iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Showing posts with label Phone. Show all posts
Showing posts with label Phone. Show all posts

Friday, September 4, 2015

IMEI for MTK Devices

Huawei ဖုန်း တွေမှာ MTK သုံးထားတဲ့ Device တွေမှာ

Firmware အတက်အဆင်းလုပ်လို့ဘဲဖြစ်ဖြစ်
တခြားအရာတွေကို ကလိမိလို့ဘဲဖြစ်ဖြစ်
IMEI ပျောက်သွားတာတွေဖြစ်လာရင်
ပြန်ရေးလို့လွယ်ကူအောင်  ကျွန်တော််ကိုယ်တိုင် BackUp ထုတ်ထားတဲ့
IMEI လေးတွေကို ပြန်တင်ပေးလိုက်ပါတယ်။


IMEI တွေ ပြန်ရေးနိုင်မယ့်စာရင်းကတော့

Huawei Y330-U11
HUAWEI Y618-T00
HUAWEI Y511-U00
HUAWEI Y325-T00
HUAWEI Y320-U01
HUAWEI H30-U10
HUAWEI G730-U00
HUAWEI G610-U00
HUAWEI G610-U00+
HUAWEI G520-T10
HUAWEI T8951
Hello V1
Coolpad 7295C
Coolpad 7232

တွေဘဲဖြစ်ပါတယ်။



IMEI ပြန်ရေးဖို့အတွက် နည်းလမ်းအသေးစိတ်ကိုတော့ အောက်မှာကြည့်ပါ
















အဲဒီအဆင့်တွေ အကုန်လုံးအောင်မြင်စွာပြီးဆုံးသွားရင်တော့
သင်တို့ရဲ့ ဖုန်းမှာ IMEI လေးပြန်ပေါ်လာတာကို တွေ့ရမှာပါ


MtkDroidTools v2.5.3


Huawei Y330-U11

HUAWEI Y618-T00

HUAWEI Y511-U00

HUAWEI Y325-T00

HUAWEI Y320-U01

HUAWEI H30-U10

HUAWEI G730-U00

HUAWEI G610-U00

HUAWEI G610-U00+

HUAWEI G520-T10

HUAWEI T8951

Hello V1

Coolpad 7295C

Coolpad 7232

Blog မှ Post များကို ကူးယူဖော်ပြပါက Credit ပေးပါရန်  ရွှေဆည်သား

Huawei 12 model network unlock tool များ

 


သုံးနည်းက လွယ်ပါတယ်
ဖုန်းမှာ Root ရှိရပါမည်
ပြီးရင် .bat နဲ ဆုံးတာကို run ပေးလိုက်ပါ

 
 
 
 
 
 
 
 
 
 
 
 
 
 
 

Thiha Htike(THT)

Saturday, June 27, 2015

မည်သည့်ဖုန်းများကို မဆို ရေဆိုခံစနစ် တာချီလိပ်မြို့ရှိ App Studio တွင်ပြုလုပ်နိုင်ပါပြီ

တာချီလိတ်တွင် iPhone, iPad များ ၀ယ်ယူလိုသော်လည်း ဈေးနှုန်းအဆင်မပြေဖြစ်ခြင်း၊ ၀န်ဆောင်မှု အပိုငွေတောင်းခြင်း စသဖြင့် ဖုန်းဆိုင်ရွေးချယ်ရန်အတွက် ဇဝေဇ၀ါ ဖြစ်နေသူများအဖို့ ယုံကြည်စိတ်ချရပြီး ဈေးနှုန်း အသင့်တင်ြ့ဖင့် ရောင်းချပေးလျှက်ရှိသည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီး၏ ဘေးတွင် ဖွင့်လှစ်ထားရှိသည့်  AppStudio Sale & Service ( iPhone နှင့် ဖုန်းအပိုပစ္စည်း၊ ဖုန်းပြုပြင်ရေးဆိုင်)အား တာချီလိတ်သတင်းအေဂျင်စီမှ အွန်လိုင်းကြော်ငြာ ၀န်ဆောင်မှုအဖြစ် မိတ်ဆက်ပေးလိုပါသည်။


