iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Showing posts with label It နည်းပညာများ. Show all posts
Showing posts with label It နည်းပညာများ. Show all posts

Thursday, September 22, 2016

CLONE ဖုန်းအချို့မှာဖြစ်တက်တဲ့ * တို့ # တို့ကို နှိပ်ရင်မပေါ်တဲ့ ပြသနာ



Clone ဖုန်းတော်တော်များများမှာ * တို့ # တို့ကိုနှိပ်လိုက်ရင်ပေါ်မလာတဲ့
error လေးတွေဖြစ်တက်ပါတယ်။ ဒီလိုဖြစ်ရင်တော့ ဖုန်းလက်ကျန်ငွေစစ်တာတို့ /
ငွေဖြည့်တာတို့ကို လုပ်ဆောင်တဲ့နေရာမှာ အခက်တွေ့စေပါတယ်။ ဒါကြောင့် ဒီလိုဖြစ်လာခဲ့ရင်
ဖြေရှင်းနိုင်မဲ့ အကောင်းဆုံးနည်းလမ်းလေးတစ်ခုကို တင်ပေးလိုက်ပါတယ်။

ဒီလိုဖြစ်တာဟာ ဖုန်းအတွင်းထည့်ထားတဲ့ Phone icon apk ကကိုအဆင်မပြေတာကြောင့်ဖြစ်ပါတယ်။
ကျတော်တို့ကဘယ်လိုပြန်လုပ်ပေးရမလဲဆို အဲဒီကောင်နေရာမှာအခြား Phone apk တစ်ခုခုကို
ထည့်သွင်းအသုံးပြုပေးရမှာပါ။ နောက်တစ်ခုထည့်သုံးရမှာဆိုပေမဲ့ အရင်ဟာကိုလည်ဒမဖျက်လိုက်ပါနဲ့
အခြား Phone apk တစ်ခုခုကို Download ရယူပြီး install အခွယ်တကူပြုလုပ်ကာ သုံးလိုက်ရုံပါပဲ။
ကျတော်ကတော့ အဲလိုအလုံးတွေနဲ့ကြုံရင် Rocket Dail ဆိုတဲ့ apk လေးကိုသုံးပါတယ်။


Dual sim ဆိုရင်လည်း Dual sim အနေနဲ့အသုံးပြုနိုင်အောင် support ပေးတဲ့အပြင်
Samsung ဖုန်းတွေမှာပါတဲ့ Phone apk ရဲ့လုပ်ဆောင်ချက်ကိုပါ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့်
Clone ဖုန်းများမှာ ကျတော်အပေါ်မှာပြောခဲ့သလို error တက်ခဲ့ပါက Phone apk တစ်ခုခုကို install
ပြုလုပ်ပြီးအသုံးပြုနိုင်ကြောင်းကို အသိတစ်ခုဖြစ်စေရန် တင်ပြပေးလိုက်ပါတယ်။

Rocket Dail apk လိုအပ်ပါက >>> ရယူရန် <<<

CREDIT MMAS

Friday, July 10, 2015

အနာဂတ် နည်းပညာ Leap Motion Controller


leap-motion-3d-motion-gesture-controller-10-large

Leap Motion Company ကနေ ထုတ်လုပ်တဲ့ Leap Motion Sensorကြောင်း မိတ်ဆက်ပေးလိုပါတယ်။ ဒီ ၃ လက်မလောက်ပဲ အရွယ်ရှိတဲ့ Sensor က Apple’s Mac OS X, Window OS များနဲ့တွဲဖက်သုံးစွဲနိုင်ပါတယ်၊ အခုက Touch နည်းပညာခေတ်မှာပဲ ရှိပါသေးတယ်၊ Touch နည်းပညာ ကတော့ 2D လို့ပြောနိုင်ပါတယ်၊ Leapmotion Sensorကတော့ 3D လို့ပြောနိုင်ပါတယ်၊ အနီအောက်ရောင်ခြည် (Infra Red) ကို အသုံးပြုပြီး လက် (၁၀)ချောင်းလုံးရဲ့ လှုပ်ရှားမှုကို ထောက်လှမ်းပြီး Computer ကို ခိုင်းစေတာပါ၊ Touch စကားနဲ့ပြောရရင် Multi Touchပါ၊ Gesture အနေနဲ့ပြောရရင် Muligesture ပါ။ Multi-Touch မှာ လက်(၅)ချောင်းပဲ အသုံးပြုလို့ရပေမဲ့ အခု Leapmotion sensor မှာတော့ လက်(၁၀)ချောင်းလုံးကို အသုံးပြုခိုင်းစေနိုင်ပါတယ်၊


အခု ဒီ Post ကို ရေးသားနေချိန်မှာပဲ Linux OS နဲ့ပါ တွဲဖက်အသုံးပြုနိုင်နေပါပြီ။ Leapmotion နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ software များလဲ များစွာထွက်ရှိလာပါတယ်။Leapmotion နဲ့ တွက်ဖက်သုံးစွဲတဲ့ Software များကို Mac App Store, Window App Store မှာပါ တင်မထားဘဲနဲ့ ကိုယ်ပိုင် software store ပေါ်မှာတင်ထားတာပါ။ email account တစ်ခုရှိရင် account အလွယ်တကူ ဖွင့်နိုင်ပြီး account တစ်ခုကို computer (၅)လုံး ထိသုံးနိုင်ပါတယ်၊ free app များရှိသလို paid app များကိုတော့ Paypal bank account မှတဆင့်ဝယ်ယူနိုင်ပါတယ်။ 


