Credit :
BrainWave ဉာဏ်လှိုင်း
iCon
zawgyi သို့ မဟုတ် unicode
Showing posts with label သတင်း နှင့် ဟာသများ စုစည်းမှု. Show all posts
Showing posts with label သတင်း နှင့် ဟာသများ စုစည်းမှု. Show all posts
Friday, June 21, 2019
Sunday, January 3, 2016
Monday, December 28, 2015
Friday, December 18, 2015
Wednesday, September 23, 2015
Instagram နဲ့ လက်တွေ့ အပြင်ဘဝ
Instagram နဲ့ လက်တွေ့ အပြင်ဘဝကို တွဲဆက်ပြတဲ့ ဓာတ်ပုံများကို တရုတ်ပြည် ဟောင်ကောင် အခြေဆိုက လူငယ် အချို့က ဓာတ်ပုံများ ရိုက်လို့ ဖန်တီးပြသခဲ့ ပါတယ်။ ယင်းဖန်တီးမှုများကို အွန်လိုင်းပေါ် တင်တဲ့အခါ နှစ်သက်သူ များပြား ခဲ့ပါတယ်။
ဓာတ်ပုံများကို ကြည့်မယ်ဆိုရင် ထူးခြားချက်များကို တွေ့ရပါလိမ့်မယ်။ ယင်း ထူးခြားချက်များက ဘာလည်းဆို တကယ်တန်း လက်တွေ့ဘဝမှာ အလင်းရောင် နည်းနေမှုနဲ့ ဓာတ်ပုံထဲမှာ လင်းနေမှု၊ တကယ့် လက်တွေ့အပြင်ဘဝမှာ သာယာပေမယ့် ဓာတ်ပုံထဲက သာယာမှုက ပိုလို့ ပိုသာနေတဲ့ ပုံစံမျိုးတွေပါ။ ဓာတ်ပုံထဲကလောက် မဟုတ်ပဲ အပြင်မှာ သာမန်လို ဖြစ်နေတာတွေ၊ ညစ်နွမ်းနေတာ တွေ၊ ဖန်တီးထားမှုတွေကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Seeing is believing လို့ ဆိုရင်တောင်မှ ဓာတ်ပုံ၊ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ အမြင်ဟာ တကယ့်အပြင်မှာ မြင်တွေ့ရသလောက် သေချာ တူညီမှု မရှိဘူး ဆိုတာကို ပြသနေ ပါတယ်။
လူပုံကိုချည်း ရိုက်တာတောင်မှ အောက်ကနေ ပင့်ရိုက်ရင် မှေးရိုးကြောင့် ရုပ်ဆိုးပေမယ့် အပေါ်ကနေ ရိုက်တော့ မျက်လုံးကအစ စွဲဆောင်မှု ရှိတာမျိုးကို မြင်တွေ့ ရပါလိမ့်မယ်။ ဒါကြောင့်မို့ ဆိုရှယ်မီဒီယာက အလှအပ ဓာတ်ပုံများထက် အပြင် လက်တွေ့ ဘဝက ပုံရိပ်များကို ချစ်မြတ်နိုး တန်ဖိုးထားတတ်ဖို့ကို ယခု ဓာတ်ပုံများက သက်သေပြ သွားပါတယ်။
.
Ref: cctvnews
အောင်ခမ်း (MMA)
.
Ref: cctvnews
အောင်ခမ်း (MMA)
အသစ်ထွက်မယ့် Nexus ဖုန်း Nexus 6P
Nexus 6 ကို Google ဟာ Motorola နဲ့ ထုတ်လုပ်ခဲ့ပြီးနောက် Huawei နဲ့ ပူးပေါင်းပြီးတော့ ရက်ပိုင်းအတွင်း ကြေညာတော့မယ့် စမတ်ဖုန်းက Nexus 6P ဖြစ်ပါတယ်။
Nexus 7 အမည်နဲ့ Tablet ရှိပြီးသား ဖြစ်တာကြောင့် အမည်ပေးတဲ့ အခါမှာလည်း 6P လို့သာ အမည်ပေးခြင်း ဖြစ်ပါတယ်။ ယခု ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းနဲ့ ပါကင်ဗူးကို Nexus 6P ဖြစ်ကြောင်း သတင်းများ ပြန်နှံ့လာ ပါတယ်။ Google က တရားဝင်ကြေညာထားချက်တော့ မဟုတ်ပါဘူး။ ဖုန်းဟာ အရွယ်ကြီးဖုန်း ဖြစ်ပါတယ်။ LG နဲ့ကတော့ Nexus 5 ကို တစ်ဆင့်မြင့်ထားတဲ့ အရွယ်ပုံမှန် စမတ်ဖုန်း တစ်မျိုး ရှိပါတယ်။ သူ့ကိုပါ လာမယ့် ရက်ပိုင်းအတွင်း မိတ်ဆက်မယ် မဆက်မယ်တော့ မသိပါဘူး။ Nexus 6P ကိုတော့ မိတ်ဆက်မှာ ကြိမ်းသေ ပါတယ်။ ဒီဇိုင်းဟာ ပုံမှာ မြင်တွေ့ရသလိုပါပဲ။ နောက်ကျော ကင်မရာ တစ်ဝိုက်မှာ အနက်ရောင် အကွက်နဲ့ ဖြစ်နေတာကို မြင်တွေ့ရပါလိမ့်မယ်။ Android 6 OS ကို အသုံးပြုမှာ ဖြစ်ပါတယ်။ နောက်ဆုံး ဗားရှင်း ဖြစ်ပါတယ်။ Lolipop ပြီးတော့ နောက်ထပ် အသစ်ထွက်လာမယ့် OS ဖြစ်ပါတယ်။ ယင်းကို မိတ်ဆက်ထားပြီး ပါပြီ။
စမတ်ဖုန်းဟာ 6.6 mm ထူကြောင်းလည်း ရေးသားဖော်ပြထားကြ ပါတယ်။ Spec အရ ကြည့်ရင် နောက်ဆုံးပေးချည်းပဲ အသုံးပြုထားမယ့် ယင်းဖုန်းဟာ ၂၀၁၆ အတွက် ရွေးချယ်စရာ အဆင့်မြင့်စမတ်ဖုန်း တစ်လုံး ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားကြ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)
.
Ref: pocketlint
အောင်ခမ်း (MMA)
ထောင့်စေ့ကွက်စေ့ တမင်ညစ်ပတ်နေတဲ့ ရွေးကောက်ပွဲကော်မရှင်
(မောင်ကျော်စွာ)
(၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၂၂ရက်)
ပထမအကြိမ် မဲစာရင်းထုတ်ပြန်တော့ အမှားတွေပါခဲ့တယ်။ ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်တော့လည်း ပထမအကြိမ်နဲ့ မခြား မနား အမှားတွေ ထပ်ပါနေတုန်းပဲဖြစ်တယ်။ ဒီလုပ်ရပ်ကို ပြည်သူအများက “တမင် ညစ်ပတ်မှု”လို့ မြင်ကြပြီး အတိုက်အခံပါတီ ရဲ့ “ရာနှုန်းပြည့်အောင်နိုင်ရေး”ကို “ရုပ်ပျက်ဆင်းပျက် မဲစာရင်း တမင်မှားယွင်းမှု”ဗျူဟာနဲ့ တိုက်စစ်ဆင်နေတာဖြစ်မယ်လို့ သုံး သပ်ယူဆနေကြပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီးကိုယ်တိုင်က ဒီလိုမဲစာရင်းအမှားတွေနဲ့ပတ်သက်ပြီး “ကွန်ပြူတာ”အပေါ် အပြစ်ပုံချထားတယ်။ “လူထုကိုကြိုပြီး ပညာပေးရမှာ မပေးမိလိုက်ဘူး။ ကွန်ပြူတာက ဒီလိုလုပ်ထားတာကို အခုမှသိရတာ” တဲ့။ သက်ရှိ လူက မိမိရဲ့စီမံခန့်ခွဲမှု နုံချာညံ့ဖျင်းတာကို ရှင်းရှင်းဝန်မခံဘဲ သက်မဲ့စက်အပေါ် ပုံချလိုက်တာဟာ မိမိတို့ရဲ့စီမံခန့်ခွဲမှု နုံချာ ညံ့ဖျင်းတာကို မိုက်မဲမှုနဲ့ အချည်းအနှီး ဖုံးကွယ်ဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။
ဒီမဲစာရင်းအမှားတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းကူညီနေတဲ့ (IFES) မှာလည်း တာဝန်ရှိတယ်။ မိမိဂုဏ်သိက္ခာနဲ့ လုပ်ငန်းတာဝန်ကို လေးစားတန်ဖိုးထားသူ၊ တာဝန်ယူတတ်သူသာဆိုရင် ဒီလိုပြုမူမှာ မဟုတ်ပါဘူး။ မိမိရဲ့တာဝန်ရှိမှုကို ထုတ်ဖော်ဝန်ခံ၊ တောင်းပန် ပြီး တာဝန်က နှုတ်ထွက်သွားမှာဖြစ်ပါတယ်။ အခုဟာက တစ်ကြိမ်တစ်ခါမဟုတ်၊ နှစ်ကြိမ် နှစ်ခါမှားတာဖြစ်ပါတယ်။ သိပ်ရှက်ဖို့ ကောင်းပါတယ်။
