iCon
[​IMG]
zawgyi သို့ မဟုတ် unicode
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Saturday, June 22, 2019
အ​ဖေ ကို မဖမ်းမိလို့ သားဖြစ်​သူ ၉ တန်း​ကျောင်းသား​လေးကို ဖမ်းဆီးထား
" အ​ဖေ ကို မဖမ်းမိလို့ သားဖြစ်​သူ ၉ တန်း​ကျောင်းသား​လေးကို ဖမ်းဆီးထား "
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာမှ ကျောက်မီးသွေးသုံး အယ်လ်ဖာဘိလပ်မြေစက်ရုံ စီမံကိန်း ဆန့်ကျင်ရေး လှုပ်ရှားမှု မှာ ပါဝင်တဲ့ ရွာသားတစ်ဦးဖြစ်တဲ့ မောင်တူးဝေယံ ၏ အဖေကို မမိတော့ သားဖြစ်သူကို ဖမ်းပြီး အကျဉ်းထောင်ထဲထည့်တယ်။
အခု ကျောင်းတက်ကာလမှာ ၉ တန်းကျောင်းတက်နေဆဲဖြစ်တဲ့ မောင်တူးဝေယံကို ပြန်လည်လွတ်ပေးဖို့ မလုပ်ဘဲ ထောင်တွင်းကနေ အခွင့်အရေးပေးသလို ထောင်တွင်းမှာပဲ ပညာသင်ခိုင်းတယ်။
မောင်တူးဝေယံကို ခြွင်းချက်မရှိ လွတ်ရန် လိုအပ်ပါတယ် ။
Photo credit
Friday, June 21, 2019
ဇွန် ၂၂ရက်မှစ၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် မီးမပျက်တော့
ဇွန် ၂၂ ရက်မှစ၍ ရန်ကုန်နှင့် မန္တလေးမြို့များတွင် မီးမပျက်တော့
ဇွန် ၂၂ ရက်(စနေနေ့)မှ စတင်၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လျှပ်စစ်မီးအလှည့်ကျပေးသည့်စနစ် ဖျက်သိမ်းပြီး အချိန်ပြည့် ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က News Watch ကို ပြောသည်။
ကျွန်တော်တို့ စနေနေ့ကစပြီးတော့ ရန်ကုန်၊ မန္တလေးကို အပြည့်ပေးပါပြီ။ အလှည့်ကျမလုပ်ဖို့ ပြောထားပြီးပါပြီ။ ဆည်တွေကတော့ အကုန်လုံးမောင်းထုတ်လိုက်ရတဲ့ဆည်တွေ ရှိတယ်လေ။ အဲဒီ ဆည်တွေကျတော့ ကျွန်တော်တို့သတ်မှတ်တဲ့ အင်ဂျင်စမောင်းလို့ရတဲ့နေရာရှိတယ်။ တချို့ဟာလေးတွေက စောင့်ရမှာမို့လို့ မနက်ဖြန် (ဇွန် ၂၂ ရက်)လောက်ထိစောင့်ပြီးတော့လုပ်မယ်။ ရတဲ့ဆည်ကိုပေါင်းပြီးတော့ ရသလောက်မောင်းတော့မယ်။ အဓိကကတော့ ရန်ကုန်နဲ့ မန္တလေးကိုပေးမှာပေါ့။ နယ်လေးတွေကတော့ နည်းနည်းတော့ကျန်ဦးမယ်။ တဖြည်းဖြည်းနဲ့အလှည့် ကျပေးတာကိုတော့ လျော့သွားအောင်လုပ် သွားပါ့မယ်ဟု ၎င်းက ပြောသည်။
နွေကာလအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ရန်အတွက် ဆည်များရှိ လက်ကျန်ရေများ လျော့နည်းခြင်း၊ မိုးဦးကာလ ရောက်ရှိသော်လည်း ဆည်ရေဝင်ရောက်မှု နည်းပါးခြင်းတို့ကြောင့် လျှပ်စစ်မီးကို အလှည့်ကျပေးသည့်စနစ် ကျင့်သုံးခဲ့ရကြောင်း သိရသည်။
၂ဝ၁၉ ခုနှစ် ဇွန်လအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများအား Base Load အဖြစ် မောင်းနှင်လျက် လျှပ်စစ်ဓာတ်အားအဓိက ထုတ်လုပ်ပေးလျက်ရှိပြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကိုမူ ဆည်ရေလက်ကျန်အခြေအနေအရ ထိန်းညှိမောင်းနှင်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၁၂ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
တနိုင်ငံလုံးအတိုင်အတာအဖြစ် ဇွန် ၁၈ ရက်က အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၂၉၆၃ ဒသမ ၁ မဂ္ဂါဝပ်ဖြစ် ကာ သုံးစွဲမှုမှာ နေပြည်တော်တွင် ၁၃၉ ဒသမ ၄ မဂ္ဂါဝပ်၊ ရန်ကုန်တွင် ၁၂၉ဝ မဂ္ဂါဝပ်၊ မန္တလေးတွင် ၅၆၁ မဂ္ဂါဝပ်၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၁၁၂၁ မဂ္ဂါဝပ်ရှိပြီး ဇွန် ၁၉ ရက်က အမြင့် ဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ၂၉၆၃ မဂ္ဂါဝပ်ဖြစ်ကာ သုံးစွဲမှုများနေပြည် တော်တွင် ၁၃၆ မဂ္ဂါဝပ်၊ ရန်ကုန်တွင် ၁၃ဝ၄ မဂ္ဂါဝပ်၊ မန္တလေးတွင် ၅၈၁ ဒသမ ၃ မဂ္ဂါဝပ်၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၁ဝ၉၈ မဂ္ဂါဝပ်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
