေါင် သန်းလေးရာနဲ့ ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေအကောင်းဆုံးအသင်းအဖြစ်ဦးဆောင်ခဲ့ပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံးနေရာမှာတော့ တတိယနေရာမှာ ရောက်ရှိနေပါတယ်။ 

ဒီစာရင်းကိုတော့ ကွင်းဝင်ငွေ ၊ ရုပ်သံဝင်ငွေနဲ့ စီးပွားရေးဝင်ငွေ စတဲ့ နယ်ပယ်သုံးခုကနေ အချိုးကျတွက်ချက်ခဲ့တာပါ။ ကွင်းဝင်ငွေအကောင်းဆုံး အသင်းနေရာမှာတော့ အာဆင်နယ်အသင်းက စတာလင်ပေါင် ၁၀၁ သန်းနဲ့ ထိပ်ဆုံးကရပ်တည်နေပြီး ရီးရဲလ်နဲ့ ဘာကာတို့ကတော့ သန်း ၁၀၀ ၊ သန်း ၉၀ နဲ့ အစဉ်လိုက်ရပ်တည်လျက်ရှိပါတယ်။ 



ကွင်းဝင်ငွေအကောင်းဆုံး အာဆင်နယ်အသင်း

ရုပ်သံထုတ်လွှင့်မှုကနေ ဝင်ငွေအများဆုံးရရှိတဲ့အသင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းဖြစ်ပြီး စတာလင်ပေါင် ၁၅၄ သန်းနဲ့ ရပ်တည်လျက်ရှိပါတယ်။ အခြားစီးပွားရေး နယ်ပယ်ကနေ ဝင်ငွေအများဆုံးရတဲ့အသင်းကတော့ ပြင်သစ်ကလပ် PSG အသင်းဖြစ်ပြီး ပေါင် ၂၂၈.၈ သန်းအထိ ဝင်ငွေတွေရရှိနေပါတယ်။ 




ဒီလို နယ်ပယ်သုံးခုက ဝင်ငွေတွေကို အားလုံးပေါင်းလိုက်တဲ့ အခါမှာတော့ ပရီးမီးယားလိဂ်က ၁၇ သင်းအထိ ထိပ်ဆုံး အသင်း ၃၀ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီနှစ်မှာ ဝင်ငွေအကောင်းဆုံး တတိယနေရာမှာ ရပ်တည်နေတဲ့ မန်ယူအသင်းဟာ လာမယ့်နှစ်မှတော့ ဝင်ငွေအကောင်းဆုံး  အသင်းဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းမှုတွေ ပြုလုပ်နေကြပါတယ်။ 

Wednesday, January 13, 2016

ကျွန်တော်တို့ အာဆင်နယ်ကို အနိုင်ယူနိုင်မယ်မထင်ဘူးဆိုတဲ့ Jurgen Klopp



ဂန်းနားတွေနဲ့ ကြိုးကြာနီတို့ကတော့ အန်ဖီးလ်ကွင်းမှာ မနက်ဖြန် မနက် ၂း၃၀ နာရီမှာ ယှဉ်ပြိုင်ကစားသွားကြမှာပါ။ အဲ့ဒီပွဲမှာတော့ လီဗာပူးလ်နည်းပြ Klopp က အာဆင်နယ်အသင်းကို ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။လီဗာပူးလ်အသင်းဟာ အိတ်စတာအသင်းကို အက်ဖ်အေဖလားမှာ သရေကျခဲ့ပြီးတဲ့နောက်မှာတော့ ပရိသတ်တွေက အသင်းရဲ့ ရလဒ်ပိုင်းကို စိတ်ပျက်နေကြပါတယ်။
 
လီဗာပူးလ်အသင်းဟာ  Jordan Henderson, Mamadou Sakho နဲ့ Jordon Ibe တို့ ဒဏ်ရာကနေ ပြန်လည် သက်သာလာပေမယ့်လည်း နည်းပြ Klopp ကတော့ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံး ကစားပုံကို ယှဉ်နိုင်ဖို့ ဝေးကွာနေသေးတယ်လို့ ဝန်ခံထားပါတယ်။