AppStudio Sale & Service ( iPhone နှင့် ဖုန်းအပိုပစ္စည်း၊ ဖုန်းပြုပြင်ရေးဆိုင်)သည် Apple ကုမ္ပဏီ၏ iPhone, iPad များ၊ Apple ထုတ်ကုန်များနှင့် သက်ဆိုင်သည့် ဆက်စပ်ပစ္စည်းများကိုသာ အဓိကထား ရောင်းချပေးနေသည့်အပြင် Apple ထုတ်ကုန်ပစ္စည်းများကို ပြုပြင်ပေးခြင်းနှင့် မည်သည့် ဖုန်းအမျိုးအစားကို မဆို ရေစိုမှုဒဏ်ခံနိုင်စေရန်အတွက် Nanosist ဖြင့်ဓါတ်ပေါင်းခံခြင်းကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်ပေးနေသည့် ဆိုင်တစ်ဆိုင်ဖြစ်ကြောင်း သိရသည်။

( ဖုန်းရေစိုခံနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု ရုပ်သံ )


AppStudio  iPhone နှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်တွင်  နာနိုဆစ်(Nanosist)နည်းပညာကို အသုံးပြုပြီး iPhone, iPad နှင့် အခြားဖုန်း အမျိုးမျိုးကိုလည်း ရေစိုခံနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာဖြင့် ဆောင်ရွက်ပေးနေလျက်ရှိရာ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ဖုန်းများကို ထိခိုက်မှု မရှိစေကြောင်း သိရသည်။


"ရေစိုမခံနိုင်တဲ့ ဖုန်းတွေအနေနဲ့ ရေထဲ ပြုတ်ကျသည်ဖြစ်စေ၊ မိုးရေတွေ ၀င်လို့ဖြစ်စေ ခဏလေးနဲ့ CPU က လောင်သွားနိုင်ပါတယ်၊ အဲ့ဒီအတွက် ဒီနာနိုဆစ်စက်နဲ့ ပေါင်းခံပြီး သုံးမယ်ဆိုရင် ရေ၀င်ရောက်မှုကို ဟန့်တားနိုင်တဲ့အပြင် နောက်ဆုံးအနေနဲ့ စက်ချို့ယွင်းမှု နည်းသွားမယ်၊ အကြီးစား ပြုပြင်မှုတွေနဲ့ ကင်းဝေးသွားနိုင်ပြီး ဖုန်းထဲက အချက်အလက်တွေ ပျက်စီးမှုကို ကာကွယ်ပေးစေပါတယ်.."ဟု AppStudio မန်နေဂျာ ကိုစိုင်းထွန်းပွင့်က ရှင်းပြသည်။

( ဓါတ်ပေါင်းခံနေပုံ )

၎င်းမှ "အခုလို နာနိုဆစ်စက်နဲ့ ဖုန်းကို ဓါတ်ပေါင်းခံတဲ့အခါမှာ ဖုန်းကို တစ်စစီဖြုတ်ပြီး လုပ်စရာမလိုတဲ့အတွက် ဖုန်းရဲ့ အာမခံကိုလည်း ထိခိုက်ခြင်း မရှိပါဘူး၊ ဖုန်းထဲက SIM ကတ်ထုတ်ပြီး လုပ်ရုံပဲမို့ ဖုန်းရဲ့ အတွင်းပိုင်း၊ အပြင်ပိုင်းအားလုံးကို ထိခိုက်မှု မရှိစေကြောင်း အာမခံပါတယ်၊ ဓါတ်ပေါင်းခံချိန်ကတော့ မိနစ်(၃၀)လောက်ပဲ ကြာပါတယ်..."ဟု ဆက်လက်ရှင်းပြသည်။