Credit : burmese.asia
ပေါင်သန်း ၃၀ ရရှိပါက အိုဇေးလ်အား အာဆင်နယ် ရောင်းချသွားရန် အသင့်
အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ လုပ်အားနှုန်းနဲ့ ဖန်တီးမှု တဖြည်းဖြည်းလျော့ကျလာခဲ့တဲ့ အိုဇေးလ်ဟာ အသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ မပါဝင်တော့တာကြောင့် သူ့ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းရင် ရောင်းချသွားမယ်လို့ အာဆင်နယ်ဘက်က ဆိုလိုက်ပါတယ်။
နည်းပြ အမ်မရီရဲ့ နည်းစနစ်နဲ့ အံမဝင်သလို သူ့အတွက် တစ်သီးတစ်သန့် ပြောင်းလဲစဉ်းစားပေးနေရမယ့် ဗျူဟာကိုလည်း စပိန်နည်းစနစ်မှူးက အလိုမရှိတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဖြစ်နိုင်သမျှ မြန်မြန်ရောင်းထုတ်သွားဖို့လည်း ရှိနေပါတယ်။
ဒါပေမယ့် အိုဇေးလ်ရဲ့ ပေါင်သုံးသိန်းခွဲဆိုတဲ့ လစာငွေကတော့ အာဆင်နယ်အတွက် ကြီးမားတဲ့ အခက်အခဲဖြစ်နေပြီး အသင်းမှာ ဆက်ထားဖို့ရော ရောင်းထုတ်ဖို့အတွက် အတားအဆီးလို ဖြစ်နေခဲ့တာပါ။
အေးဂျင့်ဖြစ်သူ အာကွတ် ဆိုဂတ်ရဲ့ အဆိုအရတော့ အိုဇေးလ်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်နှစ်နှစ်ကျန်နေသေးတာကြောင့် ထွက်ခွာဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ သိရပြီး သူ့ရဲ့လစာငွေကို ပေးချေနိုင်ပြီး ပုံရိပ်တစ်ခုတည်းကိုသာ မျှော်လင့်မယ့် တရုတ်ဆူပါလိဂ်ကိုသာ ကစားသမားအနေနဲ့ ရွေးချယ်မယ့်တစ်လမ်းကိုပဲ စောင့်ကြည့်ရတော့မယ်လို့ ဘောလုံးအသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။
REF: RED LONDON & FOOTY EXTRAS
PHOTOS CREDIT
HTUK AWNG LYNG
ARSENAL MYANMAR.
၂၁.၆.၂၀၁၉ နေ့လည် ၂ နာရီ တောင်ဥက္ကလာ စာတိုက်လမ်းဆုံ ယဉ်တိုက်မှု Photo - (Min Myat Mg Mg)&(Okkala News)
Thursday, June 20, 2019
အိန်ဂျလီနာဂျိုလီ နဲ့ တွဲနေပြီလို့ သတင်းထွက်နေတဲ့ ဟောလိဝုဒ်လူပျိုကြီး ကီနူးရိဗ်
မင်းသားချော ကီနူးရိဗ် တစ်ယောက် စန်းပွင့်နေချိန်မှာပဲ ထူးခြားတဲ့ ကောလာဟလတစ်ခု ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ ရိဗ်ဟာ အခုချိန်မှာ လွတ်လပ်နေတဲ့ တစ်ခါက ဟောလိဝုဒ်ဘုရင်မ အိန်ဂျလီနာ ဂျိုလီနဲ့ တွဲခုတ်နေတယ် ဆိုတာပါ။
လက်ရှိဟောလိဝုဒ်မြင်ကွင်းနဲ့ ရင်းနှီးနေတဲ့သူတွေတောင် ဒီသတင်းကိုကြားရချိန်မှာ တကယ်ဖြစ်ပွားဖို့ အခွင့်အရေးက နည်းပါးလှတယ်လို့ ယုံကြည်ကြပေမယ့် ကိုယ်ရေးကိုယ်တာကို ဘယ်လိုလျှို့ဝှက်ရမလဲသိတဲ့ ဟောလိဝုဒ်စတားတွေအတွက် မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး။
ဒါကို အတည်ပြုဖို့ သူတို့နှစ်ဦး စားသောက်ဆိုင်မှာ တစ်ယောက်ကိုတစ်ယောက် ခွံ့ကျွေးနေတဲ့ဓါတ်ပုံမျိုးလည်း မလိုအပ်သေးတာ အမှန်ပါ။
ဒါပေမယ့် ပြောချင်လွန်းလို့ တို့ရဲ့ အချစ်တော်မင်းသားမင်းသမီးနှစ်ယောက်ဟာ တူညီတဲ့ အချက်တွေ တော်တော်များများရှိနေပါတယ်။
ပထမဆုံးအချက်ကတော့ သူတို့နှစ်ယောက်ဟာ နီးကပ်စွာ နေထိုင်ကြပါတယ်။ ကီနူးရိဗ်ရဲ့ မိခင်ဟာ ဂျိုလီ ရဲ့နေအိမ်နားမှာ နေထိုင်ပြီး မင်းသားဟာ သူ့မိခင်ထံကို မကြာခဏသွားရောက်လေ့ရှိပါတယ်။
ဘရက်ပစ်နဲ့ ခွာပြဲပြီးတဲ့နောက် ဂျိုလီဟာ ရိဗ်ရဲ့ မိခင် ပက်ထရစ်ရှာတေလာ နေထိုင်တဲ့ လော့စ်အိန်ဂျယ်လ်မှ ရပ်ကွက်သို့ ရွှေ့ပြောင်းခဲ့တာပါ။ ဒါကြောင့် သူတို့နှစ်ဦးဟာ မကြာခဏဆိုသလို ဆုံတွေ့ဖူးကြတယ်လို့ အတွင်းလူတစ်ချို့က ပြောပါတယ်။