" အာဆင်နယ်မှာ ကိုယ်ပိုင်ကစားပုံရှိတယ်။ သူတို့က ဘောလုံးလောကရဲ့ ပရော်ဖက်ရှင်နယ်တွေပါပဲ။  ကျွန်တော်တို့အသင်းက သူတို့အသင်းလို လိုက်ကစားနိုင်မယ်ဆိုရင်တောင် ကျွန်တော်တို့အသင်းမှာ အခွင့်အရေးတွေဖန်တီးနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့အသင်းက ကစားပုံကို ဟန်ချက်ညီအောင် အချိန်ကြာကြာထိန်းထားနိုင်တယ်လေ " လို့ Klopp က ရှင်းပြခဲ့ပါတယ်။

" သူတို့ဟာ ပရော်ဖက်ရှင်နယ်အဆင့်တောင်မကပဲ တန်ပြန်တိုက်စစ်ကစားပုံအရမ်းမြန်တယ်။ သူတို့ကျွန်တော်တို့ကို အနိုင်ယူနိုင်ပါတယ် " လို့ Klopp က ထပ်ပြောကြားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းနဲ့ ပွဲမှာတော့ Simon Mignolet, Kolo Toure, Nathaniel Clyne, Alberto Moreno, Emre Can, James Milner, Roberto Firmino, Adam Lallana နဲ့ Lucas တို့ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

" Kolo (Toure) ကတော့ ကစားနိုင်ချေရှိပါတယ်။ ကျွန်တော်တို့မှာ နောက်ခံကစားသမားကောင်းတစ်ယောက်တော့ ပါဝင်နိုင်ဖွယ်ရှိပါတယ်။ Arsene Wenger ကိုလည်း တစ်နေ့ထက်တစ်နေ့ ပိုလေးစားလာပါတယ်။ သူနဲ့ နည်းဗျူဟာပိုင်း ယှဉ်ပြိုင်ရတာကတော့ စိတ်ဝင်စားစရာပါပဲ" လို့ Klopp က ပြောခဲ့ပါသေးတယ်။ Klopp ဟာ Arsene Wenger နဲ့ လေးပွဲထိပ်တိုက်ရင်ဆိုင်ဖူးခဲ့ပြီး တစ်ပွဲနိုင် ၊ နှစ်ပွဲသရေ ၊ တစ်ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

မန်ယူအတွက် အထိနာခဲ့ရတဲ့ သရေတစ်မှတ်



မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့  ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်ယူအသင်းက မကျေနပ်စရာ သရေရလဒ်နဲ့ တစ်မှတ်စီပဲခွဲဝေယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ နှစ်သင်းလုံး ဘတစ်ပြန် ကျားတစ်ပြန်ကစားခဲ့ကြပြီး ပင်နယ်တီပြစ်ဒဏ်ဘောတွေလည်း နှစ်သင်းလုံး ပေးခဲ့ရပါတယ်။ မန်ယူအသင်းရဲ့ အပိုင်အခွင့်အရေးတွေကို ကစားသမားတွေ အသုံးမချနိုင်ခဲ့တာကြောင့်လည်း အခုလို ရလဒ်မျိုးထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။





Rooney ဂိုးသွင်းအပြီး အသင်းဖော်များနဲ့ အောင်ပွဲခံနေစဉ်


မန်ယူအသင်းရဲ့ တိုက်စစ်မှူး Rooney ကတော့ ဒီပွဲမှာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အရေးပါတဲ့ ဂိုးနှစ်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ Rooney ရဲ့ ပင်နယ်တီဂိုးနဲ့ Lingard ရဲ့ ဂိုးတွေက မန်ယူကို နှစ်ဂိုးအသာနဲ့ ဦးဆောင်ကစားစေခဲ့ပေမယ့်လည်း  Wijnaldum ရဲ့ဂိုးနဲ့ Aleksandar Mitrovic ရဲ့ ချေပဂိုးတွေကြောင့် နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၇၉ မိနစ်မှာတော့ Rooney က သူ့ရဲ့ အကောင်းဆုံးကန်ချက်နဲ့ ဂိုးရယူပေးခဲ့ပြီး သုံးဂိုးနှစ်ဂိုးနဲ့ မန်ယူအသင်းကို ဦးဆောင်စေခဲ့ပါတယ်။