ရွေးကောက်ပွဲကော်မရှင် ဆိုတာ သန့်ရှင်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုတို့ကို အသက် ဝိဉာဉ်သဖွယ်၊ ဦးထိပ်ပန်ဆင်ထားရမယ့် အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ့အပြင် ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ကော်မရှင်အဖွဲ့ဝင်တွေရဲ့ ဂုဏ်သိက္ခာ၊ လူကြီးလူကောင်းဆန်မှုနဲ့ သမာသမတ်ကျမှုတွေဟာ သန့်စင်နေဖို့ လိုအပ်ပါတယ်။ စကားပြောဆို ဆွေးနွေးရာမှာလည်း ယဉ်ကျေးသိမ်မွေ့ပြီး လူကြီးလူ ကောင်းဆန်ဖို့ လိုပါတယ်။ “ဆယ်ခါ ပိတ်ဆို့အရေးယူလည်း မမှုဘူး/ ကန်တော့ပွဲနဲ့လာပင့်လည်း မလုပ်ဘူး”ဆိုတဲ့ စကားမျိုးတွေ ပြောဆိုဖို့ လုံးဝ မသင့်ပါဘူး။ သမာဓိလူကြီးဆိုတာ လူမိုက်တွေနဲ့ အပုံကြီး ခြားနားဖို့လိုပါတယ်။
အခုတော့ ကော်မရှင်လူကြီးကိုယ်၌ကရော ကော်မရှင်ရဲ့လုပ်ရပ်တွေကပါ တိုင်းကျော်ပြည်ကျော် ပြောစရာ ဆိုစရာတွေ ဖြစ်လို့ နေပါတယ်။ မဲစာရင်းမှားယွင်းမှုဟာ ပြည်သူတွေရဲ့ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေးကို ထိပါးနှောင့်ယှက်စော်ကားတာပဲ ဖြစ်ပါ တယ်။ မဲစာရင်းမှန်ရရေးကိစ္စဟာ အချိန်၊ ငွေကြေး၊ ပြည်ပအကူအညီ၊ ကျွမ်းကျင်သူလူအင်အား စသဖြင့် လုံလောက်စွာ ရရှိခဲ့ပါ တယ်။ မကြာခင်ကမှ ထုတ်ပြန်ခဲ့တဲ့ သန်းခေါင်စာရင်းထဲကနေ အလွယ်တကူ ရရှိနိုင်တာလည်းဖြစ်ပါတယ်။ ဒီလိုအခြေခံ အချက်အလက်တွေ ပြည့်စုံလုံလောက်နေပါလျက်နဲ့ မဲစာရင်းနှစ်ကြိမ်နှစ်ခါ မှားယွင်းနေတာဟာ သွေးရိုးသားရိုးမဟုတ်ဘဲ တမင် ညစ်ပတ်တဲ့ လုပ်ရပ်ကလွဲလို့ တခြားဘာမှ ဖြစ်နိုင်စရာမရှိပါဘူး။
မဲစာရင်းမှားယွင်းနေတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေဘက်က တုန့်ပြန်မှုက အားရစရာ မကောင်းပါဘူး။ သိပ်သဘော ကောင်းလွန်းနေတာကို တွေ့ရမှာပါ။ မဲစာရင်းမှားတာကို တစ်ဖက်က လူထုထဲမှာ အမှားပြင်ဖို့ တအိမ်တက်ဆင်း လိုက်လံလှုံ့ ဆော်စည်းရုံးရမှာဖြစ်သလို ဒီလိုမှားယွင်းနေတာနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် အရေးဆိုတိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီ ၂ခုကို ဟန်ချက်ညီညီ ပေါင်းစပ်ရေးမှာ ပျက်ကွက်ခဲ့ပါတယ်။ တအိမ်တက်ဆင်း မဲစာရင်းပြင်ဆင်ရေးဆိုတဲ့ ဘက်တစ်ဖက်ထဲကို ပဲ အားပြုလုပ်ဆောင်ခဲ့ပါတယ်။ ဒီလို မဲစာရင်းအမှားကို အရေးဆိုတိုက်ပွဲဆင်ရာမှာ ဥပဒေတွင်း နည်းလမ်းရှိသမျှနဲ့ အရေးကုန် အောင် တိုက်ပွဲဝင်ရမှာပါ။ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးပါတီအားလုံး၊ လူမှုအဖွဲ့အားလုံး စုစည်းပြီးတော့လည်း စုပေါင်း အရေး ဆိုကြရမှာပါ။
အခုလည်း အချိန်မနှောင်းသေးပါဘူး။ အရေးဆိုမယ်ဆိုရင် ဆိုနိုင်တဲ့ အခြေအနေ၊ အချက်အလက်တွေ ရှိနေတုန်းပါ။ မတရားမှု/ တမင်ညစ်ပတ်မှုတွေကို အရေးဆိုတိုက်ပွဲဝင်ရေးနဲ့ ပတ်သက်ရင် ဘယ်တော့မှ အချိန်နောက်ကျနေပြီ/ အချိန်လွန်သွားပြီရယ်လို့ မရှိပါဘူး။
မဲစာရင်းတမင်မှားယွင်းနေတာဟာ မဲပေးပိုင်ခွင့်ရှိသူပြည်သူတွေ မဲပေးခြင်းမပြုနိုင်အောင် တမင်ဟန့်တားနှောက်ယှက်မှုပဲ ဖြစ်ပါ တယ်။ ဒီလိုဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်က လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်ထဲမှာ (IFES)က လည်း ပူးပေါင်းပါဝင်လုပ်ဆောင်နေတယ်။ ဒိုင်လူကြီးနဲ့ ဒိုင်အဖွဲ့အစည်းကိုယ်တိုင်က ညစ်ပတ်နေတဲ့အတွက် ပြိုင်ပွဲတွေဟာ ဘယ်လိုနည်းနဲ့မှ လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတတဲ့ ရလဒ်ထွက်ပေါ်လာနိုင်စရာ အကြောင်းမရှိပါဘူး။
ကိုယ်စားလှယ်လောင်းစိစစ်ရေးမှာလည်း အတိုက်အခံပါတီတွေအပေါ် ဥပဒေကို စိတ်ကြိုက်သုံးပြီး ကော်မရှင်အဆင့်ဆင့်က ညစ်ပတ်အနိုင်ကျင့်ခဲ့သလို။ မဲပေးပိုင်ခွင့်ရှိသူတွေ ဆန္ဒမဲပေးရေးမှာလည်း နှောက်ယှက်ဟန့်တားမှုတွေကို ဘောင်ထဲကနေ တမင်ညစ်နေပါတယ်။ ဒီလိုအချက်အလက်တွေ၊ အခြေအနေတွေကြောင့် လာမယ့်နိုဝင်ဘာ ၈ရက်မှာ ကျင်းပမယ်ဆိုတဲ့ ရွေး ကောက်ပွဲဟာ လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ။
မဲစာရင်းမှားယွင်းမှုတွေဟာ စစ်တပ်ထဲမှာရော အခုလို မှားယွင်းနေသလား။ ဘာမှ ပြောသံဆိုသံ မကြားရပါဘူး။ ဝန်ထမ်းတွေကို တစ်ဖက်မှာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ ချုပ်ချယ်ကန့်သတ်ထားပေမယ့်၊ စစ်တပ်အနေနဲ့ ဘယ်ပါတီကို မဲထည့်ရမယ်လို့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ကာချုပ်က ဝိနည်းလွတ် အမိန့်ပေးညွန်ကြားသွားပါတယ်။
(ဒို့တာဝန်အရေး ၃ပါး သိရှိ နားလည်စောင့်ထိန်းနိုင်သူ၊ မြင် ၄မြင်ရှိသူ၊ စစ်တပ်အပေါ် နားလည်မှုရှိသူ)ကို မဲပေးရမယ်တဲ့။
မင်းတို့အနေနဲ့ ကြံ့ဖွံ့ပါတီကိုပဲ မဲထည့်ကြလို့ ပြောတယ်ဆိုတာ လူတိုင်း သဘောပေါက်ပါတယ်။
“၁၉၉၀ မေလ ၂၇ရက် ရွေးကောက်ပွဲ”ကို (နဝတ) စစ်အစိုးရက ပြုလုပ်ပေးခဲ့ပါတယ်။ သူတို့ မလိုလားတဲ့ ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာတဲ့အခါ (နဝတ-နအဖ) စစ်အစိုးရက အသိအမှတ်မပြုဘဲ ပယ်ဖျက်ပစ်ခဲ့ပါတယ်။
“ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ”လူထုဆန္ဒလက်မှတ် (၅သန်းနီးပါး) လွှတ်တော်ထဲ တင်ပြခဲ့ပါတယ်။ လွှတ်တော်က အသိအမှတ် မပြု ခဲ့ပါဘူး။
“၂၀၁၀ ရွေးကောက်ပွဲရလဒ်” အသိအမှတ်ပြုတယ်ဆိုတာက ကြံ့ဖွံ့ပါတီ အနိုင်ရတဲ့ရလဒ်မို့၊ “၂၀၀၈အခြေခံဥပဒေ”ကို ပွဲထုတ် လာတဲ့ အခင်းအကျင်းဖြစ်လို့၊ စစ်တပ်က ယူထားတဲ့အာဏာကို (ဗိုလ်)ကနေ (ဦး)ပြောင်းတဲ့၊ စစ်ဝတ်ကနေ အရပ်ဝတ်ပြောင်း ဝတ်တဲ့ သူတို့အချင်းချင်း လွှဲပေးတာမို့ စိတ်ချလက်ချ အသိအမှတ်ပြုပြီး အာဏာလွှဲပြောင်းပေးခဲ့တာပါ။
“၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ”မှာ အတိုက်အခံပါတီ(NLD)က ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်တိုင်းမှာ အနိုင်ရခဲ့ တာကို အသိအမှတ်ပြုခဲ့တာက သူတို့ဂွင်ထားဝင်လာစေဖို့ တမင် ဟပေးတဲ့အခင်းအကျင်းမို့ ဖြစ်ပါတယ်။
“၂၀၁၅ ရွေးကောက်ပွဲ” ဟာ အထက်မှာတင်ပြခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ အခြေအနေချင်း မတူပါဘူး။ ဒါကြောင့် မဲစာ ရင်းကနေ စတင်ပြီး ထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံကနေ ထောင့်စေ့ကွက်စေ့ တမင်ညစ်ပတ်နေတာဖြစ်ပါတယ်။
ဒါကြောင့် “၂၀၁၅ ရွေးကောက်ပွဲ” လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် လက်ရှိ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် တဖွဲ့လုံးအနေနဲ့ မဲစာရင်းမှားယွင်းမှုအတွက် တောင်းပန်ရန် သို့မဟုတ် တာဝန်မှနှုတ်ထွက်ရန် ဆို သည့်လမ်းနှစ်ခုအနက် တစ်ခုခုကို ရွေးချယ်ကြရတော့မည်သာ ဖြစ်ပါတယ်။
– (RFA) သတင်း။ ၁၉ စက်တင်ဘာ ၂၀၁၅၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ရွှေချီရပ်ကွက်၌ ပြောကြားချက်
– မြန်မာ့အလင်းသတင်းစာ။ ၁၉ စက်တင်ဘာ ၂၀၁၅၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားချက်
(မောင်ကျော်စွာ)
ကေအိုင်စီ - KIC News
(မြန်မာ) ကော့သောင်း-(ထိုင်း)ရနောင်း နယ်စပ်ဖြတ်သန်းခေ ကာက်ခံမှုနှုန်းထားအား ထိုင်းဘက်မှ လျှော့ချကောက်ခံ
ကော့သောင်း စက်တင်ဘာ ၂၂
(မြန်မာ)ကော့သောင်း-(ထိုင်း)ရနောင်း နယ်စပ် တစ်လျှောက် ဖြတ်သန်း သွားလာသူ ပြည်သူများအား ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီး ကြပ်ရေးဌာနမှ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းမှ စတင်၍ နယ်စပ်ဖြတ်သန်းခကောက်ခံမှု နှုန်းထားအား လျှော့ချကောက်ခံ လျက်ရှိကြောင်း သိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သည့် ကော့သောင်းမြို့မှ ရနောင်းမြို့သို့ နိစ္စဓူဝ အပြန်အလှန် ကူးသန်းသွားလာ ရောင်းဝယ်ဖောက်ကား လျက်ရှိသည့် နှစ်နိုင်ငံပြည်သူများအား လူတစ်ဦးလျှင် ယခင်ကာလက ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ နယ်စပ်ဖြတ်သန်းခနှုန်းထားအဖြစ် ထိုင်းငွေ ၃ဝ ဘတ်နှုန်း ကောက်ခံနေခဲ့ရာမှ စက်တင်ဘာ ၁၉ ရက်မှစတင်၍ ၃ ဘတ်နှုန်းသို့ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ထိုင်းနိုင်ငံ၏ ခရီးသွားလာမှုဆိုင် ရာမူဝါဒအရ လျှော့ချကောက်ခံခြင်းဖြစ်ရာ ဒေသနေခရီးသွားပြည်သူများ၊ အခြေခံလူတန်းစား ဈေးရောင်းဈေးဝယ်များ ဝမ်းမြောက်ကြိုဆိုလျက်ရှိကြောင်း သိရသည်။
ဖြတ်သန်းရာတွင် ထိုင်းနိုင်ငံသို့အဝင် ခရီးသည်တင်ကူးတို့လှေ (ပဲ့ချိတ်)ပေါ်ပါ ခရီးသည်စာရင်းအား လှေမောင်းသူမှပြုစု၍ ထိုင်းရေဆိပ် လ.ဝ.ကရုံးသို့ တက်ရောက်သတင်းပို့ပြီး ခရီးသည်များအား ဓာတ်ပုံမှတ်
တမ်းရယူခြင်း၊ လိုအပ်သည့်ကိုယ်ရေး အချက်အလက်များ ဖြည့်စွက်ပြီး ဖြတ်သန်းခ ၃ ဘတ်ပေးသွင်းကာ ထိုင်းနိုင်ငံနယ်နိမိတ် ၁၆ ကီလိုမီတာအတွင်းသို့ ရက်သတ္တပတ်ကြာ နေထိုင်လည်ပတ် ဈေးရောင်းဈေးဝယ်သွားလာနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အထွက်တွင် မြန်မာ လူဝင်မှုကြီးကြပ်ရေးဌာန အနေဖြင့် နယ်စပ်ဖြတ်သန်းမှုအဖြစ် မြို့ခံပြည်သူများအား နှစ်နှစ်သက်တမ်း သတ်မှတ်ထားသည့်Border Pass (BP) စာအုပ်ထုတ်ပေးပြီး ဖြတ်
သန်းခအဖြစ် တစ်ဦးလျှင် ငွေကျပ်၃ဝဝ၊ ဒေသခံမဟုတ်သူများအား ခရီးတစ်ခေါက်အတွက် ယာယီ Temporary Border Pass (TBP)ကတ်ဖြင့် ဖြတ်သန်းခငွေကျပ် ၁ဝဝဝ နှုန်း ကောက်ခံဖြတ်သန်းခွင့်ပြုလျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်းပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရေထဲကျလည်း ရေမဝင် ရေမမြှုပ်နိုင်တဲ့ စမတ်ဖုန်း Comet
Comet လို့ အမည်ရတဲ့ ရေမဝင် ရေမမြှုပ်နိုင်တဲ့ Android စမတ်ဖုန်း ကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနိးယား အခြေဆိုက် Prashanth Raj Urs အမည်ရ ကုမ္ဗဏီက ထုတ်လုပ်ရောင်းချပြီ ဖြစ်ပါတယ်။
ဖုန်းဟာ အတွင်း Spec အရလည်း အတော်လေးမြင့်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ၄.၇ လက်မ အရွယ် 720p AMOLED ဖန်သားပြင်ကို အသုံးပြုထားပါတယ်။ RAM 4GB, 2GHz Octa Core Processor ကို အသုံးပြုထားပါတယ်။ ဘက်ထရီကလည်း 2800 mAh ရှိပါတယ်။ Internal memory 32GB နဲ့ 64GB ဆိုပြီးတော့ နှစ်မျိုး ထုတ်ထား ပါတယ်။ ကင်မရာကလည်း 16 Megapixel ရှိပါတယ်။ Android 5.1 OS ကို အသုံးပြုထား ပါတယ်။ အခြးသော ယနေ့ထွက် အဆင့်မြင့် စမတ်ဖုန်းများမှာ ပါဝင်တဲ့ Feature များစွာ ပါဝင်ပါတယ်။
သူ့ကို ရေထဲကျတဲ့အခါ မြှုပ်မသွားအောင်၊ ရေမဝင်အောင် စွမ်းဆောင်ပေးတက IPx7 water-resistant အဆင့်ကြောင့်မို့ ဖြစ်ပါတယ်။ ရေလည်းမဝင်တဲ့အပြင် အပေါ်ပါပြန်ပေါ်အောင် သတ္တုများကို သေချာ ရောစပ် အသုံးပြုထားပါတယ်။ Comet ဖုန်းဟာ ဒီဇိုင်းအားဖြင့်လည်း လှပါတယ်။ ဈေးနှုန်းကတော့ 32GB ကို 279 ဒေါ်လာနဲ့ စတင်ပြီး နောက်ဆိုရင်တော့ 399 နဲ့ 469 ဒေါ်လာအဖြစ် 32GB နဲ့ 64GB ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။ နောက်နှစ် ဧပြီလမှ ရောင်းချမှာ ဖြစ်ပါတယ်။ မြန်မာပြည်ဆိုရင် သင်္ကြန်နဲ့သွားတိုက်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရောက်မယ် မရောက်မယ်ကတော့ မသိပါ။ အွန်လိုင်း အော်ဒါဆိုရင်တော့ စင်္ကာပူကနေဆိုရင် ရနိုင် ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)
.