နောက်တစ်ချက်က ရိဗ်ရဲ့ မိဘနှစ်ပါးဟာ သူအသက် ၃ နှစ်အရွယ်မှာ ကွာရှင်းခဲ့ကြတာပါ။ သူ့ဖခင်ဟာ မိသားစုနဲ့ခွဲပြီးနောက် ဘိန်းဖြူရောင်းဝယ်မှုနဲ့ ထောင်ကျသွားခဲ့ပါတယ်။
ဒီလိုပဲ ဂျိုလီရဲ့ မိဘနှစ်ပါးဟာလည်း သူမ ငယ်ငယ်တည်းက ကွာရှင်းခဲ့ကြတာဖြစ်ပြီး သူမရဲ့ မိခင်ကပဲ စောင့်ရှောက်မွေးမြူခဲ့တာဖြစ်လို့ ဒီတစ်ချက်ဟာ အလွန်ရှားပါးစွာတူညီနေတဲ့ ဘဝအနေအထားဖြစ်ပါတယ်။
ဒီလို မလှပတဲ့ မိသားစုဘဝကို စောစောစီးစီးရရှိခဲ့တဲ့အတွက် နှစ်ယောက်စလုံးဟာလည်း ငယ်စဉ်က အထက်တန်းကျောင်းသားဘဝမှာ ခက်ခဲတဲ့ အချိန်တစ်ခု ပိုင်ဆိုင်ခဲ့သလို ဆိုးသွမ်းတယ်လို့ ဆိုရမလောက် နေထိုင်ခဲ့ကြသူတွေလည်း ဖြစ်တယ်လို့ သိရတယ်။
ဒါပေမယ့် နှစ်ယောက်စလုံးဟာလည်း အသက် ၁၇ နှစ်အရွယ်မှာ သရုပ်ဆောင်လောကထဲ ဝင်ရောက်ခဲ့ပြီး သူတို့ဘဝရဲ့ လမ်းကြောင်းအမှန်ကို ရှာတွေ့ခဲ့တာလည်း တူပါတယ်။
ရိဗ်ဟာ မကြာခဏဆိုသလို ဗုဒ္ဓဘာသာတစ်ယောက် သို့မဟုတ် ဘာသာမဲ့တစ်ယောက်လို့ ထင်မြင်ခံရပါတယ်။ ဒါပေမယ့် သူဟာ ဘာသာတရားကိုင်းရှိုင်းပြီး ဝိဥာဏ်ကို ယုံကြည်တဲ့ သူတစ်ယောက်ပါ။ ဂျိုလီဟာလည်း သူမကိုယ်သူမ နာမ်ပိုင်းဆိုင်ရာကို ယုံကြည်တဲ့လူလို့ မကြာခဏဖွင့်ပြောခဲ့ဖူးပါတယ်။
ဒါ့အပြင် လိင်ပိုင်းဆိုင်ရာမှာလည်း လွတ်လပ်တဲ့အမြင်ရှိသူတွေဖြစ်ပြီး နှစ်ယောက်စလုံးက သူတို့ မေတ္တာထားသူတွေဟာ လိင်ပေါ်အခြေခံပြီး ခွဲခြားမှာမဟုတ်တဲ့ သဘောရှိပြီး ဂျိုလီက ဒါကို ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
တကယ်လို့သာ သူမဟာ အမျိုးသမီးတစ်ယောက်ကို ချစ်စိတ်ဝင်မိရင်လည်း သူမကို နမ်းလိုစိတ် ထိတွေ့လိုစိတ်ဖြစ်မိမှာပဲလို့ ပြောကြားခဲ့ဖူးတာပါ။
ဒါ့အပြင် နှစ်ဦးစလုံးရဲ့ ထင်ရှားတဲ့ အချက်တစ်ခုကတော့ အလှူအတန်းရက်ရောတာနဲ့ ပရဟိတ အလုပ်တွေကို စိတ်ရောကိုယ်ပါ နှစ်မြုပ်လုပ်ကိုင်တတ်တာပါ။ ဂျိုလီဟာ ၂၀၀၁ ခုနှစ်မှာ ပထမဆုံး လူသားဆန်မှု ပရဟိတလုပ်ငန်းအနေနဲ့ အာဖရိကနိုင်ငံ တန်ဇန်းနီးယားကို ခရီးထွက်ခဲ့ပါတယ်။
နောက်ဆယ်နှစ်အကြာမှာတော့ သူမဟာ ကုလရဲ့ လူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းပေါင်း လေးဆယ်ကျော်အတွက် ခရီးနှင်ခဲ့ပြီးပါပြီ။ ရိဗ် ရဲ့ သူရရှိလာတဲ့ သရုပ်ဆောင်ကြေးတွေကို ဇိမ်ခံပစ္စည်းတွေအတွက် ဘယ်တော့မှမသုံးစွဲဘဲ တိတ်တဆိတ် လှူဒါန်းလေ့ရှိတဲ့ အကျင့်ကိုတော့ အခုအခါမှာ လူတိုင်းသိနေပြီဖြစ်တာကြောင့် သူတို့ရဲ့ အခြေခံ စိတ်သဘောထားမှာ တူညီမှုတွေ အများကြီးရှိနေတာကို တွေ့ရမှာပါ။
Credit : Nanmalgyi
H1N1 တုပ်ကွေး ကင်းစင်ဖို့ ကိုယ်ခံအားစနစ် မြင့်တက်စေမည့် အစာများ
(၁) စွပ်ပြုတ်
(၂) ပုဇွန်
(၄) ပန်းဂေါ်ဖီစိမ်း
(၅) ကြက်သွန်ဖြူ
(၆) ချင်း (ဂျင်း)
(၇) ဟင်းနုနယ်ရွက်
(၈) ဒိန်ချဉ်
(၉) ဗာဒံစေ့ (Almond)
(၁၀) ဆနွင်း(နနွင်း)
(၁၁) ရေနွေးကြမ်း
(၁၂) သင်္ဘောသီး
(၁၃) ကီဝီသီး
(၁၄) နေကြာစေ့
(၁၅) ထောပတ်သီး
Credit – (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)ဒေါက်တာဒေါ်ဝင်းဝင်းမြင့် HealthyLifeJournal
Unicode
အဓိကကတော့ ကိုယ်ခံအားတက်မယ့် အစား အသောက်တွေကို စားပေးဖို့ လိုတယ်။ ဗီတာမင်စီ များတဲ့ အစာတွေနဲ့ အမိုင်နိုပပ်တိုက်ပါတဲ့ အစာတွေ က ကိုယ်ခံအားကောင်းစေပါတယ်။
(၁) စွပ်ပြုတ်