Leap Motion Sensor ကိုဘယ်နေရာမှာ အသုံးပြုမှာလဲ?
လက်ရှိ Development အနေနဲ့ နေရာများစွာမှာ သုံးနိုင်နေပါပြီ၊ Drone လေယာဉ်ကို လက်လှုပ်ရှားမှုနဲ့ ထိန်းချုပ်မောင်းနှင်ပြထားသလို၊ Apple Magic trackpad အစားသုံးနိုင်ပါတယ်၊ piano, DJ, Percussion တီးတာမျိုးကို Leap Motion ပေါ်မှာ တီးနိုင်ပါတယ်၊ Google earth လို application မျိုးကို driver software ထည့်ပြီးတာနဲ့ ထိန်းချုပ်နိုင်ပါတယ်၊ အပြင်မှာ တကယ်ရှိတဲ့ ကမ္ဘာလုံးကို ကိုင်တွယ်ရသလိုမျိုး Google Earth ထဲက ကမ္ဘာလုံးကို ကိုင်တွယ်နိုင်စေမှာပါ။ Computer ထဲက virtual icon များကို ပြင်ပက တကယ်ပစ္စည်းများကို ကိုင်တွယ်သလို ကိုင်တွယ်နိုင်စေပါတယ်၊ ကော်ဖီခွက်ကို ဆုပ်ကိုင်တဲ့ ခိုင်းစေမှုမျိုး(Grasping) မျိုးက touch နည်းပညာမှာ ဘယ်လိုမှ မရနိုင်တဲ့ ခိုင်းစေမှုမျိုးပါ။ အခုတင်ပေးထားပုံတွေ၊ Video link များကို ကြည့်လိုက်ရင်ပိုမို ရှင်းလင်းသွားမှာပါ။ ကျွှန်တော်ကတော့ New MacBook မှာ တွဲပြီးသုံးပြထားပါတယ်။
Leap Motion မိတ်ဆက် Videoပါ
https://www.youtube.com/watch?v=_d6KuiuteIA
Call of Duty game ကို Leap Motion နဲ့ ကစားပြထားတာပါ။
https://www.youtube.com/watch?v=u4wDJZJHhR4
Leap Motion ကို အသုံးပြုပြီး DJ တီးပြတာပါ
https://www.youtube.com/watch?v=JwnVz2LRPs0
Leap Motion ကို အသုံးပြုပြီး Live Music ဖန်တီးပြထားတာပါ
https://www.youtube.com/watch?v=N8uFiJZpkgY
Leap Motion အလုပ်လုပ်ပုံ
Leap Motion မှ infra red လွှင့်ထုတ်ပေးတဲ့ port သုံးခုပါဝင်ပါတယ်၊ အဲ့ဒီ port ၃ ခုကနေ sensor ရဲ့ ရေပြင်ညီ ၃၆၀ံ ပတ်ပတ်လည်နဲ့ အပေါ်ထိ infrared လှိုင်းတွေ လွှင့်ထားတဲ့ မမြင်ရတဲ့ Box area တစ်ခု ဖန်တီးလိုက်ပါတယ်။ အဲ့ဒီ Area ထဲကိုဝင်သွားတဲ့ လက် ၁၀ ချောင်းလုံးကို ထောက်လှမ်းသိရှိပါတယ်၊ လူနှစ်ယောက်ရှိလို့ လက် အချောင်း(၂၀)ရှိလဲ computer screen မှာ အချောင်း (၂၀) လုံးပေါ်ပါတယ် (ကျွှန်တော်စမ်းသပ်ပြီး)၊Infrared area ထဲမှာ ရှိတဲ့ လက်ချောင်းများရဲ့ X-axis, Y-axis, Z-axis ရဲ့ ၁၅၀ံထိ ထောက်လှမ်းသိရှိနိုင်လို ပြင်ပမှာ တကယ်လက်လှုပ်ရှားတဲ့ အတိုင်း 3D view ထောက်လှမ်း သိရှိနိုင်ပါတယ်၊ လက်လှုပ်ရှားမှုကို ဖမ်းယူတဲ့ မြန်နှုန်းအနေနဲ့ Camera လိုပြောရရင် 200 frame/sec ကျော်ရှိလို့ လက်လှုပ်ရှားမှုကို မြန်ဆန်စွာခိုင်းစေနိုင်ပါတယ်။sensor ရဲ တိကျမှု အနေဖြင့် ၁ မီလီမီတာရဲ့ ၁၀၀ ပုံ ၁ ပုံထိရှိတာကြောင့် လက်ရှိရှိခဲ့ သမျှ motion sensor တွေထဲမှာ အကောင်းဆုံးပါပဲ။ လက်လှုပ်ရှားမှုဖြင့် စာရေးသားခြင်းမျိုးထိ ဆောင်ရွက်နိုင်ပါတယ်.
နိဂုံး
အချုပ်အနေဖြင့် Leap motion sensor သည် computer ကို ကွဲပြားခြားနားသော နည်းပညာဖြင့် ခိုင်းစေသော device ဖြစ်ပါတယ်၊ လက်ရှိသုံးနေသော Mouse, Keyboard များကို ဖယ်ရှားအစားထိုးဖို့ မဟုတ်ဘဲ တွဲဖက်သုံးစွဲနိုင် သလို သူတို့အစား အသုံးပြုနိုင်လောက်တဲ့ Application များထွက်ပေါ်နေပါပြီ၊ Motion Sensor တွေထဲမှာ အကောင်းဆုံး ပစ္စည်းတစ်ခုဖြစ်ပြီး Microsoft Kinect လို Game စက်မှာလို Camera အခြေပြု motion detector မဟုတ်တာကြောင့် အလင်းရောင် မရှိတဲ့ အမှောင်ထဲမှာလဲ ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်၊ အားနည်းချက်အနေဖြင့် တွဲဖက်သုံးစွဲတဲ့ application နည်းသေးတာနဲ့ site ထဲက application ၀ယ်ယူရာမှာ internetနှေးပါက ၀ယ်ယူရန်ခက်ခဲခြင်းဖြစ်ပါတယ်။ Application နည်းတယ်ဆိုရာမှာလဲ ကျွှန်တော်ဝယ်ယူစမ်းသပ်ခါစက ဆယ်ဂဏန်းလောက်ပဲရှိသေးပေမဲ့ အခုဆိုရင် ရာဂဏန်းလောက်ထိရှိလာပါပြီ။ Software ရေးချင်တဲ့သူများအတွက် Software Development SDK ကိုလည်း အခမဲ့ download ရယူစမ်းသပ်ရေးဆွဲနိုင်ပါပြီ။ Leap Motion Sensor က အနာဂတ်ကို ကြိုပြေးထားတဲ့ နည်းပညာမြှင့် ပစ္စည်းတစ်ခုလို ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်၊ Think Different ကွဲပြားခြားနားစွာတွေးခေါ်ရင်းအသုံးပြုကြည့် ရအောင်လို့ ဖိတ်ခေါ်အပ်ပါတယ်။
                                           Credit : Dr.Zaw Zaw