Ref: dailymail
အောင်ခမ်း (MMA)
iOS9 မှာ ဘက်ထရီပိုမို ကြာရှည်အောင် ပြုလုပ်ရမဲ့ အချက်များ
iOS 9 ဟာ အသုံးပြုသူတွေအတွက် Feature အသစ်တွေကို ထည့်သွင်းပေးထားတဲ့ အတွက် အကြိုက်တွေ့သူများလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ feature အသစ်တွေမှာ Processor Core နှင့် Screen Resolution ကို အထောက်အပံ့ပေးခြင်း တွေဟာ အသုံးပြုသူတို့ အကြိုက်တွေ့ပေမဲ့ တကယ်လိုအပ်တဲ့ Feature ကတော့ ဘက်ထရီသက်တမ်းကြာရှည်ခံဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဘက်ထရီသက်တမ်းကြာရှည်ခံနိုင်ဖို့အတွက် လုပ်ဆောင်ချက်အနည်းငယ်ကို လိုက်နာလိုက်မယ်ဆိုရင်တော့ သင့်ရဲ့ ဘက်ထရီရာခိုင်နှုန်းအသုံးပြုမှုကို အရင်ကထက်များစွာ လျှော့ချပေးပါလိမ့်မယ်။
၁။ နောက်ကွယ်မှာ Run နေတဲ့ ဘက်ထရီစားနိုင်တဲ့ Application အချို့ကို ပိတ်ပစ်ပါ
Apple ဟာ iOS8 တုန်းက Application တစ်ခုဟာ ဘက်ထရီ ရာခိုင်နှုန်း ဘယ်လောက်ထိ အသုံးပြုနေတယ်ဆိုတာကို ဖော်ပြပေးတဲ့ feature ကိုထည့်သွင်းပေးထားပါတယ်။ iOS9 မှာတော့ ဒီထက် ပိုကောင်းမွန်တဲ့ Feature တွေကိုထပ်မံထည့်သွင်းပေးလာခဲ့ပါတယ်။ လတ်တလော ဘက်ထရီ ရာခိုင်နှုန်းအများဆုံးအသုံးပြုနေတဲ့ Application တွေကိုဖော်ပြပေးသလို ၊ ပြီးခဲ့တဲ့ ငါးရက်လောက်က Application တစ်ခုဟာ ဘက်ထရီ ရာခိုင်နှုန်း ဘယ်လောက်ထိ အသုံးပြုနေတယ်ဆိုတာကိုလည်း ဖော်ပြလာခဲ့ပါတယ်။ ဘက်ထရီ ရာခိုင်နှုန်း အသုံးပြုမှု များနေတဲ့ Application ကိုသိချင်ရင်တော့ Settings > General > Battery သို့အဆင့်ဆင့်သွားကာ ညာဘက်ထောင့်နားရှိ နာရီပုံစံ icon လေးကို နှိပ်ကာ ကြည့်ရှုနိုင်ပါတယ်။ ဘက်ထရီရာခိုင်နှုန်းအသုံးပြုမှု များနေတဲ့ Application ကိုတွေ့ရတဲ့အခါ အဆိုပါ Application တွေကို အသုံးပြုမှု ရပ်ဆိုင်းလိုက်ပါ။ ဒီ application တွေဟာ သင့် ဖုန်းရဲ့ ဘက်ထရီ ရာခိုင်နှုန်းကို အလျင်အမြန်လျော့နည်းအောင် ပြုလုပ်နေလို့ပါပဲ။
၂။ Low Power Mode ကို အသုံးပြု ပါ
Apple ဟာ iOS9 ကို Update ပြုလုပ်ထားတဲ့ iPhone တို့အနေနဲ့ ဘက်ထရီအသုံးပြုမှု အပိုမရှိအောင် စွမ်းဆောင်ပေးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ တကယ်တော့ Apple ရဲ့ ထုတ်ပြန်မှုဟာ Feature တစ်ခုကို ထည့်သွင်းပေးထားခြင်းပါပဲ။ အဲ့ဒီ Feature ကတာ့ Low Power Mode ဖြစ်ပါတယ်။ Low Power Mode ကို On ထားခြင်းဖြင့် နောက်ကွယ်မှာ Run နေတဲ့ program များ၊ Mail fetch များ၊ Automatic Downloads များနှင့် အခြား Visual Effects ဆိုင်ရာများကို လျော့ချပေးပါတယ်။ Low Power Mode ကို အသုံးပြုလိုပါက Setting > General > Battery > Lower Power Mode ဆိုပြီး အဆင့်ဆင့် သွားကာ အသုံးပြုနိုင်ပါတယ်။
၃။ Manage Location Services ကို အသုံးမပြုပါနဲ့
iOS 9 မှာ အသုံးပြုနေတဲ့ Application တွေဟာ location ကို အခြေခံကာ အသုံးပြုထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် GPS location service ကို အသုံးပြုခြင်းဟာလည်း ဖုန်းရဲ့ဘက်ထရီ ရာခိုင်နှုန်းကို တစ်စိတ်တစ်ပိုင်းကနေ အသုံးပြုနေပါတယ်။ GPS location service ကို ဖယ်ရှားလိုက်မယ်ဆိုရင် ဘက်ထရီအသုံးပြုမှုဟာ အသင့်အတင့်တော့ လျော့နည်းသွားပါတယ်။ Location Service ကို ပိတ်ချင်ရင်တော့ Setting > Privacy > Location Services ဆိုပြီး အဆင့်ဆင့်သွားကာ ပိတ်နိုင်ပါတယ်။
၎။ Bluetooth ကို ပိတ်ထားပါ
မိမိဟာ Wireless Speaker ၊ Wireless Headphones သို့မဟုတ် ဖိုင်အမျိုးမျိုး ကူးယူရန်အတွက် AirDropping တို့ကို အသုံးပြုတဲ့လူတစ်ယောက်ဆိုရင်တော့ Bluetooth ဟာလည်း ဘက်ထရီရာခိုင်နှုန်း အသုံးပြုမှု များစေတဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Bluetooth ကို အမြဲပိတ်ထားပါ။ Bluetooth ကို ပိတ်ဖို့အတွက် Control Center ကို အသုံးပြုပြီး ပိတ်နိုင်သလို ၊ Setting > Bluetooth ဆိုပြီး အဆင့်ဆင့်သွားကာ ပိတ်နိုင်ပါတယ်။
၅။ Widgets များကို တတ်နိုင်သလောက် အသုံးပြုမှုလျှော့ချပါ
iOS8 မှာကတည်းက notification ထဲမှာ ပါဝင်လာတဲ့ Widgets များဟာ အသုံးပြုသူများအတွက် တကယ်ကို အသုံးဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ Widgets တွေဟာ ဘက်ထရီရာခိုင်နှုန်းကို အရမ်းအသုံးပြုလွန်းပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် Widget အသုံးပြုမှု လျော့ချရင်တော့ ဘက်ထရီအသုံးပြုမှု ရာခိုင်နှုန်းကို ထိန်းသိမ်းရာရောက်ပါတယ်။
၆။ နောက်ကွယ်က နေ Run နေတဲ့ Application တွေ refresh လုပ်ခြင်းကို ပိတ်ထားပါ
Application တွေနောက်ကွယ်ကနေ Run နေတဲ့အခါ ၄င်း Application တွေရဲ့ Content တွေကို Refresh လုပ်ပေးခြင်း feature ဟာ iOS ရဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ အဆိုပါ ဝန်ဆောင်မှုဟာ ကောင်းမွန်တယ်ဆိုပေမဲ့လည်း ဘက်ထရီကို အရမ်းအသုံးပြုလွန်းပါတယ်။ Background App Refresh feature ကိုပိတ်မယ်ဆိုရင်တော့ Settings > General > Background App Refresh ဆိုပြီး ပိတ်နိုင်ပါတယ်။
၇။ Motion Animation တွေကို လျှော့ချပါ
iOS 7 မှာကတည်းက ထည့်သွင်းပေးထားတဲ့ Motion တွေကို Animation များနဲ့ထောက်ပံ့ပေးထားပါတယ်။ ဒါပေမဲ့ Animation တွေကို အသုံးပြုမှုဟာ ဘက်ထရီ ရာခိုင်နှုန်း ကို ပိုမို အသုံးပြုစေပါတယ်။ ဒါကြောင့် Motion Animation ကို အသုံးမပြုဘူးဆိုရင်လည်း ဘက်ထရီရာခိုင်နှုန်း အသုံးပြုမှုကို လျော့နည်းစေပါတယ်။ Motion Animation အသုံးပြုမှုကို ပိတ်ဖို့အတွက် Setting > General > Accessibility > Reduce Motion ဆိုပြီး အဆင့်ဆင့်သွားကာ ပိတ်နိုင်ပါတယ်။
၈။ Accessibility Settings ကို အသုံးမပြုပါနဲ့
Accessibility ဆိုတာ iOS ရဲ့ Setting တစ်စိတ်တစ်ဒေသကို ထိန်းချုပ်ထားတဲ့ Feature တစ်ခုပါပဲ။ Accessibility ထဲမှာ အဖြူအမည်းအရောင်ကို ထိန်းငြိပေးတဲ့ setting ၊ အရောင်မျိုးစုံကို ထိန်းငြိပေးတဲ့ Setting နှင့် Transparency ကို ထိန်းညှိနိုင်တဲ့ Setting စတဲ့ Setting တွေပါဝင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် အဆိုပါ Setting တွေကို ပိတ်ထားပါ။ အဖြူအမည်းအရောင်ကို ထိန်းငြိပေးနိုင်တဲ့ Setting ကို ပိတ်ဖို့အတွက် Settings > General > Accessibility > Grayscale , အရောင်မျိုးစုံကို ထိန်းငြိပေးတဲ့ Setting ကို ပိတ်ဖို့အတွက် Settings > General > Accessibility > Increase Contrast , Transparency ကို ထိန်းညှိနိုင်တဲ့ Setting ကို ပိတ်နိုင်ဖို့အတွက် Settings > General > Accessibility > Increase Contrast > Reduce Transparency ဆိုပြီး အဆင့်ဆင့်သွားကာ ပိတ်နိုင်ပါတယ်။