စွပ်ပြုတ်အနေနဲ့ ကြက်စွပ်ပြုတ်ကလည်း ပရိုတင်းပါလို့ ကိုယ်ခံအား တက်စေပါတယ်။ ငါးစွပ်ပြုတ်၊ ပုဇွန်စွပ်ပြုတ်၊ ပဲစွပ်ပြုတ် စတာတွေက လည်း ပရိုတင်းဓာတ်ပါ၀င်မှုများတဲ့အတွက် စားသင့်ပါတယ်။အထူးသဖြင့် စွပ်ပြုတ်ရည်ကို ဟင်းခတ်အမွှေးအ ကြိုင်ထည့်ပြီး ပူပူနွေးနွေးလေး သောက်ပေးရပါမယ်။
(၂) ပုဇွန်
ပုဇွန်စားရင် ပရိုတင်းဓာတ် ရရှိစေတဲ့အပြင် ဇင့် (သွပ်)ဓာတ်ပါ၀င် တာကြောင့် ကိုယ်ခံအားမြင့်တက် စေပါတယ်။ အခုလောလောဆယ်မှာ ပုဇွန်စွပ်ပြုတ် ပူပူလေး သောက်ပေးရင်လည်း ကောင်းပါတယ်။
(၃) ဗီတာမင်စီပါ၀င်မှုများသည့် အစာများ
လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ မာလကာသီး၊ ဆန်းကစ်သီး၊ ဂရိတ်ဖရုသီး၊ ငရုတ်ပွသီး စတာတွေမှာ ဗီတာမင်စီပါ၀င်မှုများတဲ့အတွက် စားပေးသင့်ပါတယ်။ ဘီတာကယ်ရိုတင်းလည်း ပါတဲ့အတွက် အ ရေပြားကို ကျန်းမာစေတော့ ပိုးတွေက တော်ရုံတန်ရုံနဲ့ မနေနိုင်ပါဘူး။
(၄) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းကလည်း ဗီတာမင်ကော သတ္တု ဓာတ်ပါ များများ ပါ၀င်တဲ့အတွက် စူပါအစားအစာထဲမှာ ပါ၀င်ပါတယ်။ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာ မင်စီ၊ အမျှင်ဓာတ်၊ အင်တီအောက်ဆီးဒင့် စတာတွေ ပါ၀င်တဲ့အတွက် ကိုယ်ခံအားကို တက်စေပါတယ်။
(၅) ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်ကို မြင့်တက် စေတဲ့ အစာပါ။ အယ်လီစင်ဓာတ်ပါတဲ့အတွက် ကြက်သွန်ဖြူကို အစိမ်းစားနိုင်ရင် ပိုကောင်းပါတယ်။ ကြက်သွန်ဖြူက စပ်လို့ မစားနိုင်ရင် နည်းနည်းလေး ပြုတ်လိုက်ပြီး အချိန် ၃ မိနစ်လောက် ထားလိုက်တာ နဲ့ သူ့အလိုလို ပျော့သွားပါတယ်။ အဲဒါကို စားပေးရင် လည်း ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်။
(၆) ချင်း (ဂျင်း)
ချင်း(ဂျင်း)ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပါ။ ချင်းကို သုပ်စားစား၊ ပြုတ်စားစား ကောင်းပါတယ်။
(၇) ဟင်းနုနယ်ရွက်
ဟင်းနုနယ်ရွက်ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပါ။
(၈) ဒိန်ချဉ်
ဒိန်ချဉ်ကတော့ အကျိုးပြုဘက်တီးရီးယားပါ၀င်တဲ့အတွက် ကိုယ်ခံအားမြင့်တက်စေတဲ့ အစာပါ။
(၉) ဗာဒံစေ့ (Almond)
ဗာဒံစေ့ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပဲ ဖြစ်ပါတယ်။
(၁၀) ဆနွင်း(နနွင်း)
ဆနွင်းမှုန့်ကလည်း ကိုယ်ခံအားမြင့်တက်စေတဲ့ အရာ ဖြစ်ပါတယ်။
(၁၁) ရေနွေးကြမ်း
ရေနွေးကြမ်းပူပူလေး သောက်ပေးရင် ကိုယ်ခံအားတက်စေပါတယ်။ အထူးသဖြင့် Green Tea ထဲမှာ အင်တီအောက်ဆီးဒင့်ပါတဲ့အတွက် ခန္ဓာကိုယ်ထဲ တီဆဲလ်တွေ ထုတ်ပေးပါတယ်။ အပြင်ကနေ ပိုးဝင်လာရင် တီဆဲလ်တွေက တွန်းလှန်ပေးပါတယ်။
(၁၂) သင်္ဘောသီး
သင်္ဘောသီးကလည်း ဗီတာမင်စီ၊ ပိုတက်ဆီယမ်ပါတဲ့အတွက် ကိုယ်ခံအားမြင့်တက်စေပါတယ်။
(၁၃) ကီဝီသီး
ကီဝီသီးကလည်း ကိုယ်ခံအားမြင့်တက်စေလို့ စားပေးသင့်ပါတယ်။
(၁၄) နေကြာစေ့
နေ့ကြာစေ့မှာလည်း ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီ ယမ်ပါ၀င်မှုများတဲ့အတွက် ကိုယ်ခံအားတက်စေပါတယ်။
(၁၅) ထောပတ်သီး
ထောပတ်သီးကလည်း ကိုယ်ခံအားတက်စေတဲ့ အစာဖြစ်ပါတယ်။
အရေးကြီးတာက သန့်ရှင်းရေးကောင်းဖို့ ဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအသောက် သန့်ရှင်းရေးတွေကို အလေးထားရပါမယ်။ #HealthyLifeJournal
(Healthy Life ဂျာနယ် အမှတ် (၉၂) တွင် ပါရှိသည့် အာဟာရဆောင်းပါး ကို အများပြည်သူအကျိုးရှိစေရန် ပြန်လည် ဖော်ပြလိုက်ရပါသည်။)
♦ #ယခုဆောင်းပါးကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်