Thursday, July 9, 2015

အနာဂတ် SAMSUNG GALAXY ဖုန်းများ၏ အချက်အလက်များ ပေါက်ကြားထွက်ပေါ်လာ


Samsung သည် အရွယ်ကြီးမားသော display များနှင့် အစိတ်အပိုင်းသစ်များ ပါဝင်သော အသစ်ဖြန့်ချိမည့် စမတ်ဖုန်းများအတွက် အဆင်သင့် ဖြစ်နေကြောင်း သိရသည်။ 
Galaxy Note 5 နှင့် Galaxy S6 Edge Plus တို့ကို စက်တင်ဘာလတွင် ဘာလင်မြို့၌ ကျင်းပမည့် IFA 2015 ကွန်ဖရင့်စ်၌ တွေ့မြင်ရဖွယ်ရှိကြောင်း၊ Galaxy Note 5 တွင် ၅.၇ လက်မ screen ပါဝင်ပြီး stylus ကဲ့သို့သော digital pen ဖြင့် သုံးနိုင်ရန်အတွက် Samsung ၏ S Pen နည်းပညာ ပါဝင်ကြောင်း၊ Galaxy S6 Edge Plus တွင်လည်း ၅.၇ လက်မ screen ကို အသုံးပြုထားကြောင်း Sammobile မှ ဖော်ပြခဲ့သည်။ လက်ရှိ Galaxy S6 မော်ဒယ်များတွင် ၅.၁ လက်မ screen များကို အသုံးပြုထားသည်။
 
ထို့အပြင် ကောလာဟလ သတင်းများကလည်း Galaxy Note 5 နှင့် Galaxy S6 Edge Plus က Samsung ၏ စမတ်ဖုန်းလုပ်ငန်းကို မြှင့်တင်ပေးနိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ ကုမ္ပဏီသည် ဧပြီလက Samsung Galaxy S6 နှင့် S6 Edge စမတ်ဖုန်းတို့ကို မိတ်ဆက်ပေးခဲ့သည်။ ထို့နောက်တွင် အဆိုပါ ထုတ်ကုန်များအတွက် ဝယ်လိုအား မြင့်တက်လာခဲ့ကြောင်း Samsung မှ ပြောကြားခဲ့သည်။ သို့သော်လည်း ကုမ္ပဏီ၏ ဒုတိယသုံးလပတ် အမြတ်ငွေသည် ၇ ကြိမ်ဆက် ကျဆင်းဖွယ်ရှိကြောင်း Samsung မှ ကြေညာခဲ့သည်။
 
Sammobile ၏ ဖော်ပြချက်အရ Galaxy Note 5 တွင် ၅.၇ လက်မ screen အပြင် Exynos 7422 ဟုခေါ်ဆိုသော Samsung ပရိုဆက်ဆာသစ်ကို အသုံးပြုထားကြောင်း သိရသည်။ Exynos 7422 တွင် CPU နှင့် GPU ပေါင်းစပ်ထားပြီး onboard memory, storage, cellular connectivity နှင့် wireless network တို့ကို ချစ်ပ်တစ်ခုတည်းတွင် ထည့်သွင်းထားကြောင်း ဆိုသည်။
 
Galaxy S6 Edge Plus ကိုမူ ယခင်ဒီဇိုင်းအတိုင်း တွေ့မြင်ရဖွယ်ရှိပြီး ၎င်းတွင် Qualcomm Snapdragon 808 ပရိုဆက်ဆာကို အသုံးပြုဖွယ်ရှိကြောင်း Sammobile မှ ဖော်ပြခဲ့သည်။ ထို့အပြင် ၎င်းတွင် 32GB internal storage နှင့် 16-megapixel rear-facing ကင်ရာတို့ကို တွေ့မြင်ရမည်ဖြစ်ပြီး Google ၏ Android 5.1.1 (Lollipop) operating system ကို အသုံးပြုဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
 