၉။ Auto App Updates ကို ပိတ်ထားပါ
iOS7 မှာကတည်းက အသုံးပြုခွင့်ပေးထားခဲ့တဲ့ Auto App Updates ဟာလည်း နောက်ကွယ်ကနေ application တွေကို update လုပ်ပေးနေတဲ့ Feature တစ်ခုဖြစ်ပါတယ်။ အသုံးမလိုခဲ့ဘူးဆိုရင် Auto App Updates ကို ပိတ်ထားပါ။ ဘက်ထရီ ရာခိုင်နှုန်း အသုံးပြုမှု ကို သိသိသာသာ တိုးမြှင့်လာစေလိမ့်မယ်။ Auto App Updates ကို ပိတ်ဖို့အတွက် Setting > App and iTunes Stores > Automatic Downloads ဆိုပြီး အဆင့်ဆင့်သွားကာ ပိတ်နိုင်ပါတယ်။
၁၀။ Screen Brightness ကို လျှော့ထားပါ
iPhone တွေမှာ ပါဝင်တဲ့ Screen Brightness ၁၀၀ ရာခိုင်နှုန်းဟာ အပြည့်အဝ မလိုအပ်တဲ့ ပမာဏပါ။ Screen Brightness ရဲ့ အလင်းပြန်မှုဟာ သင့်ရဲ့ မျက်လုံးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ Screen Brightness ကို လျှော့ချထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဘက်ထရီ အသုံးပြုမှုကို လျော့ချပေးသလို ၊ မိမိရဲ့ မျက်လုံးထိခိုက်မှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။ Screen Brightness ကို လျော့ချချင်ရင်တော့ ဖုန်းရဲ့ အောက်ခြေမှာအသင့်ရှိနေတဲ့ Control Center ကို အသုံးပြုကာ လျှော့ချနိုင်သလို ၊ Setting > Display & Brightness ဆိုပြီး အဆင့်ဆင့်သွားကာလည်း လျှော့ချနိုင်ပါတယ်။
၁၁။ Live Wallpaper ကို အသုံးမပြုပါနဲ့
iPhone 6s နဲ့ 6s Plus တို့မှာ ဓါတ်ပုံနဲ့ ပါတ်သက်ပြီး Feature အသစ်ဖြစ်တဲ့ Live Photo ပါဝင်လာပါတယ်။ ဒီ live photo ဟာ အသုံးပြုသူတို့အနေနဲ့ တကယ်လည်း အကြိုက်တွေ့ကြသလို ချစ်စရာကောင်းတယ်လို့လည်း လက်ခံထားကြပါတယ်။ ဒါပေမဲ့ Live Photo ဟာ Memory ပမာဏ ကို တိုက်ရိုက် အသုံးပြုနေခြင်းဖြစ်ပါတယ်။ Memory ပမာဏကို တိုက်ရိုက်အသုံးပြုခြင်းကြောင့်လည်း ဘက်ထရီကို ပိုမို အသုံးပြုနေရပါတယ်။ ဒါကြောင့် မိမိဘက်ထရီ ရာခိုင်နှုန်းကို ကြာရှည်အသုံးပြုချင်ရင်တော့ iPhone 6S နဲ့ iPhone 6S Plus တို့ဆိုရင် Live Photo အသုံးပြုမှုကို လျှော့ချရမှာဖြစ်သလို ၊ အခြား iPhone များဆိုရင်တော့ Live Wallpaper အသုံးပြုမှုများကို လျှော့ချရမှာဖြစ်ပါတယ်။
Ref : mashable
Aung Ko Htet (MMA)
အမျိုးသား သုတ်ရည်လှူဒါန်းလျှင် နောက်ဆုံးပေါ် အိုင်ဖုန်းရနိုင်
တရုတ်ပြည်ရှိ မျိုးဆက်ပွားများထိန်းသိမ်းရေး ဆိုင်ရာ ဆေးရုံတစ်ခုမှာ အမျိုးသား သုတ်ရည် အလှူခံတဲ့ ကြော်ငြာ တစ်ခုမှာ Sperm ကို လှူဒါန်းခြင်းဖြင့် iPhone 6S ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း slogan ကို အသုံးပြုထား ပါတယ်။
ဒါပေမယ့် လှူဒါန်းရမယ့် ပမာဏကတော့ မနည်ါးပဘူး။ 40 ml (၄၀ မီလီလီတာ) ဖြစ်ပါတယ်။ ယင်းပမာဏကို လှူဒါန်းနိုင်တဲ့ အမျိုသား ဦးရေဟာ ယင်း စင်တာမှာ တစ်နှစ်ပတ်လုံးမှ လူ ၁၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ ၂၀၁၁ ခုနှစ်ကစလို့ လှူဒါန်းသူ အလှူရှင်တိုင်းကို 40ml ပြည့်အောင်လှူနိုင်ရင် ယွမ်ငွေ ၄၀၀၀ ကနေ ၅၀၀၀ အထိ ပေး ပါတယ်။ ယခုတော့ ယွမ်ငွေ ၅၀၀၀ ပေးမှာ ဖြစ်ကြောင်း ကြော်ငြာ ပါတယ်။ ယင်းငွေဟာ အမေရိကန်ဒေါ်လာအားဖြင့် တွက်ရင် ၇၈၅ ဒေါ်လာ ဖြစ်ပါတယ်။ ယင်း ငွေပမာဏဟာ လက်ရှိ အသစ်ထွက်တဲ့ အိုင်ဖုန်းကို ဝယ်ယူလို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။
ယင်းကြော်ငြာကို တရုတ်ပြည်ရှိ အင်တာနက် ကွန်ရက် အချို့မှာတော့ ကြော်ငြာခွင့် ပိတ်ပင်ထားပါတယ်။ သို့ပေမယ့် ယင်း သတင်းကတော့ တော်တော်လေးလေးကို နာမည်ကြီးနေပြီ ဖြစ်ပါတယ်။
.
Ref: cctvnews
အောင်ခမ်း (MMA)
.
Ref: cctvnews
အောင်ခမ်း (MMA)
Tuesday, September 22, 2015
ခိုးရာလိုက်ဖို့ ငြင်းလို့ ဓားနဲ့ထိုး
အမရပူရ မြို့နယ်တွင် ခိုးရာလိုက်ခဲ့ ရန်ခေါ်ဆိုရာ ငြင်းဆိုသဖြင့် ဓားဖြင့်ထိုးသူအား အမှုဖွင့်ခံရကြောင်း တိုင်းရဲရုံးထံက သိရသည်။
ယခုလ (၂၀) ရက်နေ့ နံနက်ပိုင်း အချိန်တွင် အမရပူရမြို့နယ် နေ မ. . . . . (၁၅) နှစ်အား ၎င်း၏ ချစ်သူဖြစ်သူ မောင်. . . . . (၂၄) နှစ်က ခိုးရာလိုက်ခဲ့ရန် ခေါ်ဆိုရာ မ. . . . . . မှ ငြင်းဆိုသဖြင့် အသင့်ပါလာသည့် ဓားဖြင့်ထိုးရာ ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံကြီးသို့ တင်ပို့ကုသလျက် ရှိသည်။
အဆိုပါ အမှုအား နယ်မြေစခန်း (မြစ် ငယ်)မှ(ပ)၂၈၈/၂၀၁၅၊ ပြစ်မှုပုဒ်မ -၃၂၆ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။
The Messenger Media
http://messengernewsjournal.com
ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်းရဲ့မြေးက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို စိန်ခေါ်လိုက်တာလား
စက်တင်ဘာလ (၁၉) ရက်နေ့က ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်းရဲ့ မြေးတစ်ဦးဖြစ်တဲ့ ကိုအေးနေ၀င်းက သူ့ရဲဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဓာတ်ပုံတစ်ပုံနဲ့ စာသားအချို့ကို တွဲတင်ထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံက မထူးခြားပေမဲ့ ကိုအေးနေ၀င်း ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာက အံ့သြစရာကောင်းတာပါ။
ကိုအေးနေ၀င်းရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမှာ ရေးထားတာက ဒီလိုပါ။ “တာဝန်က အနားယူပြီးတဲ့ နောက်ပိုင်း လိပ်ပြာသန့်သန့် လုထုကြားထဲ သွားလာဆက်ဆံရဲတဲ့ ယခင်ဝန်ကြီးချုပ် မိသားစု၊ တွင်းအောင်း အနာလျှက်ပြီး စာဖတ်သလိုလို အိုင်ပက် ပွတ်သလိုလို လူတော မတိုးဝံ့တော့တဲ့ အတန်းအစားတော့ မဟုတ်ဘူးနော့”။ ကိုအေးနေ၀င်း ရေးထားတဲ့စာနဲ့ ဓာတ်ပုံအရဆိုရင် တာဝန်က အနားယူပြီးတဲ့နောက်ပိုင်း လိပ်ပြာသန့်သန့် လူထုကြားထဲ သွားလာဆက်ဆံရဲတဲ့ ယခင်ဝန်ကြီးချုပ် မိသားစုဆိုတာ ယခင် စစ်ထောက်လှမ်းရေး ဟောင်းလည်းဖြစ်၊ ဗိုလ်ချုပ်ကြီး ဟောင်းလည်းဖြစ်တဲ့ ဦးခင်ညွန်ကို ဆိုလိုတယ်ဆိုတာ ထင်ရှားပါတယ်။
ဒါပေမဲ့ “တွင်းအောင်း အနာလျက်ပြီး စာဖတ်သလိုလို၊ အိုင်ပက်ပွတ်သလိုလို လူတောမတိုးဝံ့တဲ့ အတန်းအစားတော့ မဟုတ်ဘူးနော့”ဆိုတဲ့ စကားက ဘယ်သူ့ကို ရည်ညွှန်းပါသလဲ။
ကိုအေးနေ၀င်း ရေးထာတဲ့စာအရ ကောက်ချက်ဆွဲကြည့်ရင် ကိုအေးနေ၀င်း အမွှမ်းတင်ထားတဲ့ ၀န်ကြီးချုပ်ဆိုသူနဲ့ ခေတ်တစ်ခေတ်ကို အတူဖြတ်သန်းခဲ့သူ ဖြစ်နိုင်ပါတယ်။
ဒီနေရာမှာ စာရေးသူ အနေနဲ့ အမွှမ်းတင်ထားတဲ့ ၀န်ကြီးချုပ်ဆိုတဲ့ စကားကို ဘာဖြစ်လို့ သုံးရသလဲဆိုတာကို အနည်းငယ် ရှင်းပါ့မယ်။ ကိုအေးနေ၀င်း အနေနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ဘာကြောင့် ဒီလောက် အမွှမ်းတင်ချင်ရတာလဲ ဆိုတာကို ကိုအေးနေ၀င်း ရှင်သန်ကြီးပြင်းခဲ့ရတဲ့ အခြေအနေကို သိနေမိတော့ သိပ်တော့ မအံ့သြပါဘူး။