သားဖြစ်သူပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံကို ယုံကြည်ခဲ့မိလို့ ဘဏ်မှတရားစွဲဆိုခြင်းခံလိုက်ရတဲ့မိဘနှစ်ဦး
အနုပညာရှင်တွေထဲကမှ သာယာပြီးအားကျဖွယ်ကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်ပိုင်ဇေရဲထွန်းတို့မိသားစုဟာ အရမ်းကိုပျော်စရာကောင်းတဲ့မိသားစုလေးပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ပိုင်ဇေရဲထွန်းတို့စုံတွဲဟာ လတ်တလောမှာတော့ ပြည်ပမှာသွားရောက်အပန်းဖြေအနားယူနေတာပဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ စိတ်မကောင်းစွာနဲ့ပဲ ပိုင်ဇေရဲထွန်းဇနီးမောင်နှံနဲ့ပတ်သက်ပြီး မိဘနှစ်ဦးရဲ့ ရင်တွင်းခံစားချက်များရေးသားထားတဲ့ စာစုလေးမှာ လူမှုစာမျက်နှာပေါ်မှ တစ်ဆင့်ပြန့်နှံ့ခဲ့တာပဲဖြစ်ပါတယ်။ဖခင်ဖြစ်သူ ဦးရဲထွန်းကိုယ်တိုင်ရေးသားထားပြီး သားဖြစ်တဲ့ ပိုင်ဇေရဲထွန်းကို Tag တွဲရေးသားခဲ့တာပဲဖြစ်ပါတယ်။အသက်အရွယ်အိုမင်းကာ စိတ်မကောင်းခြင်းများစွာဖြစ်နေတဲ့ မိဘနှစ်ပါးရဲ့ခံစားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်…
“သားပိုင်ဇေနဲ့ သမီး သဲသဲ မင်းတို့ ငွေကြေးအခက်အခဲလိုအပ်နေတဲ့အချိန် ချစ်တဲ့စိတ် ယုံကြည်တဲ့စိတ်တွေနဲ့ အိမ်ဂရန်တွေထုပ်ပေးခဲ့မိလို့ အခုကမ္ဘောဇဘဏ်က တရားစွဲတဲ့အတွက် အသက် ၇၆ နှစ် မစွမ်းမသန် အဖေအိုကြီးနဲ့ နှလုံးရောဂါ သယ် ၇၂ နှစ်ရွယ် မိခင်ကြီးတို့. ကိုယ်ဘာမှမကျုးလွန်ရဘဲ တရားရုံး သွားနေကြရပြီ. ရင်ထဲ တော်တော်စိတ်မကောင်းဖြစ်ရတယ်.လုပ်ရက်လိုက်တာကလေးရယ်. . ကာယဒုက္ခ-စိတ္တဒုက္ခ ဝဋ်ကြွေးတွေပြေ ကြေပါစေ ” လို့ဖခင်ဖြစ်သူက ရေးသားထားခဲ့တာဖြစ်ပါတယ်။အဆိုပါပို့စ်တင်ပြီးမကြာမီမှာပဲ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံဟာ သူတို့ရဲ့လူမှုအကောင့်တွေမှာ ကောမန့်ပိတ်ခဲ့တာပဲဖြစ်ပါတယ်။
Credit : myanmarfamilylife.com
HUAWEI P20 PLUSအားလေ့လာခြင်း
Huawei P20 ကတော့ Android v8.0 (Oreo) operating system နဲ့ထွက်ရှိလာတာဖြစ်ပါတယ်။OLED Screen ဖြစ်ပြီး Notch ပါပါတယ်။ Swipe Gestures များကို ထောက်ပံ့တဲ့ လက်ဗွေရာကိရိယာကို အရှေ့ဘက်မှာ မြှုပ်နှံထားပါတယ်။Octa core (2.36 GHz, Quad core, Cortex A73 + 1.84 GHz, Quad core, Cortex A53)8 GB RAM များ ပါရှိပါတယ်။ Light sensor, Proximity sensor, Accelerometer, Compass, Gyroscopeများပါရှိနေတဲ့အတွက် ဂိမ်းကစားရ၀ါသနာပါတဲ့သူတွေကတော့အကြိုက်တွေ့စေမှာဖြစ်ပါတယ်။Internal Memory 128Gbထိပါဝင်ပြီးတော့256Gbထိထပ်မံဆိုက်လို့ရပါသေးတယ်။
ဒီဇိုင်း
ပုံစံဒီဇိုင်းကတော့ လှပသေသပ်တဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။ ရှေ့မြင်ကွင်းမျက်နှာပြင် အပြည့်ပုံစံမျိုးဖြစ်ပြီး ရှေ့ဘက်မြင်ကွင်းပိုင်းမှာ ကာင်းမွန်ပါတယ်။ မြင်ကွင်းမျက်နှာပြင် အပြည့်ပုံစံမျိုးဖြစ်တဲ့အတွက် ရှေ့မျက်နှာပြင်မှာ ခလုတ်တွေတစ်ခုမှ မပါဝင်ပါဘူး။ Android Key တွေဖြစ်တဲ့ Home, Back, Recent စနစ်တွေကို Touch စနစ်နဲ့ပဲ အသုံးပြုရမှာပါ။
မြင်ကွင်း
မြင်ကွင်းအရွယ်အစားက ၆.၀ လက်မရှိတဲ့ IPS LCD ကိုအသုံးပြုထားပြီး 1440 x 2560 pixels ရှိပါတယ်။
ဘထ္ထရီ
Li-ion 4000 mAhဘထ္ထရီကိုအသုံးပြုထားတာဖြစ်တာကြောင့်မကြာခဏဖုန်းအားကုန်လို့စိတ်ညစ်ရတဲ့ပြသနာတော့ရှိမှာမဟုတ်တော့ပါဘူး။
အချက်အလက်များ
Performance Octa core
Display         6.0" (15.24 cm)
Storage         128 GB