Ref: CNET

Credit to ==> Internet Journal

Wednesday, July 8, 2015

Samsung ၏အပါးလွှာဆုံးစမတ်ဖုန်း Galaxy A8


ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ် သူ ကိုရီးယား နိုင်ငံအခြေစိုက် Samsung ကုမ္ပဏီ ကြီးမှ တရုတ် နိုင်ငံ မှာစတင်ရောင်းချမယ့် Galaxy A8 ဟာ 5.9 mm ပါးလွှာတာကြောင့် Samsung ကုမ္ပဏီ ထုတ်ဖုန်းတွေထဲမှအပါးဆုံးဖြစ်လာသည်။


မျက်နှာပြင်အကျယ် 5.7 inches ဖြစ်ပြီး Super AMOLED display ကိုသုံးထားပြီး Full HD 1080×1920 ရှိတာကြောင့် အရောင်အသွေးစိုပြည်တဲ့မျက်နှာပြင်မျိုးဖြစ်ပါတယ်။ Corning Gorilla Glass 4 နဲ့ဖုံးအုပ် ထားပြန်တာကြောင့် မာကျော ပြီးအကြမ်းခံမှာမလွဲပါဘူး။Body ကိုလည်း Metal type ဖြစ်တာမို့ ကျစ်လစ်ပြီး ပါးလွှာပေါ့ပါးတာကြောင့် 151 g ပဲရှိပါတယ်။Qualcomm Snapdragon 615 Octa-core ကိုသုံးထားပြီး RAM 2 GB ဖြင့် မောင်းနှင်ထားသည်။ Internal Memory 16GB ပါဝင်ပြီး MicroSD 128 GB ထပ်မံ ထည့်သွင်းအသုံးပြုနိုင်ပါသည်။


ကင်မရာကို Main အနေဖြင့် ပါးလှပ် ပြီးအရည်အသွေးကောင်းမွန်သော ISOCELL 16MP သုံးထားပြီး မျက်နှာပြင်ကင်မရာကို 5MP ဖြင့်တပ်ဆင်ထားသည်။Home Button Fingerprint Scanner ဖြစ်သောကြောင့် Galaxy S6 နှင့် S6 edge တို့ကဲ့သို့ ဖန်တီး ထားသည်ကိုတွေ့ရသည်။ ဘက်ထရီ ကို 3050 mAh တပ်ဆင်ထားပြီး ဈေးနူန်း မှာ US $500 ဝန်းကျင်ဖြစ်မည်ဖြစ်ပြီး ယခုလ အကုန်ပိုင်းတွင် တရုတ်နိုင်ငံတွင်စတင်ရောင်းချဖွယ်ရှိကြောင်း Phone Arena တွင်ဖော်ပြထားသည်။



Credit to ==> Phone News Up To Date

ဖုန်းအားသွင်းရင် ပြောရင် ဘာဖြစ်သလဲ

phone charging
ဖုန်းအားသွင်းရင်း ဖုန်းပြောရင် ပေါက်ကွဲပါတယ် ဆိုတဲ့ သတင်းများ ထွက်ပါတယ်။ ယင်းသတင်းများဟာ မှားယွင်းပါတယ်။ လေယာဉ်ပေါ်မှာ ပေါက်ကွဲတာတွေရော၊ အိမ်မှာပေါက်ကွဲတာတွေရော၊ အသားတွေကွာကျနေတာတွေကော အားလုံးက hoax တွေ မမှန်ကန် သတင်းတွေသာ ဖြစ်ပါတယ်။
အကယ်၍ ဖုန်းထုတ်တဲ့ ကုမ္ဗဏီက ထုတ်တဲ့ အော်ရီဂျင်နယ် အားသွင်းကြိုး၊ အားသွင်း အဒတ်တာ တုံး ကို အသုံးပြုမယ်ဆိုရင် ဘာမှ မဖြစ်ပါဘူး။ အကယ်၍ တရုတ်ပြည်က ဝင်တဲ့ Thrid Party ကြိုးများဆိုရင်တော့ ဗို့အား အချိန်အဆ မမှန်မှုကြောင့်သော် လည်းကောင်း၊ ကြိုးမှ ပေါက်ပြဲနေမှုကြောင့်သော် လည်းကောင်း ဓာတ်လိုက်တတ်ပါတယ်။ ဗြိတိန်မှာကော၊ တရုတ်ပြည်မှာကော အော်ရီဂျင်နယ်ကြိုး (မူရင်းကြိုး) မဟုတ်ပဲ အခြား Brand တစ်ခုကနေ အပိုပစ္စည်း ဝယ်သုံးခြင်းကြောင့် ဖြစ်တဲ့ ဓာတ်လိုက်မှုတော့ ၂ ခုမက ရှိပါတယ်။ Apple နဲ့လည်း ဖြစ်သလို အခြား Brand နဲ့လည်း ဖြစ်ပါတယ်။
အားသွင်းနေတုန်း ဖုန်းပြောဒါကို ရှောင်နိုင်ရင်တော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ မိမိ အသုံးပြုတဲ့ ကြိုးက ပေါက်ပြဲနေမယ်ဆိုရင်တော့ ဓာတ်လိုက်နိုင်ချေ ရှိပါတယ်။ အကယ်၍ အရေးတကြီးဖုန်းဖြေစရာရှိလို့ ဖုန်းကိုင်လိုက်ရရင်တော့ ခြေထောက်မှာ ဖိနပ်စီးထားရင် စီးထား မဟုတ်ရင် သံမန်တလင်း မဟုတ်တဲ့ အခြား ဖျာ၊ ကော်ဇော ခင်းထားတာမျိုးတွေဆိုရင် အန္တရာယ် ကင်ါးပတယ်။
ကျွန်တော်ဆိုရင် အရေးကြီး ဖုန်းခပ်မြန်မြန်ပြောစရာလည်းရှိတယ်။ အားလည်း သွင်းစရာရှိတယ်ဆိုရင် ဖုန်းဝင်လာရင် တစ်ခါတစ်လေ ကြိုးမဖြုတ်ပဲ ဖြေပါတယ်။ အဲ့လိုလုပ်ပါလို့လဲ မဆိုလိုပါ။ အဓိကကတော့ ကြိုးဟာ မူရင်းကြိုးလည်းဖြစ်၊ အပေါက်အပြဲလည်း မရှိ၊ ဖိနပ်လည်း စီးထားတယ် ဆိုရင် အန္တရယ် ကင်းပါတယ်။
အကယ်၍ မူရင်းကြိုးမဟုတ်၊ Brand အစစ်က ကြိုးမဟုတ်ပဲ တရုတ်ပြည်ကနေ လာတဲ့ ဈေးပေါ ကြိုးတစ်ခုခု သို့မဟုတ် အခြားသော ကြိုးများဆိုရင်တော့ အာမ မခံပါ ဓာတ်လိုက်တတ်ပါတယ်။ အခန့်မသင့်ရင် အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်။ ပေါက်ကွဲတာတို့ အရေခွံကြီး ကွာကျ၊ မျက်နှာတို့ ပေါက်ကွဲတာတို့ကတော့ မဖြစ်ပါ။
.
အောင်ခမ်း (MMAS)