"ဒီလို ဆောင်ရွက်ဖို့အတွက် ဘတ်(၁၂၀၀)သာ ကျသင့်ပါတယ်၊ လျော့ပေးတဲ့ ကာလမှာတော့ ဘတ်(၉၀၀)နဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်၊ ဒီလို ဓါတ်ပေါင်းပြီးနောက် ဖုန်းပြုတ်ကျလို့ မှန်ကွဲသွားရင်တော့ ထပ်ပြီးတော့ ဓါတ်ပေါင်းခံရင် ပိုစိတ်ချရပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဒီလို ဓါတ်ပေါင်းပေးတဲ့အခါမှာ iPhone တစ်မျိုးတည်းကို မဟုတ်ပဲ၊  Samsung ဖုန်းတွေ နဲ့ အခြား ဈေးကြီးတဲ့ ဖုန်းတွေကိုလည်း ဓါတ်ပေါင်းချင်တယ်ဆိုရင် ဆောင်ရွက်ပေးပါတယ်"ဟု ထပ်မံရှင်းပြသည်။


AppStudio အနေဖြင့် ၀န်ဆောင်မှုပေးသည့် ကဏ္ဍနှင့် ပတ်သက်၍ "AppStudio အနေနဲ့ Apple Product များကိုသာ ရောင်းချပေးပါတယ်၊ ဒီလိုရောင်းချပေးရာမှာလည်း ထိုင်းဘက်က ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး Apple Warranty အတိုင်းအာမခံအပြည့်အ၀ပေးပါတယ်၊ iPhone ဖြစ်ဖြစ် iPad ဖြစ်ဖြစ် တစ်လုံးဝယ်တာနဲ့ Apple အကောင့်မရှိဘူးဆိုရင်လည်း အခမဲ့ ဖွင့်ပေးသလို၊ လိုအပ်တဲ့ App တွေကိုလည်း အခမဲ့ ထည့်သွင်းပေးပါတယ်၊ IOS နဲ့ ပတ်သက်တဲ့ စက်ပစ္စည်းတွေအားလုံးကို ပြုပြင်ပေးပါတယ်၊ ဥပမာ Lock ကျတာပဲဖြစ်ဖြစ်၊ Unlock ဖြည်ချင်တာပဲဖြစ်ဖြစ်၊ မှန်ကွဲ၊ မှန်လဲ အကုန်လုံးကို ၀န်ဆောင်မှုပေးပါတယ်.."ဟု ကိုစိုင်းထွန်းပွင့်မှ ပြောပြသည်။


AppStudio တွင် iPhone, iPad, iPod,iMac,iWatch စသည့် Apple Product များ၊  ထို Product များနှင့် သက်ဆိုင်သည့် အပိုပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်း အပြင် Apple Gift Card များကိုလည်း ၀ယ်ယူရရှိနိုင်ကြောင်း သိရသည်။


"ကျွန်တော်တို့ဆိုင်မှာ iPhone, iPad လော့အမျိုးမျိုး ကျတာတွေ၊ farmware ကျသွားတာတွေ၊ Unlock ဖြည်ချင်တာတွေကို ဈေးနှုန်း ချိုသာစွာနဲ့ ၀န်ဆောင်မှုပေးပါတယ်.."ဟု AppStudio ၏ အရောင်းတာဝန်ခံမှ ပြောပြသည်။


AppStudio တွင် ဖုန်းဝယ်ယူလိုသည်ဖြစ်စေ၊ ရေစိုခံ ဓါတ်ပေါင်းလို၍ဖြစ်စေ၊ ဖုန်းပြုပြင်လို၍ ဖြစ်စေ အောက်ပါ ဆက်သွယ်ရန် လိပ်စာမှတဆင့် သွားရောက်နိုင်မှာဖြစ်ပါသည်။
  AppStudio Sale & Service
အမှတ်(၄/၁၃)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့။
ထိုင်းဖုန်း။  ။ 091-8598599၊ 088-2686863
မြန်မာဖုန်း။  ။ 09-450061464

⊰❂ #TachileikNewsAgency #TachileikOnlineNewswww.tachileik.net  ❂⊱ 
1/7/2015 -  1/7/2016
Share this article :