Camera         16 MP
Battery         4000 mAh
Ram                 8 GB
အထူးပြုလုပ်ချက်
Light sensor, Proximity sensor, Accelerometer, Compass, Gyroscopeများပါရှိခြင်း
P20 ProDetail
Quick Charging         .Yes
Operating System .Android v8.0 (Oreo)
Sim Slots                 .Dual SIM, GSM+GSM
Model                 .P20 Plus
Launch Date         .June 20, 2018 (Unofficial)
Custom Ui                 .EMUI
Brand                 .Huawei
Sim Size                 .SIM1: Nano SIM2: Nano (Hybrid)
Network                 .4G: Available (supports Indian bands) 3G: Available, 2G: Available
Fingerprint Sensor .Yes
Chipset                 .HiSilicon Kirin 960
Graphics                 .Mali-G72 MP18
Processor                 .Octa core (2.36 GHz, Quad core, Cortex A73 + 1.84 GHz, Quad core,                          Cortex A53)
Architecture         .64 bit
Ram                         .8 GB
Display Type         .IPS LCD
Pixel Density         .490 ppi
Screen Protection       .Corning Gorilla Glass
Screen Size         .6.0 inches (15.24 cm)
Screen Resolution       .1440 x 2560 pixels
Touch Screen         .Yes Capacitive Touchscreen, Multi-touch
Internal Memory         .128 GB
Expandable Memory .Yes Up to 256 GB
Settings                 .Exposure compensation, ISO control
Camera Features .Digital Zoom, Auto Flash, Face detection, Touch to focus
Image Resolution .4616 x 3464 Pixels
Autofocus                 .Yes Phase Detection autofocus
Shooting Modes         .Continuos Shooting, High Dynamic Range mode (HDR)
Resolution                 .8 MP Front Camera
Flash                         .Yes LED Flash
User Replaceable .No
Quick Charging         .Yes
Type                         .Li-ion
Capacity                 .4000 mAh
Wifi                         .Yes Wi-Fi 802.11, b/g/n
Wifi Features         .Mobile Hotspot
Bluetooth                 .Yes v4.2
Volte                         .Yes
Usb Connectivity         .Mass storage device, USB charging, microUSB 2.0
Network Support        .4G (supports Indian bands), 3G, 2G
Gps                         .Yes with A-GPS, Glonass
Sim 1                 .4G Bands:TD-LTE 2300(band 40) FD-LTE 1800(band 3)3G Bands:                                      UMTS 1900 / 2100 / 850 / 900 MHz2G Bands: GSM 1800 / 1900 /                                      850 / 900 MHz GPRS:Available EDGE:Available
Sim Size                 .SIM1: Nano, SIM2: Nano (Hybrid)
Sim 2                 .4G Bands: TD-LTE 2300(band 40) FD-LTE 1800(band 3)3G Bands:                                     UMTS 1900 / 2100 / 850 / 900 MHz 2G Bands: GSM 1800 / 1900 /                                     850 / 900 MHz GPRS:Available EDGE:Available
Credit : maungpauk
အဆင်ပြေပါစေ..