Dummet ရဲ့ မိနစ်ကိုးဆယ်မှာသွင်းယူလိုက်တဲ့ ချေပဂိုး

မန်ယူအသင်း သုံးမှတ်ရဖို့ သေချာနေတဲ့ အနေအထားမှာတော့ Dummett ရဲ့ မိနစ်ကိုးဆယ်မှာ သွင်းလိုက်တဲ့ မယုံနိုင်စရာ ချေပဂိုးက မန်ယူကို အမှတ်ခွဲရဖို့ ဖြစ်စေခဲ့တာပါ။ ဂိုးအရနည်းနေတဲ့ မန်ယူတိုက်စစ်က ဂိုးတွေပြန်တွေ့ခဲ့ရလို့ စိတ်ကျေနပ်စရာဖြစ်ခဲ့ရပေပြီး နောက်တန်းတွေရဲ့ ပေါ့ဆမှုအချို့ကြောင့် ဂိုးတွေ ပြန်ပေးလိုက်ရပါတယ်။




မန်ယူနည်းပြ Van Gaal ရဲ့ ကစားကွက်ကို ပျင်းစရာကောင်းတယ်လို့ ဝေဖန်ခံနေရပေမယ့်လည်း အခုပွဲမှာတော့ ဖျော်ဖြေမှုတွေပေးနိုင်ခဲ့တာကို တွေ့ရပြီး Van Gaal ရဲ့ ဖြေဆေးတစ်ခွက်ဟာ Rooney ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းသာ အပိုင်အခွင့်အရေးတွေကို ဒီထက်ပိုပြီး အသုံးချနိုင်ခဲ့ရင်တော့ ခြောက်ဂိုးပြတ်နိုင်ပွဲလောက်တောင် ဖြစ်သွားနိုင်ပြီး ကံခေမှုတစ်ချို့ကြောင့်သာ အခုလို သရေကျခဲ့တာဖြစ်ပါတယ်။



ဒီသရေရလဒ်ကိုသာ မန်ယူရယူနိုင်ခဲ့တဲ့အချိန်မှာတော့ ဝက်စ်ဟမ်းအသင်းက ဘုန်းမောက်အသင်းကို အဝေးကွင်းမှာ သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် မန်ယူအသင်းကတော့ အဆင့်ခြောက်နေရာကို ကျဆင်းသွားခဲ့ရပါတယ်။

မက်ဒရစ်မှာ ကစားရတာကိုပျော်ရွှင်ပြီး ပွဲတိုင်းကို အာရုံစိုက်နေတဲ့ Gareth Bale



ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံကစားသမား Bale ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပျော်ရွှင်နေပြီးတော့  လာလီဂါချန်ပီယံဆုကိုရယူနိုင်ဖို့ အာရုံစိုက်နေတယ်လို့ သိရပါတယ်။ ဝေးလ်တောင်ပံကစားသမားကို ခေါ်ယူဖို့ မန်ယူအသင်းက ချိတ်ဆက်မှုတွေပြုလုပ်နေချိန်မှာ အခုလိုမျိုးပဲ Bale က ပြောကြားလိုက်တာပါ။ Bale ဟာ နည်းပြသစ် Zidane လက်ထက်ပထမဆုံးပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဒီပို့တီဗိုအသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်ရယူနိုင်ခဲ့ပါတယ်။

Bale ဟာ နည်းပြ Benitez ကို ထုတ်ပယ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း စိတ်မသက်မသာဖြစ်ခဲ့ပြီး နည်းပြသစ် Zidane လက်အောက်မှာတော့ အကောင်းဆုံးကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ " ကျွန်တော် ဘောလုံးကစားရတာကိုလည်း နှစ်သက်နေသလို ဒီလိုပဲဆက်ကစားသွားအုံးမှာပါ။ " လို့ Bale ကပြောပါတယ်။

ဒါ့အပြင် နည်းပြသစ် Zidane နဲ့ ပတ်သက်ပြီးတော့လည်း " သူဟာ ကစားသမားဘဝတုန်းက အံ့သြဖို့ကောင်းတဲ့သူတစ်ယောက်ပါ။ သူက အသင်းမှာသာမကပဲ ဘောလုံးလောကရဲ့ ဂန္တဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော်နဲ့ သူ စကားတွေပြောခဲ့ကြပါတယ်။ ကျွန်တော်ကတော့ ကွင်းထဲမှာ ၁၀၀ % အပြည့်ပေးဆပ်နိုင်ဖို့ ကြိုးစားနေပြီး ဒီပို့တီပိုအသင်းနဲ့ပွဲမှာ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ အနာဂတ်ကိုတော့မှန်းဆလို့ ရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ လိဂ်အတွင်းမှာ ဘာဖြစ်မယ်ဆိုတာ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ တစ်ချိန်လုံးတိုက်ပွဲဝင်နေမှာကတော့ ပွဲသိမ်းခရာမမှုတ်ခင်အထိပဲ။  " လို့  Bale က ပြောပါတယ်။