RAM 4GB(LPDDR4) ပါဝင်မည့် OnePlus2 ဖုန်းကို ဇူလိုင် ၂၇ ရက်နေ့တွင်မိတ်ဆက်မည်

4GB_Forum
တန်ဖိုးသင့်ပြီး Hardware/Software အချက်အလက်တွေမြင့်မားတဲ့ OnePlus One ဖုန်းကတော့ ကမ္ဘာ့ဖုန်းဈေးကွက်မှာလူကြိုက်များတဲ့ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ ယခု OnePlus 2 ကိုထပ်မံမိတ်ဆက်တော့မှာဖြစ်ပါတယ်။ OnePlus 2 ဖုန်းကတော့တော်တော်လေးလန်းတယ်လို့ဆိုရမှာပါ။ RAM အနေနဲ့ 4GB (LPDDR4) သုံးထားပါတယ်။ ဖုန်းရဲ့CPU ကိုတော့ the “improved” Qualcomm Snapdragon 810 processor ကိုသုံးထားပါတယ်။ “improved” ဆိုတာကိုထည့်ပြောရခြင်းအကြောင်းကတော့ ယခင်ထွက်ရှိထားတဲ့ Snapdragon 810 processor တွေဟာ အပူလွန်ကဲတဲ့ပြသာနာရှိပါတယ်။ ယခု OnePlus2 မှာသုံးထားတဲ့ Qualcomm Snapdragon 810 processor ကတော့ ယင်းပြသာနာအားလုံးကိုဖြေရှင်းပြီးပိုကောင်းအောင်အဆင့်မြှင့်တင်ထားတာပါ။
OnePlus 2 မှာတော့ ယခင်ဖုန်းတွေမှာသုံးထားတဲ့ USB Port မဟုတ်တော့ဘဲ USB Type-C Port ကိုအသုံးပြုထားတယ်လို့သိရပါတယ်။ လက်ရှိမှာ USB Type-C ကိုအသုံးပြုထားတာဟာ Apple ရဲ့ New Macbook သာရှိသေးပြီး ယခု OnePlus 2 ဟာဆိုရင်တော့ USB Type-C Port ကိုအသုံးပြုထားတဲ့ ဒုတိယမြောက် Device ၊ မိုဘိုင်းဖုန်းတွေထဲမှာဆိုရင်တော့ USB Type-C Port ကိုအသုံးပြုထားတဲ့ ပထမဆုံးဖုန်းဖြစ်လာမှာပါ။ ဒါ့အပြင် FingerPrint Sensor လည်းထည့်သွင်းထားတယ်လို့သိရပါတယ်။
OnePlus One ဖုန်းမှာတုန်းက ပလတ်စတစ်ကိုယ်ထည်ကိုအသုံးပြုခဲ့ပေမယ့် OnePlus 2 ဖုန်းကိုတော့ Metal ဘေးဘောင်နဲ့ထွက်ရှိလာမယ်လို့သိရပါတယ်။ OnePlus ဖုန်းတွေကိုထုတ်လုပ်သူ Pete Lau ကတော့ OnePlus 2 ဖုန်းတွေဟာဈေးကြီးမှာမဟုတ်ဘဲ ဒေါ်လာ ၄၅၀ အောက်ဝန်းကျင်ဖြင့် ၀ယ်ယူနိုင်မယ်လို့ကတိပေးကြောင်းဆိုထားပါတယ်။