Friday, March 17, 2017
၂၀၁၇ မှာ ထွက်လာမဲ့ IPHONE တို့ရဲ့ အကြောင်း
လက်ရှိအချိန်အထိ ဘာကောလဟာလ သတင်းမှ ထွက်မလာပဲ ငြိမ်ချက်သားကောင်းနေတဲ့ iPhone ဟာ ၂၀၁၇ နှစ်စမှာပဲ ကောလဟာလ သတင်းတစ်ပုဒ်နဲ့ စတင်ခဲ့ပါတယ်။ iPhone အသုံးပြုသူ အားလုံးက iPhone 7 နဲ့ 7 Plus ထွက်ပြီးတဲ့နောက်ပိုင်းမှာ အားရ ကျေနပ်မှု ရှိတာကြောင့်လား၊ နောက်ထပ် iPhone အသစ်တစ်မျိုးကို မမျှော်လင့်ချင်တော့တဲ့အတွက်လားတော့ မသိဘူး။ ဘာသတင်းမှလည်း မေးတာ မကြားရတော့ပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ Apple ရဲ့ ငြိမ်သက်နေတဲ့ ရေအိုင်လေးကို iPhone ရဲ့ ကောလဟာလသတင်းနဲ့ စတင် ဂယက် ထစေခဲ့ပါတယ်။
ထူးထူးခြားခြားပဲ ဒီနှစ်ဟာ Apple ရဲ့ iPhone ထုတ်လုပ်မှု ၁၀ နှစ်မြောက်နှစ်လည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အသုံးပြုသူတို့အနေနဲ့ အများကြီး မျှော်လင့်ထားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါတွေကိုသိနေတဲ့ ပညာရှင်တွေက Apple ဟာ ၂၀၁၇ မှာထုတ်လုပ်မဲ့ iPhone ကို iPhone X ဆိုပြီး အမည်ပေးလောက်တယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။ တကယ်လည်း ဒီသတင်းဟာ Apple ရဲ့ တာဝန်ရှိသူတစ်ယောက် ဆီကနေ ထွက်ရှိလာတဲ့ ကောလဟာလ သတင်းတစ်ပုဒ်နဲ့ ထပ်တူကျနေပါတယ်။
ဒီနှစ်မှာ ထုတ်လုပ်မဲ့ iPhone အသစ်မှာ မျက်နှာကို အသိမှတ်ပြုနိုင်တဲ့ Sensor နဲ့ Gesture တွေကိုမှတ်သားနိုင်တဲ့ Feature တွေပါဝင်လာမှာဖြစ်ပါတယ်။ ဒီတော့ ပုံမှန် လက်ဗွေရာ စနစ်နဲ့ Lock Screen ကို ဖွင့်ရခြင်းထက် မျက်နှာကို အတွင်းဘက် ကင်မရာနဲ့ Scan ဖတ်ပြီး Lock Screen ဖွင့်ရမဲ့ စနစ်အသစ်ပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ကြိုးမဲ့ စနစ်နဲ့ အားသွင်းခြင်းကိုလည်း အထောက်အပံ့ပေးလာမှာဖြစ်တဲ့အတွက် Feature အသစ်တွေကတော့ အများကြီးပါဝင်လာမှာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒီနှစ်မှာ ထွက်ရှိလာမဲ့ iPhone ဟာ အမျိုးအစားသုံးမျိုးနဲ့ ထွက်ရှိလာမယ်လို့လည်း လူပြောများနေပါတယ်။ သာမန်ထုတ်နေကျ iPhone 7s နဲ့ 7s Plus အပြင် iPhone X ဆိုပြီး သုံးမျိုးထွက်လာလိမ့်မယ်ထင်ပါတယ်။ ထုံးစံအတိုင်း iPhone 7s ရဲ့ မျက်နှာပြင်အကျယ်က 4.7 လက်မ၊ iPhone 7s ရဲ့ မျက်နှာပြင်အကျယ်က 5.5 လက်မနဲ့ နောက်အသစ်ထွက်လာမဲ့ iPhone X ရဲ့ မျက်နှာပြင်အကျယ်ကတော့ 5.8 လက်မ တို့ပဲဖြစ်ပါတယ်။
Apple ဟာ ပုံမှန်အတိုင်း ထုတ်နေတဲ့ iPhone 7s နဲ့ 7s Plus ကိုတော့ Feature အသစ်အချို့သာ ထည့်သွင်းမှာဖြစ်ပေမဲ့ အသစ်ထုတ်လုပ်မဲ့ iPhone X ကိုတော့ OLED Screen အမျိုးအစားနဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။ iPhone X ဟာ လုံးဝန်းတဲ့ ဒီဇိုင်း ပုံသဏ္ဍန်နဲ့ ထွက်ရှိလာမယ်လို့လည်း ထင်ကြေးပေးခန့်မှန်းခြင်း ခံထားရပါတယ်။ ကျွန်တော်တို့ အသုံးပြုသူတွေကတော့ စက်တင်ဘာလကျမှပဲ Apple လုပ်ပြမဲ့ မျက်လှည့်ကို ကြည့်ရှုခံစားရင်း ရင်ခုန်ကျရုံသာရှိပါတော့တယ်။