ပြည်သူတစ်ယောက် အနေနဲ့၊ မိဘ တစ်ယောက်အနေနဲ့၊ ခေတ်တွေကို ဖြတ်သန်းခဲ့ဖူးတဲ့ ကျောင်းသားတစ်ယောက် အနေနဲ့ ၊နိုင်ငံသားတစ်ယောက် အနေနဲ့ ပြောရရင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ဟာ လိပ်ပြာဘယ်လောက် သန့်တယ်ပြောပြော။ တံတားတွေ ဘယ်လောက် ဆောက်ခဲ့တယ် ပြောပြော၊ လမ်းတွေ ဘယ်လောက် ဖောက်ခဲ့တယ်ပြောပြော လေးစားကြည်ညိုလို့ မရတဲ့အပြင် ရဟန်းရှင်လူ ပြည်သူကျောင်းသားတွေရဲ့ ရင်ထဲမှာ ကြေကွဲ နာကြည်းစိတ်က ပိုပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန်နဲ့ စစ်ထောက်လှမ်းရေးတွေရဲ့ စနက်ကြောင့် ဘ၀ပျက်သွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ လူငယ်တွေရဲ့ အနာဂတ်တွေ၊ သေကွဲ၊ ရှင်ကွဲ ကွဲနည်းအမျိုးမျိုးနဲ့ စိတ်သောက ရောက်ခဲ့တဲ့ မိဘပြည်သူတွေကို တွေ့မြင်ကြုံခဲ့ရသူ တစ်ယောက်အနေနဲ့ ၊ဒုက္ခအထွေထွေကို ခံစားခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို လက်တုံ့ပြန်လိုစိတ် အလျဉ်းမရှိပေမယ့် ဒီလိုအရေးအသား အပြောအဆိုတွေကို တွေ့မြင်ရချိန်မှာ အော့နှလုံးနာသလို ဖြစ်ရတာကတော့ အမှန်ပါ။
ပြန်ကောက်ရရင် ကိုအေးနေ၀င်းတို့ ရှင်သန်ကြီးပြင်းရတဲ့ အခြေအနေအရ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ဒီလိုမြင်တာ မအံ့သြမိပါဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုအေးနေ၀င်း အနေနဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေ၊ ဒုက္ခ အခက်အခဲတွေကို အသိအမှတ်မပြုဘဲ နေချင်သပဆိုရင် နေလို့ရပါတယ်။
ဒါပေမဲ့ မစော်ကားမိဖို့တော့ လိုပါတယ်။ ခွင့်လွှတ်ခြင်း တရားနဲ့ နေထိုင်နေတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို မစော်ကားမိဖို့တော့ လိုပါတယ်။တိုင်းပြည် အပြောင်းအလဲကို ဦးတည်စေချင်တဲ့ စေတနာကောင်းနဲ့ ပြည်သူတွေဟာ သူတို့ခံစားနာကျင်ရမှုတွေကို စတေးခဲ့တာပါ။ ခွင့်လွှတ် လိုက်တာပါ။ လက်တုံ့ မပြန်တာပါ။
ဒါကို ကိုအေးနေ၀င်းအနေနဲ့ “လိပ်ပြာသန့်သန့် လုထုကြားထဲ သွားလာဆက်ဆံရဲတဲ့ ယခင်ဝန်ကြီးချုပ်. . .” စတဲ့အသုံး အနှုန်းတွေ သုံးသင့်ပါရဲ့လား။ ခံစားနာကျင်ခဲ့သမျှကို လက်တုံ့ပြန်လိုစိတ် မရှိပေမယ့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေဟာ သူတို့မမေ့သင့်တဲ့ အရာကို ဘယ်တော့မျှ မမေ့ဘူးဆိုတာ ကိုအေးနေ၀င်း သိထားပါ။ ကိုအေးနေ၀င်းဟာ လူငယ်တစ်ယောက်၊ ပြီးတော့ ဒီလိုတွေးခေါ်မှုလောက်နဲ့ နေထိုင်သူ တစ်ယောက်ပါလားလို့ သိလိုက်ရတဲ့ ပြည်သူတစ်ယောက် အနေနဲ့ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။
တကယ်တော့၊ မြန်မာပြည်သူတွေရဲ့ ရိုးသားဖြူစင်မှု၊ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို အလေးမထား ဂရုမစိုက်ဘဲ တိုင်းပြည်ကို ဆင်းရဲဒုက္ခနွံထဲကို ဆွဲခေါ်သွားတာ အာဏာငန်းဖမ်းနေတဲ့ လက်တစ်ဆုပ်စာ လူတစ်စုပါ။ ဒီလူတစ်စုရဲ့ ဆုံးဖြတ်မှု အမှားတွေ၊ မတော်လောဘ အမှားတွေကြောင့် တိုင်းပြည်ဟာ ဆင်းရဲတွင်းထဲက မထွက်နိုင်ကြဘူး။
ပြီးတော့ ဒီလူတစ်စုဟာ ဘယ်တော့မှ အမြင်မှန်ရမယ့် လူစုလည်း မဖြစ်နိုင်ဘူးဆိုတာ ပိုကြာလေလေ ပိုသိလာလေလေ ပါပဲ။ ထားပါ။
ကိုအေးနေ၀င်း ရေးထားတဲ့စာထဲက “တွင်းအောင်း အနာလျက်ပြီး စာဖတ်သလိုလို အိုင်ပက်ပွတ်သလိုလို လူတော မတိုးဝံ့တော့တဲ့ အတန်းအစားတော့ မဟုတ်ဘူးနော့”ဆိုတဲ့ စကားက ဘယ်သူ့ကို ရည်ညွှန်းတာ ဖြစ်နိုင်သလဲဆိုတာ အထက်မှာ ပြောခဲ့ပါတယ်။
အခု ပြည်သူတွေကြားမှာ၊ နိုင်ငံရေးသမားတွေကြားမှာ ဒီစကားကို ချပြလိုက်တာနဲ့ ဘယ်သူ့ကို ပြောသလဲဆိုတာ သိနိုင်ကြပါတယ်။ ဒါက တိုက်ဆိုင်မှု တစ်ခုတော့ ဟုတ်ဟန်မတူဘူးလို့ ယူဆပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ စာဖတ်နေတယ်ဆိုပြီး သူနဲ့နီးစပ်သူတွေရဲ့ အင်တာဗျူးမှာဖြစ်စေ၊ စာစောင်တွေထဲမှာ ဖြစ်စေ တွေ့နိုင်ပါတယ်။
အခုဆိုသူ့ကို “စာဖတ်သူကြီး”လို့တောင် အမည်ပေးထားတာကို အရပ်ထဲမှာ၊ လက်ဖက်ရည်ဝိုင်းတွေမှာ၊ လူမှုကွန်ရက် စာမျက်နှာတွေမှာ တွေ့နိုင်ပါတယ်။
မကြာသေးခင်က ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့မြေး နေရွှေသွေးအောင်က ဗိုလ်ချုပ်မှူးကြီး အိုင်ပက်သုံးနေပုံကို လူမှုကွန်ရက် စာမျက်နှာ တင်ခဲ့ပါတယ်။ ဒီပုံကို တွေ့ရတဲ့ အများပြည်သူကြားမှာ ထင်ကြေးအမျိုးမျိုးတွေ၊ ခန့်မှန်းမှုတွေ၊ သုံးသပ်မှုတွေ ပေါင်းစုံလည်း ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီတော့ ကိုအေးနေ၀င်းပြောတဲ့ “တွင်းအောင်း အနာလျက်ပြီး စာဖတ်သလိုလို အိုင်ပက်ပွတ်သလိုလို လူတော မတိုးဝံ့တော့တဲ့ အတန်းအစားတော့ မဟုတ်ဘူးနော့” ဆိုတဲ့စကားက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို ရည်ညွှန်းတာလား။ ကိုအေးနေ၀င်းဟာ ဒီစာကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ စက်တင်ဘာလ(၁၈)ရက်နေ့ပြီးနောက် တစ်နေ့မှာ ရေးခဲ့တာပါ။
တစ်ဖက်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အင်အားစု၊ တစ်ဖက်က ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်း မိသားစု။ အင်အားကြီး နှစ်ခုကြားမှာ ဘယ်လို အားပြိုင်မှုတွေ ရှိနေပြီလဲ၊ ဘာမကျေလည်မှုတွေ ရှိပြီလဲ။ ဒီအားပြိုင်မှုတွေက အာဏာနေရာ ချထားမှုအတွက် ဖြစ်ပေါ်လာတဲ့ အားပြိုင်မှုတွေလား။ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်းရဲ့ မြေးအနေနဲ့ ဒီစကားဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို ရည်ညွှန်းခဲ့တယ်ဆိုရင် စိန်ခေါ်မှုတစ်ခုကို အတိအလင်း ပြုလုပ် လိုက်တာလားလို့တောင် တွေးစရာ ရှိနေပါတယ်။
ကိုအေးနေ၀င်း အနေနဲ့ ဘယ်လောက်တောင် စုစည်းထားမှုကောင်းလို့ ဒီလိုထုတ်ပြောတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အကြီးအကဲတွေကို ဗိုလ်ချုပ်မှူးကြီးဟောင်း အနေနဲ့ သြဇာ သက်ရောက်မှုရှိသလို၊ အကြီးအကဲတွေကလည်း လေစားသမှု ရှိနေတုန်းပဲလို့ သုံးသပ်ထားမှုတွေ ရှိပါတယ်။
ဒီအခြေအနေကို ကိုအေးနေ၀င်းကရော မတွက်ဆမိဘူးလား။ စာရေးသူ အနေနဲ့၊ ပြည်သူတစ်ယောက် အနေနဲ့၊ နိုင်ငံသား တစ်ယောက်အနေနဲ့ ပြောရရင် ဒီအခြေအနေတွေကနေ ပြည်သူတွေအတွက် ဘာကောင်းကျိုး ရလဒ်မျှ မရှိပါဘူး။ ကိုအေးနေ၀င်း အမွှမ်းတင်တဲ့ သူရော၊ အမွှမ်းမတင်တဲ့ သူကိုပါ ပြည်သူတွေ ကြိုက်နှစ်သက်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။
Messenger News Journal
https://www.facebook.com/Messenger-News-Journal
လယ်မြေအပေါ် နေထိုင်ခွင့်ရရန် ဒေသခံများ ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်းဆို
စက်တင်ဘာ ၂၂ရက်၊ ၂၀၁၅ခုနှစ်။