ဘာပဲဖြစ်ဖြစ် Hardware/Software Specification မြင့်မားပြီးတန်ဖိုးအလယ်အလတ်လောက်နဲ့ထွက်ရှိလာမယ့် OnePlus 2 ဖုန်းဟာ ပြိုင်ဘက် Android ဖုန်းတွေကိုတုန်လှုပ်စေမယ့် ဖုန်းတစ်လုံးအဖြစ်ရောက်ရှိလာတော့မှာကတော့ သေချာနေပါပြီ။ OnePlus 2 နဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကို အသစ်ရရှိတိုင်းထပ်မံတင်ဆက်ပေးသွားပါဦးမယ်။

Credit :Thet Naing Soe (Myanmar Mobile App Store)

Facebook ပေါ်မှာ ဗီဒီယို floating ဖြစ်နေအောင် ပြုလုပ်

facebook floating
Facebook မှာ ဗီဒီယိုကြည့်နေရင်းနဲ့ Scroll down ဆွဲလို့ရမယ့် Feature ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ယင်းကတော့ ဗီဒီယိုကို floating ဖြစ်စေအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။
ဗီဒီယို ကြည့်ရှုသူများအနေနဲ့ News Feed တွေကိုပါ တစ်ပြိုင်နက်တည်း ကြည့်နိုင်ပြီး ဗီဒီယို window လေးကို ဘေး ဘယ်ညာ ကြိုက်တဲ့ နေရာမှာ ရွှေ့ထား နိုင်ပြီး Play/Pause၊ အသံတိုး/ချဲ့ အစှိသဖြင့်တို့ကို လည်း ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ Video ကြည့်နေရင်းနဲ့ News Feed ကို လက်မလွတ်စေဖို့ ဖြစ်ပါတယ်။ ယင်း Feature ကို အရင်ဆုံး Desktop ပေါ်မှာ ရရှိမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းပေါ်မှာ ဘယ်တော့ ရမလဲတော့ မသိပါဘူး။
နောက်ဆိုရင် ဗီဒီယိုတွေရဲ့ ကြားထဲမှာ ကြော်ငြာတွေထည့်တာမျိုးအထိ ဖြစ်လာအောင် ပြုလုပ်မှာ ဖြစ်ပြီး ယခုနှစ်အတွင်း အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ Facebook ရဲ့ ဝင်ငွေတိုးစေရန်ပဲ ဖြစ်ပါတယ်။ Facebook အနေနဲ့ YouTube ကို ပြိုင်ဆိုင်နိုင်တဲ့ ဗီဒီယို ပလက်ဖောင်းတစ်ခု ဖြစ်လာအောင် ယမန်နှစ်က စလို့ အာရုံထား ကြိုးစားဖန်တီးလာခြင်း ဖြစ်ပါတယ်။
.
Credit :အောင်ခမ်း (MMAS)