အခြားအကြောင်းအရာများဖတ်ရှုရန် >>>https://goo.gl/FcYLEn
Ref: Business Insider
Tuesday, June 21, 2016
WWDC ပွဲမှာ ကြော်ငြာခဲ့တဲ့ Apple အသစ်အသစ်သော လုပ်ဆောင်ချက်များ
ဇွန်လ ၁၃ ရက်နေ့မှာ ကျင်းပပြုလုပ်သွားတဲ့ WWDC ပွဲမှာ Apple အနေနဲ့ သူတို့ရဲ့ Software အသစ်တွေ၊ Feature အသစ်တွေကို Developer တွေအတွက်နဲ့ Apple အသုံးပြုသူတို့အတွက် ထုတ်ပြန်ကြေငြာမိတ်ဆက်ပေးသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ Apple အနေနဲ့ ကဏ္ဍပေါင်းစုံမှာ ပါဝင်မဲ့ Feature အသစ်များကို ဖော်ပြမိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ အချက်တွေကတော့ Mac, iPhone, Watch နဲ့ TV အစရှိတဲ့ Devices များမှာ အသုံးပြုနိုင်မဲ့ Siri နဲ့ imessage တို့လို့ ဝန်ဆောင်မှုတွေကို Developer တွေဆီသို့ မိတ်ဆက်ပြသပေးခဲ့ပါတယ်။ အထူးသဖြင့်တော့ OS ဗားရှင်းအသစ်များကို မိတ်ဆက်ပေးခဲ့ပြီး Developer များ Application ဖန်တီးရန်အတွက် Beta ဗားရှင်းကိုလည်း ထုတ်လုပ်ပေးခဲ့ပါတယ်။
အခမ်းအနား အဖွင့်အနေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ အကြောင်းအရာကတော့ Siri ပဲဖြစ်ပါတယ်။ Apple အနေနဲ့ Siri ကို iPhone မှာသာ အသုံးပြုခွင့်ပေးထားသော်လည်း လက်ရှိအချိန်မှာတော့ Desktop မှာပါ အသုံးပြုခွင့်ရရှိတော့မှာဖြစ်ပြီး Apple Pay ကိုလည်း Safari ပေါ်မှာ အလွယ်တကူ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အပြောင်းအလဲတွေ များစွာပြုလုပ်ထားတဲ့ Apple ဟာ iOS ရဲ့ Lock Screen နဲ့ Notification ဒီဇိုင်းကိုအသစ်ပြန်လည် ဖန်တီးထားပါတယ်။ နောက်ထပ်ပြောင်းလဲမှုတွေအနေနဲ့ကတော့ Siri ကို အမိန့်ပေးရတာ ပိုမိုမြန်ဆန်လာပြီး Apple Watch, Apple News, Music, Maps နဲ့ အခြား ဝန်ဆောင်မှုများကလည်း ဒီဇိုင်း အသစ်တွေပြောင်းလဲလာခဲ့ပါတယ်။
Apple ဟာ Mac OS အတွက် ဗားရှင်းအသစ်ကို Sierra လို့ အမည်ပေးထားပါတယ်။ Beta ဗားရှင်းကို ဇူလိုင်လလောက်မှာ ထုတ်ပေးမှာဖြစ်ပြီး MacOS အနေနဲ့ အခြား iDevices များနဲ့လည်းတွဲဖက်ပြီး ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခြား Apple Device များရဲ့ ဒေတာတွေကို iCould ပေါ်တင်ပြီး Mac Desktop ပေါ်ကို ပြန်လည် ကူးယူကာ အသုံးပြုနိုင်ပါတယ်။ အခြား Update ဖြစ်တဲ့ အချက်တွေကတော့ iCloud ရဲ့ သိုလှောင်သိမ်းဆည်းမှု ပမာဏကို တိုးမြှင့်ထားခြင်း၊ Apple Watch ကို အသုံးပြုကာ Mac ကို Unlock ပြုလုပ်ခြင်းတွေဖြစ်ပါတယ်။
Siri ဟာ Mac OS ဗားရှင်းအသစ်ဖြစ်တဲ့ Sierra ပေါ်မှာ ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်။ Mac မှာ အသုံးပြုနေတဲ့ Spotlight ကိုလည်း Siri နဲ့ ခိုင်းစေနိုင်သလို၊ အခြား File တွေကိုရှာဖွေခြင်း၊ Website တွေရှာဖွေခြင်း၊ Message တွေပေးပို့ခြင်း နဲ့ အခြား Siri function တွေကိုလည်း ကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Ref: TheVerge