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ခလောက်နို့ကျေးရွာအုပ်စု အုန်းတပင်ရွာရှိ ဖားအံ-မြဝတီ အဝေးပြေး လမ်းမဘေး လယ်မြေများ အပေါ် အဆောက်အဦး ဆောက်လုပ်နေထိုင်ခွင့်ရှိသည့် ဥယျာဉ်ခြံမြေအဖြစ် ဂရံပြောင်းပေးရန် လယ်ပိုင်ရှင်များက ပြည်နယ်ဝန် ကြီးချုပ်ထံ ယမန်နေ့က စာရေးသားတောင်းဆိုထားသည်ဟု ဒေသခံတစ်ဦးဖြစ်သူ နန်းရွှေရည်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါကားလမ်းမဘေးရှိ လယ်မြေများပေါ်တွင် ဒေသခံများ နေအိမ်ဆောက်လုပ် နေထိုင်ခြင်းများရှိသည့်အပေါ် မြို့နယ်လယ် ယာမြေ စီမံခန့်ခွဲမှုကော်မတီက ဒေသခံ ၁၂ဦးကို တရားစွဲဆိုမှု ဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့ လူနေထိုင်ခွင့်ရှိသည့် မြေဂရံ ထုတ်ပေးရန် ဒေသခံများက တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“ကျမတို့ အခု ဝန်ကြီးချုပ်ဆီ စာတင်လိုက်ပြီး။ ဒီလိုတရားစွဲမှုတွေဖြစ်လာမှာကို အရင်က ဘယ်သိမလဲ။ လယ်မြေအပေါ် အိမ် ဆောက်လို့ မရဘူးဆိုတာ ဘယ်သိမလဲ။ သူများတွေလည်း ဆောက်တယ်ဆိုတော့ ကိုယ်လည်း ပိုင်တဲ့ မြေပေါ်မှာ အိမ်ဆောက် တာပေါ့။ ပြန်ဖျက်ပြီး အခြားနေရာမှာ ဆောက်ဖို့လည်း ကျမတို့ဘန်ကောက်မှာ အလုပ်သွားလုပ်၊ ပိုက်ဆံစုဆောက်ထားတာ။ ဒီ အိမ်ဖျက်ဖို့ ကျမတို့လည်း ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး”ဟု နန်းရွှေရည်က ယမန်နေ့က ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ဖားအံမြို့နယ်၊ ခလောက်နို့ကျေးရွာ ကားလမ်းမဘေးတွင် အဆောက်အဦးများ ဆောက်လုပ်ထားသူ မြေပိုင်ရှင် ၁၂ဦးကို မြို့နယ်လယ်ယာ စီမံခန့်ခွဲရေးကော်မတီမှ ပြီးခဲ့သည့် ဇွန်လတွင် တရားစွဲဆိုထားသည့်အတွက် အလားတူမျိုး မဖြစ်အောင်ကျန် သည့် ဒေသခံအချို့ကို သတိပေးပြီး ဥယျာဉ်ခြံ အိမ်မြေပြောင်းခွင့်ရရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အခုလို စာတင်ခိုင်းခြင်း ဖြစ်သည်ဟု အုန်းတပင်ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင် စောဝင်းကြည်က ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် တရားစွဲခံထားရသူများက အသနားခံစာတင်သည့်အတွက် တရားစွဲဆိုမှုကို ရုပ်သိမ်းပေးမည်ဖြစ်သော်လည်း ထို တရားစွဲခံရသူများအနေဖြင့် အဆောက်အဦးများ ပြန်ဖျက်ပြီးမှသာ လယ်ယာမြေမှ လူနေထိုင်ခွင့်ရှိသည့် ဥယျာဉ်ခြံမြေပြောင်းရန် ဂရံပြောင်းလျှောက်ထားရမည်ဟု အုန်းတပင်ကျေးရွာ၊ လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။
“ကျနော်က တရားစွဲခံရသူတွေထဲမှာပါတယ်ဆိုတော့ သူများလို လျှောက်လို့မရဘူး၊ ဒီဆိုင်တွေကိုဖြိုလိုက်ပြီးမှ ပြန်လျှောက်လို့ရ တယ်လို့ ပြောတယ်။ တရားစွဲခံရတုန်းက လယ်ယာပေါ် တိုက်အိမ်တွေဆောက်တဲ့သူတွေကျ တရားမစွဲဘူး၊ ဆိုင်ဆောက်တဲ့လူ၊ တိုင်စိုက်တဲ့လူတွေ၊ နောက်ပြီး မြေဖို့ထားတဲ့လူတွေကိုတော့ စွဲတယ်။ အဲဒါကို နားမလည်ဘူး။ ရုံးချိန်း ၄ကြိမ်သွားရတယ်။ တကြိမ်သွားဖို့ကျန်သေးတယ်”ဟု စောကျော်မွီက ပြောသည်။
လက်ရှိ လယ်ယာမြေ ဥပဒေများပြဌာန်းထားခြင်းရှိသော်လည်း ထိုသို့  လယ်မြေများအပေါ် အဆောက်အဦး ဆောက်လုပ်နေ ထိုင်ခွင့် ရှိမရှိကို ဒေသခံအများစု ရှင်းရှင်းလင်းလင်း သိရှိခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
နန်းဝေဖြိုးဇာ
ကေအိုင်စီ - KIC News
http://kicnews.org
Xiaomi ရဲ့နည်းပညာ အသစ်တွေနဲ့ flagship device အသစ် Mi 4C
ကဲ ဒီနေ့ Xiaomi ကတော့ ၄င်းတို့ရဲ့ Flag ship device အသစ်ဖြစ်တဲ့
Mi 4C ကို စတင်မိတ်ဆက်လိုက်ပါတယ်
ယခင် Mi 4i နဲ့ Design ပိုင်းမှာ ဆင်တူပေမယ့် ပြောင်းလဲသွားမှုတွေ အသစ်ပါဝင်လာတဲ့
Feature တွေကတော့ Mi 4i ထက်သာမှာပါ
သိသာတဲ့ ပြောင်းလဲချက်ကတော့ Usb Type-C ဖြစ်ပြီးတော့
Quick Charge 2.0 ကို Support လုပ်ပါတယ်
ကိုင်းဘာတွေပါလဲ ဘာတွေ ကောင်းမွန်ထူးခြားလဲ ကြည့်ရအောင်ဗျာ
64bit Processor ဖြစ်တဲ့ Qualcomm ရဲ့ Snapdragon 808 SoC ကို အသုံးပြုပေးထားပြီး
Graphic အနေနဲ့ Adreno 418 GPU ကို အသုံးပြုပေးထားတာကြောင့်
ပေါ့ပါးသွက်လက်ပြီးGraphic ပိုင်းမှာ ကောင်းမွန်တဲ့ ခံစားချက်မျိုးရရှိစေမှာပါ
၅ လက်မ Display မှာ 1080P HD ရုပ်ထွက်ကိုထောက်ပံ့ပေးနိုင်တဲ့
Sharp/AUO/LG Custom Display ကိုသုံးထားပါတယ်
အဆိုပါ ဖုန်းမျက်မှာပြင်မှာ ဘေးဘောင်တွေကျဉ်းမြောင်းပြီး ယခင် ထက် ပိုမိုပါးလွှာသွားပါတယ်
ဒါ့အပြင် နေရောင်အောက်မှာလည်း အလင်းရောင် ကို ချိန်ငြိပေးနိုင်မယ့်
Sunlight Diaplay အပြင် ညမှာ စာဖတ်နိုင်မယ့်
Night Mode Reading လည်း ပါရှိတာကြောင့် စာဖတ်ချင်သူတွေအတွက် မျက်စိထိခိုက်မှူကို လျော့ချနိုင်မှာပါ
ကင်မရာပိုင်းမှာလည်း ကျောဖက်အတွက် 13MP ပါဝင်ပြီး
Sony (IMX258) နဲ့ Samsung (S5K3M2) ကို အသုံးပြုထားတာကြောင့်
ကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ မိမိဘ၀ရဲ့ အမှတ်တရအချိန်တွေကို မှတ်တမ်းတင်နိုင်ဦးမှာပါ
PDAF အလွန်လျင်မြန်လှတဲ့ Super-fast Focus ပါဝင်ပြီး 0.1s ထက်လျော့နည်းတဲ့
မြန်ဆန်လှတဲ့ Focus ကြောင့် မလိုအပ်တဲ့ အချိန်ကုန်မှူုတွေကိုလျော့ချပေးထားပါတယ်။
ရှေ့ဖက်မှာတော့ 5MP ကိုတပ်ဆင်ပေးထားပြီး wide – angle ရိုက်ကူးနိုင်ပါသေးတယ်
Battery ကိုတော့ 3080 mAh ကို အသုံးပြုပေးထားတာကြောင့် ကောင်းမွန်တယ်လို့ဆိုရမှာပါ။
ဒါ့အပြင် နည်းပညာ အသစ်ဖြစ်တဲ့ USB Type-C ကို အသုံးပြုထားတာကြောင့်
အားသွင်းခေါင်းမှားထိုးမှာကို စိတ်မပူရယုံသာမက
Quick Charging 2.0 ကြောင့် အချိန်တိုအတွင်းမှာ Battery ကို အားအမြန်ပြန်လည် ဖြည့်သွင်းနိုင်မှာဖြစ်လို့
အကောင်းဆုံး အနေအထားတစ်ရပ်မှာရှိနေပါတယ်
ဒါ့အပြင် IR blaster ပါဝင်တာကြောင့် Remote အနေနဲ့လည်းသုံးနိုင်ပါတယ် ။
ယခင် စမတ်ဖုန်းတွေမှာလည်း Remote ပါရှိပေမယ့်
ယခု Mi 4c မှာတော့ ထိန်းချူပ်နိုင်တဲ့ Devices ပေါင်း ၂၀၀၀ ကျော်ထည့်သွင်းထားပြီး
dSLR Cameras တွေတောင်ပါရှိတယ်လို့ဆိုထားပါတယ်
SIM card ၂ ကတ် ထည့်သွင်းအသုံးပြုနိုင်ပြီး ၂ကတ်လုံး 4G ကို အထောက်အပံ့ပေးထားပါတယ် ။
မြန်မာနိုင်ငံအတွက်တော့ သင့်တော်ပါတယ်
Double Tap Tp wake Screen ပါရှိလာတာဖြစ်ပေမယ့်
Edge Tap လို့ခေါ်တဲ့ Feature ကတော့ ဘယ်ဖုန်းမှာမှမပါသေးတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ပါတယ်
အဆိုပါ Edge Tap Feature ကတော့ ဖုန်းရဲ့ ဘေးဘောင်ကို တချက်ထိရုံနဲ့
Selfie Mode မှာ Auto ရိုက်ပေးမှာဖြစ်ပြီး
ဘေးဘောင်ကို ၂ ချက်ပုတ်ပေးမယ်ဆိုရင်တော့ Back Key လိုဘဲ နောက်ကို ပြန်သွားမှာ ဖြစ်ပါတယ်
စတင် ထွက်ထွက်ချင်းကတော့ MIUI 6 နဲ့ ဘဲထွက်ရှိမှာဖြစ်ပြီး
ရက်သတ္တပတ်အနည်းငယ်ကြာတာနဲ့ MIUI 7 ကို Update မြင့်နိုင်မှာပါ
Pink,White ,Gray ,Yellow , Blue အစရှိတဲ့ အရောင်တွေနဲ့ ရနိုင်ကာ
RAM 2GB Flash Memory 16 GB ဆိုရင် $204 ကျသင့်ပြီး
RAM 3GB Flash Memory 32GB ဆိုရင်တော့ $235 ကျသင့်မယ်လို့ Xiaomi ကဆိုထားပါတယ်…..