Tuesday, July 7, 2015

လူငယ်များအတွက် စွန့်ဦးတီထွင်သူ Jack Ma အမှာစကား


“ခင်ဗျား အခု အသက် ၂၅ နှစ်ရှိပြီ ဟုတ်လား…။ မစိုးရိမ်နဲ့။ အဲ့ဒါ အကောင်းဆုံးအချိန်ပဲ။ ကျွန်တော့ရဲ့ လျှောက်လမ်းမှု နည်းလမ်းလေးနဲ့ အကြံပေးချင်တယ်။
အသက် ၂၀ မပြည့်ခင်အထိ အချိန်ကာလက သင်ကြားမှု အချိန်ကာလ ဖြစ်ပါတယ်။ ကိုယ်ဟာ စွန့်ဦးတီထွင်သူ တစ်ယောက်ဖြစ်တယ်။ ကိုယ်ဟာ စွန့်ဦးတီထွင်သူ တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် အသက် ၂၀ အောက်မှာ ဒါကို သေချာ လေ့လာ ဆည်းပူးထားရန်လိုအပ်ပါတယ်။
အသက် ၂၀ နဲ့ ၃၀ ကြား ရောက်ပြီဆိုပါစို့။ ယင်းအချိန်ဟာ အလုပ်တစ်ခုကို ရွေးချယ်ပြီးတော့ လုပ်ကိုင်ရမယ့် အချိန်အခါ ဖြစ်ပါတယ်။ ကုမ္ဗဏီကြီးမှာ လုပ်တယ်ဆိုရင် သူတို့ရဲ့ လုပ်ဆောင်ချက် အဆင့်ဆင့်ကို လေ့လာခွင့်ရမယ်။ ကိုယ်ဟာ စက်ကြီးတစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်လာမယ်။ အကယ်၍ company သေးသေးလေး မှာ စလုပ်ဖြစ်တယ်ဆိုပါစို့။ သူတို့ရဲ့ အောင်မြင်လိုစိတ်တွေ၊ ဝါသနာ ပါမှုတွေကို လေ့လာခွင့်ရမယ်။ ဒီတော့ ဘယ်ကုမ္ဗဏီရွေးလုပ်လုပ် အဓိကကတော့ ကိုယ် ဘယ် boss နောက်ကို လိုက်တယ်ဆိုတဲ့အချက်ပဲ။ သူဟာ ကိုယ့်ကို လုပ်ငန်းခွင်မှာ အများကြီးသင်ပေးသွားမယ့်သူ။ ကုမ္ဗဏီကြီးတယ်၊ သေးတယ်ဆိုတာထက် ဘယ် လုပ်ငန်းရှင်ကောင်းနောက်ကို လိုက်တယ်ဆိုတာ အင်မတန် အရေးကြီးပါတယ်။
အသက် ၃၀ နဲ့ ၄၀ ကြား ရောက်ပြီ ဆိုပါစို့။ ကိုယ့်ကိုယ်ကို လုပ်ငန်းတစ်ခုစဖို့ စဉ်းစားတော့။ စဉ်းစားတဲ့အခါ ကိုယ်ဘယ်နေရာမှာ ထူးချွန်ကျွမ်းကျင်လဲဆိုတာကို လေ့လာ။ အဲ့အချိန်ရောက်မှာ ကိုယ်မကျွမ်းတဲ့ နယ်ပယ်ထဲ ဝင်ဖို့ မစဉ်းစားနဲ့တော့။ အောင်မြင်ကောင်းအောင်မြင်လိမ့်မယ်။ ဒါပေမယ့် ကျရှုံးနိုင်ချေ အရမ်းများပါတယ်။ ဒီတော့ ကိုယ်လုပ်နိုင်တာနဲ့ လုပ်ချင်တာကို သေချာ ရွေးချယ်ပါ။
အသက် ၄၀ ကနေ ၅၀ ကြား ရောက်ပြဆိုပါစို့။ အဲ့အရွယ်ကျရင် ကိုယ်လုပ်နေတဲ့ဟာကိုပဲ ဘယ်လို အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်မလဲဆိုတာ သေချာ စဉ်းစားပါ။ လုပ်ပါ။ ဘယ်လို ဆက်ပြီးတော့ အောင်မြင်အောင်၊ အကောင်းဆုံး ဖြစ်အောင် ဘာလုပ်ရမလဲ ဆိုတာပေါ့။
အသက် ၅၀ နဲ့ ၆၀ ကြား ရောက်ပြီ ဆိုရင် မျိုးဆက်သစ် လူငယ်တွေအပေါ်မှာ စတင် ရင်းနှီးမြှုပ်နှံတော့။ ဘာလို့လဲဆို သူတို့ဟာ ခင်ဗျားတို့ထက် ပိုပြီးတော့ လုပ်နိုင်တယ်။ ခင်ဗျားတို့၊ ကျွန်တော်တို့ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ အဲ့အချိန်ကျရင်လုပ်မယ့်အစား ရင်းနှီးမြှုပ်နှံဖို့ပဲ စဉ်းစားပါ။
အသက် ၆၀ ကျော်လာပြီ ဆိုပါစို့။ အဲ့အချိန်ကျရင် ဘာမှ မလုပ်နဲ့တော့။ ကမ်းခြေမှာပဲ ဖြစ်ဖြစ် နေရောင်နဲ့ လိုင်းရိုက်ခတ်မှုကိုခံစားတော့။ အဲ့အရွယ်ဟာ ကိုယ့်ဘဝရဲ့ ပြုပြီး ဖြစ်ခဲ့ပြီးတို့ကို ပြန်လည် ခံစား အေးဆေး နေရတော့မယ် အချိန် ဖြစ်ပါတယ်။
ဒီတော့ အခု အသက် ၂၅ နှစ်အရွယ်မှာ ဘာမှ ဖြစ်မလာသေးပါလားဆိုပြီးတော့ မစိုးရိမ်နဲ့။ အမှားတွေ လုပ်ဖြစ်မယ်။ အမှားတွေပါမယ်။ အမှားလုပ်ဖြစ်တာဟာ ကိုယ့်ဘဝအတွက် ကြီးမားတဲ့ အမြတ်တွေပါပဲ။ သူတို့ဆီကနေ အတွေ့အကြုံတွေ၊ အသိတွေ ပြန်ရတာကိုး။ ဒီတော့ လှဲကျတိုင်း ပြန်ထဖို့ ကြိုးစားပါ။ အရှုံးမပေးပါနဲ့”
အောင်ခမ်း (MMAS)

NetGuide Vol 3, Issue 92.pdf




Mobile Guide Issue Vol-3 ၊ Issue-010 (6.7.15)


Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ်ကို ဖတ်ချင်သူများအတွက် မူရင်းဆိုဒ်ကနေပြီးဒေါင်းလုပ်လင့်ကို တင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol(3), Issue (010) ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ ဂျာနယ်ကို 6-July ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကို ၀ယ်ဖတ်ရန်အတွက် အဆင်မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြ ပါစေဗျာ။



Digital Life Journal Issue Vol-4 ၊ Issue 10 (6.7.15)




‘iPhone 6s’ schematics diagram အရ iPhone 6s တွင် Home Button ဆက်လက်ပါရှိဦးမည်


အသစ်ထွက်လာမယ့် iPhone မျိုးဆက်များမှာ Home Button ပါဝင်တော့မှာမဟုတ်ဘူးဆိုတဲ့သတင်းများထွက်ရှိနေပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ iPhone 6s လို့အများကခန့်မှန်းထားကြတဲ့ iPhone အသစ် မှာတော့ ဖြစ်လာဦးမှာမဟုတ်ပါဘူး။ အခုထပ်မံပေါက်ကြားထွက်ရှိလာတဲ့ iPhone schematics diagram အရ iPhone 6s ဟာ ယခင် iPhone 6 ရဲ့ ဒီဇိုင်းအတိုင်းပင်ဖြစ်ပြီး ဖုန်းရဲ့အထူအပါး ၊ Home Button ပါဝင်မှုတွေကအစ iPhone 6 မှာကဲ့သို့ပင်ဖြစ်ကြောင်းသိရပါတယ်။ Camera နေရာ ၊ Dual-tone flashes ပုံစံနဲ့နေရာ ၊ Lightning Port ၊ Headphone port စတာတွေရဲ့နေရာအထားအသိုတွေကတော့ iPhone 6 မှာတုန်းကလိုပါပဲပြောင်းလဲမှုမရှိပါဘူး။  အပြင်ပိုင်း ဒီဇိုင်းအနေအထားပြောင်းလဲမှုမရှိသော်လည်း အတွင်းပိုင်း Hardware ပစ္စည်းအချို့ကတော့ပြောင်းလဲမှုရှိမှာဖြစ်ပါတယ်။ iPhone 6s နဲ့ 6s Plus မှာ RAM 2GB ပါဝင်မှာဖြစ်ပြီး Force Touch Technology ကိုထည့်သွင်းလာမယ်လို့သိရပါတယ်။ Camera ကတော့ 12 Megapixel ထည့်သွင်းထားပြီး LTE Speed 300 Mbps အထိပေးစွမ်းနိုင်တဲ့ Qualcomm ရဲ့ MDM9635M chip ကိုတပ်ဆင်ထားဖွယ်ရှိကြောင်းကိုလည်းသိရပါတယ်။