နည်းပြသစ် Zidane ကတော့ Bale ဟာ ရှေ့တန်းရော နောက်တန်းမှာပါ ကစားနိုင်ဖို့ မျှော်လင့်လျက်ရှိနေတယ်လို့ သိရပါတယ်။ အခုလို Bale ကိုယ်တိုင်က မက်ဒရစ်မှာပဲ ကစားသမားဘဝကို နစ်မြှုပ်ထားတယ်လို့ ပြောကြားလိုက်တာကြောင့် မန်ယူအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေဟာလည်း တိတ်ဆိတ်သွားခဲ့ရပါတယ်။


( Paing A K )

ဘာစီလိုနာတိုက်စစ်မှူး Messi ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ငါးကြိမ်မြောက်ဆွတ်ခူး

FIFA Ballon d'Or ဆုကို ငါးကြိမ်မြောက်ရခဲ့တဲ့ Messi

ဘာစီလိုနာတိုက်စစ်မှူး Messi ကတော့ မနေ့ညက ချီးမြှင့်ခဲ့တဲ့ ၂၀၁၅ အတွက် FIFA Ballon d'Or ဆုပေးပွဲမှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး Ronaldo  နဲ့ အသင်းဖော် ကစားသမား Neymar တို့ကို ကျော်ဖြတ်ပြီး FIFA Ballon d'Or ဆုကို ငါးကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ စူပါစတားအတွက်တော့ အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ဒဏ်ရာပြဿနာတွေအနည်းငယ်ရှိနေခဲ့ပေမယ့်လည်း ဒီဆုကို ရယူနိုင်ခဲ့တာပါ။



Messi ရဲ့ ဇနီးသည်ကို လက်ဆွဲနှုတ်ဆက်နေတဲ့ Ronaldo

နောက်ပိုင်းနှစ်နှစ်ဆက်တိုက် ပြိုင်ဘက် Ronaldo ရဲ့ ကျော်ဖြတ်မှုကို ခံခဲ့ရပြီးနောက်မှာတော့ Messi က အခုလို ရယူနိုင်ခဲ့တာပါ။ Messi ဟာ မဲပေးရွေးချယ်ခဲ့ရာမှာတော့ မဲအားလုံးရဲ့ ၄၁.၃၃ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ၊ Ronaldo နဲ့ Neymar တို့က ၂၇.၇၆ ရာခိုင်နှုန်းနဲ့ ၇.၈၆ ရာခိုင်နှုန်း အသီးသီးရယူနိုင်ခဲ့ကြပါတယ်။ Messi ဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ ၆၁ ပွဲကစားခဲ့ပြီး ၅၂ ဂိုးသွင်းယူ ၂၆ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး အဓိက ဆုဖလားငါးခုအထိ ရယူနိုင်ခဲ့တာတွေက အခုလို အောင်မြင်မှုလမ်းဆီ ရောက်ရှိသွားခဲ့တာပါ။


ဆုလက်ခံရယူနေသည့် Messi

" အရင်နှစ်တွေက Cristiano (Ronaldo) ဆုယူတာကို ကြည့်ခဲ့ရပေမယ့် ဒီနှစ်တော့ စင်ပေါ်ကို ပြန်ရောက်လာလို့ အရမ်းကို စပါယ်ရှယ်ဖြစ်တဲ့ အခိုက်အတန့်ပါပဲ။ ကျွန်တော့်ရဲ့ မယုံနိုင်စရာ ငါးကြိမ်မြောက်ပဲ။ ကျွန်တော် ကလေးဘဝတည်းက အိပ်မက်မက်ခဲ့တဲ့ဆုပါ။ ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့သူတွေနဲ့ အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ဒီဆုရဖို့အားပေးနေတဲ့ ဘောလုံးလောကတစ်ခုလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အကောင်းနဲ့အဆိုးနှစ်မျိုးလုံးက ကျွန်တော့်ကို ပိုသင်ယူစေပြီး ပိုတိုးတက်စေပါတယ်။ " လို့ Messi က ဆုလက်ခံစကား ပြောခဲ့ပါတယ်။