ကိုင်း…… ကိုင်ထားတဲ့ Xiaomi Device လေးတွေ ပြန်ရောင်းကြတော့မှာလား…… 
Refer – Hugo Barra
Aung Khaing (MMAS)
http://www.myanmarmobileapp.com/
Monday, September 21, 2015
YotaPhone 3 အား ZTE မှထုတ်လုပ်ပေးဖွယ်ရှိ

YotaPhone 3ဖြစ်လာဖွယ်ရှိတဲ့ မျိုးဆက်သစ်YotaPhoneကိုတရု တ်နိုင်ငံမှာထုတ်လုပ်ဖို့အတွက် ရုရှား အခြေစိုက်Yota Devicesနဲ့တရုတ်နည်းပညာကုမ္ပ ဏီZTEကြားမှာသဘောတူညီမှုရလုနီးပါးဖြစ်နေပြီလို့ သိရ ပါတယ်။
အဆိုပါသဘောတူညီချက်အရဆိုရင် ZTE ကုမ္ပဏီအနေနဲ့မျိုးဆက်သစ်Yot aဖုန်းတွေထုတ်လုပ်ပေးရုံသာ မကပဲ မိုဘိုင်းဝန်ဆောင်မှုနဲ့ဆော့ ဖ်ဝဲလ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုအတွက်ပါလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။လော လောဆယ်မှာတော့ YotaPhone နဲ့ YotaPhone 2 စင်ကာပူနိုင်ငံမှာထုတ်လုပ်ေ နပြီး ယခုနှစ်ကုန်မှာရပ်တန့်သွားဖွယ် ရှိနေတယ်လို့ GSM Arena ကဖော်ပြပါတယ်။
GSM Arena ရဲ့ဖော်ပြချက်အရ ကုမ္ပဏီနှစ်ခုကြားသဘောတူညီမှု မှာ မျိုးဆက်သစ်YotaPhone တွေကို လာမယ့်နှစ် ပထမ၃လပတ်မှာ စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး ကနဦးအသုတ်အနေနဲ့စမတ်ဖုံးအလုံးပေါင်း ၁၀၀,၀၀၀ထုတ်လုပ်သွားဖွယ်ရှိ တယ်လို့ သိရပါတယ်။
Credit to ==> TechSpace Journal
အဆိုပါသဘောတူညီချက်အရဆိုရင်
GSM Arena ရဲ့ဖော်ပြချက်အရ ကုမ္ပဏီနှစ်ခုကြားသဘောတူညီမှု
Credit to ==> TechSpace Journal
မိမိဘယ် Appပေါ်မှာ အချိန်များများပိုကုန်နေသလဲဆိုတာကို iOS9 က ပြသ
iOS 9 မှာ ဘက်ထရီဆိုတာလေးကို ဝင်ကြည့်ပါ။ အရင်ကနဲ့ မတူတော့ပဲ ထူးခြားချက်လေး တွေ့ရပါလိမ့်မယ်။ ယင်းကတော့ မိမိဟာ ၂၄ နာရီအတွင်း ဘယ် App တွေကို အသုံးအများဆုံးဖြစ်သလဲနဲ့ လွန်ခဲ့တဲ့ ၃ ရက်က ဘယ် ဟာတွေကို အသုံးအများဆုံးဖြစ်သလဲ ဆိုတဲ့ အချက်အလက်တွေကို ပြန်ထုတ်ပေး ပါတယ်။
ဒီတော့ ကျွန်တော့်ဟာ ပေါ်နေသလိုပဲ iOS 9 သုံးတဲ့ မိတ်ဆွေများမှာလည်း Facebook, Messenger, Viber များက ထိပ်မှာ ပေါ်ကောင်း ပေါ်နေပါလိမ့်မယ်။ သူ့ကို ရာခိုင်နှုန်းနဲ့ ဘက်ထရီ အသုံးပြုမှုကို တိတိကျကျ ပြသရုံမက ဘယ်နှစ်နာရီ အသုံးပြုသလဲဆိုတာကိုပါ ဖော်ပြထားပါတယ်။ ဒီတော့ မိမိ အနေနဲ့ တစ်ရက်ကို ဘယ်နှစ်နာရီလောက်အသုံးပြုသလဲဆိုတာ တိတိကျကျ ပေါ်နေပါလိမ့်မယ်။ အဲ့ဒီမှာ အချို့တွေ သိပ်နားမလည်နိုင်မယ့် On Screen နဲ့ Background ဆိုတာ ရှိပါလိမ့မယ်။ On Screen ကနေ Screen ပေါ်မှာ အသုံးပြုနေမှုကို ပြောတာပါ။ Background ဆိုတာကတော့ ဖွင့်ပြီးတော့ အခြား App ကို ပြောင်းသုံးလိုက်တဲ့အခါ သို့မဟုတ် ခဏနားလို့ home button နှိပ် လိုက်တဲ့အခါ background မှာ သူ့ဘာသူ Run နေတာကို ဆိုလိုတာပါ။ ကျွန်တော် ဆိုရင် App အတော်များများကို ဖွင့်ပြီးတော့ မပိတ်တာကြောင့် background မှာ ဘယ်လောက်ကြာကြာ run တယ်ဆိုတာ ပေါ်ပါတယ်။ background မှာ run ခြင်းကလည်း battery ကုန်ပါတယ်။ (ဒါကြောင့်မို့ မသုံးတော့ရင် အပြီးပိတ်လိုက်တာ အကောင်းဆုံးပါ)
ဒီတော့ မိမိရဲ့ ဖုန်းကိုပဲ ဖြစ်ဖြစ် မိမိရဲ့ ချစ်သူ ရည်းစား ဖုန်းကိုပဲ ဖြစ်ဖြစ်၊ မိမိသားသမီးရဲ့ ဖုန်းကိုပဲ ဖြစ်ဖြစ် စစ်တဲ့အခါ ဘယ်အပေါ်မှာ အချိန် ခပ်များများ ကုန်တယ်ဆိုတာကို လွယ်တကူ လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (MMA)
.
အောင်ခမ်း (MMA)
Malware တိုက်ခိုက်မှုကြောင့် Application အချို့ကို App Store ကနေဖယ်ရှားခဲ့တဲ့ Apple
ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံမှာ လူသုံးအများဆုံး Social Application တစ်ခုဖြစ်တဲ့ WeChat ကို တိုက်ခိုက်ဖို့ Hacker တွေက ကြိုးစားခဲ့ပါတယ်။ Hacker တွေရဲ့ အဓိက ရည်ရွယ်ချက်က WeChat အသုံးပြုသူတို့ရဲ့ Username နဲ့ Password တွေကို ရယူချင်တဲ့အတွက် Application ထဲမှာ malware များထည့်ကာ တိုက်ခိုက်ကြခြင်းဖြစ်ပါတယ်။ ဒါကို သိတဲ့ Apple ဟာ WeChat Application ကို App Store ပေါ်ကို တင်ခွင့်မပြုခဲ့ပါဘူး။ တရုတ်နိုင်ငံမှာ WeChat အသုံးပြုသူပေါင်း သန်း ၅၀၀ ကျော်ရှိတဲ့ အတွက်ကြောင့် Hacker တို့အနေနဲ့ တိုက်ခိုက်ရန် ပစ်မှတ်ထားခြင်းဖြစ်ပါတယ်။
အဆိုပါ malware တွေဟာ စက်တင်ဘာလမှာ ထုတ်ပေးခဲ့တဲ့ wechat version 6.2.5 မှာ ပါဝင်လာတာဖြစ်ပါတယ်။ ဒါကြောင့် App Store ပေါ်တင်လိုက်တဲ့အခါမှာတော့ malware များတွေ့ရှိနေတဲ့အတွက်ကြောင့် WeChat Application ကို ချက်ချင်းပဲ ဖျက်ချခဲ့ပါတယ်။ ဒါကြောင့် WeChat အနေနဲ့ 12 ရက်နေ့မှာ Version အသစ် 6.2.6 ကို ချက်ချင်းပဲ ထပ်တင်ပေးခဲ့ပါတယ်။ ဒါကြောင့် WeChat ဟာ Hacker တို့တိုက်ခိုက်နေတဲ့ malware ရန်ကနေ ကာကွယ်နိုင်ခဲ့ပါတယ်။
တကယ်တော့ ဒီဖြစ်စဉ်ဟာ iOS application တွေကို ဖန်တီးတဲ့ XCode Software ကြောင့်ဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိလာတဲ့ XCode ထဲမှာ Maleware တွေပါဝင်နေတဲ့အတွက်ကြောင့် Application ဖန်တီးတဲ့ Developer တွေအနေနဲ့ Malware code တွေကို သတိမပြုပဲ application ဖန်တီးကြလို့ဖြစ်ပါတယ်။ ဒါကြောင့် App Store ပေါ်က malware ပါဝင်နေတဲ့ application တွေကို Apple အနေနဲ့ အမြန်ဆုံး ဖယ်ရှားနေရခြင်းဖြစ်ပါတယ်။
Ref : Mashable
Aung Ko Htet (MMA)
Subscribe to:
Posts (Atom)