 ပွတ်ရှ်ကပ်ဆုကိုတော့ ဘရာဇီးလ်တိုက်စစ်မှူး Wendell Lira က ရရှိခဲ့ပါတယ်။


တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးဆုရ Carli Lloyd


အဲ့ဒီနောက်မှာတော့  တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးဆုကို အမေရိကန်အမျိုးသမီးလက်ရွေးစင်တိုက်စစ်မှူး  Carli Lloyd  ရရှိခဲ့ပြီး တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်းကို ထုတ်ပြန်ခဲ့ရာမှာတော့ ပရီးမီးယားလိဂ်ကတစ်ယောက်မှ ပါဝင်လာခြင်းမရှိတာကိုလည်း အခုလိုပဲတွေ့ရပါတယ်။




ကမ္ဘာ့အကောင်းဆုံးအသင်းကစားသမားများ

Saturday, January 9, 2016

အာဆင်နယ်ကို မပြောင်းချင်တဲ့ အာဖရိက အကောင်းဆုံးကစားသမား



အာဖရိကအကောင်းဆုံးကစားသမားဆုကို Yaya Toure ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့တဲ့ ဒေါ့မွန်တိုက်စစ်မှူး Pierre-Emerick Aubameyang ဟာဆိုရင်တော့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ သူ့ကိုတော့ အာဆင်နယ်အသင်းက ပေါင်သန်းလေးဆယ်ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ သတင်းတွေထွက်နေပြီး မန်ချက်စတာအသင်းနှစ်သင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဒီနှစ်မှာတော့ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးစာရင်းထဲမှာ ပါဝင်နေပြီး အသင်းတွေအတော်များများကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ Aubameyang  ဟာ လက်ရှိဘွန်ဒက်စ်လီဂါဂိုးသွင်းအများဆုံးကစားသမားနေရာမှာလည်း ဦးဆောင်လျက်ရှိပါတယ်။ 

" ကျွန်တော် အာဆင်နယ်ကို မသွားချင်းပါဘူး။ ဒေါ့မွန်အသင်းကနေလည်း ပြောင်းရွှေ့မှာ မဟုတ်ပါဘူး " လို့ Aubameyang က ပြောကြားခဲ့ပါတယ်။ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါ ၁၇ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ 

John Stones ကို အပြိုင်လုကြတော့မယ့် ချယ်လ်ဆီးနဲ့ ဘာစီလိုနာ


ချယ်လ်ဆီးအသင်းဟာ အဲဗာတန်နောက်ခံလူJohn Stones ကို ကစားသမားရဲ့ အသင်းက ငြင်းပယ်နေတဲ့ ကြားထဲကနေ ခေါ်ယူဖို့ ပြန်လည် ကြိုးစားသွားအုံးမှာပါ။ ဒီနောက်ခံလူကိုတော့ ချယ်လ်ဆီးတစ်သင်းတည်းက ကမ်းလှမ်းနေတာမဟုတ်ဘဲနဲ့ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာကလည်း ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း Stones ကို ပေါင် ၃၇ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းဆိုမှုကို ခံခဲ့ရပါတယ်။ ချယ်လ်ဆီးဟာ ယိုယွင်းနေတဲ့နောက်တန်းကို လူငယ်ခြေတက်တွေနဲ့ တစ်ဖန်ပြန်ပြီး တည်ဆောက်နေချင်ပြီး Stones က သူတို့ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်သွားခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းကတော့ ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခဲ့တဲ့ နောက်ခံလူ Papy Djilobodji ကိုလည်း ပြန်လည်ရောင်းချဖို့ စီစဉ်လျက်ရှိနေပါတယ်။ 
နန့်စ်အသင်းကနေ ပြောင်းရွှေ့လာတဲ့  Djilobodji ဟာ ချယ်လ်ဆီးအသင်းမှာ တစ်ပွဲသာပါဝင်ကစားခွင့် ရရှိထားခဲ့ပါတယ်။ ဘာစီလိုနာအသင်းကလည်း John Stones ကို ခေါ်ချင်နေပြီး ကတ်တလန်နောက်ခံလူ Pique ကလည်း John Stones ကို အကောင်းဆုံး နောက်ခံလူတစ်ယောက်ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် ဘာကာပရိသတ်တွေ ခေါ်ယူလိုတဲ့ ကစားသမားစာရင်းမှာ John Stones က ထိပ်ဆုံးကပါဝင်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။ 
ဒါ့အပြင် ဘာစီလိုနာကစားသမားတွေကလည်း အင်္ဂလန်လက်ရွေးစင် နောက်ခံလူကို အသင်းမှာ လာရောက်ကစားစေချင်နေတယ်လို့ သိရပါတယ်။