Ref:  Engadget Japan

iPhone 6S နှင့် 6S Plus တို့ကိုစတင်ထုတ်လုပ်ရန် လုပ်သားလေးသောင်းကျော်ကိုစတင်ခေါ်ယူ


တရုတ်နိုင်ငံအရှေ့ပိုင်းမှ Electronic ပစ္စည်းများတပ်ဆင်ထုတ်လုပ်ပေးသည့် လုပ်ငန်းစုကြီးတစ်ခုဖြစ်သော Pegatron သည် iPhone 6s နှင့် iPhone 6s Plus တပ်ဆင်ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်အတွက် လုပ်သား လေးသောင်းကျော်ကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်းသိရသည်။ Focus Taiwan သတင်းဌာန၏အဆိုအရ iPhone 6s တပ်ဆင်ထုတ်လုပ်မှုတွင် Pegatron သည် Apple အတွက် အဓိက တပ်ဆင်ထုတ်လုပ်ပေးမည့်လုပ်ငန်းစုဖြစ်ကြောင်းနှင့် ထုတ်လုပ်ရောင်းချသွားမည့် iPhone 6S အလုံးရေစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းခန့်ကို Pegatron မှအဓိကတာဝန်ယူတပ်ဆင်ထုတ်လုပ်ပေးသွားမည်ဟုသိရသည်။
DigiTimes သတင်းဌာန၏အဆိုအရမူ Pegatron သည် iPhone 6s တပ်ဆင်ထုတ်လုပ်မှုအတွက် လုပ်သားအများအပြားခေါ်ယူနေမှုအစီအစဉ်သည် အောက်တိုဘာလအထိရှိနိုင်သေးသော်လည်း iPhone 6s အလုံးရေ စတင်တပ်ဆင်ထုတ်လုပ်မှုကိုမူ စက်တင်ဘာလတွင်ပြုလုပ်မည့် iPhone 6s,6s Plus မိတ်ဆက်ပြသပွဲမတိုင်မှီတွင် စတင်သွားမည်ဖြစ်ကြောင်းသိရသည်။ Apple ၏ iPhone မျိုးဆက်အသစ်ကို တပ်ဆင်ထုတ်လုပ်ပေးမည့် မိတ်ဖက် Company များအနေဖြင့် iPhone 6s တွင်ပါဝင်လာမည်ဟုခန့်မှန်းထားကြသည့် အစိတ်အပိုင်းပစ္စည်းများဖြစ်သည့် Force Touch, much-improved cameras, Apple’s next-generation A9 processor နှင့် faster LTE connectivity တို့ကို တပ်ဆင်ရေးစက်ရုံများဆီသို့စတင် တင်သွင်းနေပြီဖြစ်ကြောင်းကိုလည်းသိရသည်။ Apple ရဲ့ Product များကိုထုတ်လုပ်ရာတွင် နှစ်ရှည်လက်တွဲလာခဲ့သော Foxconn Company သည်လည်း iPhone 6s ထုတ်လုပ်ရေးကဣတွင် ဆက်လက်ပါဝင်နေဦးမည်ဖြစ်ကြောင်းလည်း သိရသည်။


လုံခြုံရေးအဆင့်မြင့်ပြီး စတိုင်ကျတဲ့ Turing Phone



Turing Phone လို့ အမည်ရတဲ့ ဖုန်းကို Turing Robotic Industris လို့အမည်ရတဲ့ ဆက်သွယ်ရေးနဲ့ ကွန်ရက်လုံခြုံမှုဆိုင်ရာ ကုမ္ဗဏီက စတင်ထုတ်လုပ်လိုက်ပါပြီ။ အနာဂတ်ဖုန်း တစ်လုံးလေအလား ထင်ရလောက်အောင် ဒီဇိုင်းက အင်မတန်ထူးခြားနေပါတယ်။ လုံခြုံရေး ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲ ထုတ်တဲ့ ကုမ္ဗဏီ ဖြစ်တာကြောင့် စမတ်ဖုန်းဟာလည်း ကြားဖြတ်ခိုးနားထောင်လို့မရတဲ့ လုံခြုံရေး အဆင့်မြင့် စမတ်ဖုန်း ဖြစ်ပါတယ်။ သတင်းကောင်းကတော့ ယင်း စမတ်ဖုန်းများဟာ အမေရိကန်ဒေါ်လာ ၈၇၀ အောက်မှာသာ ကုန်ကျမယ့် စမတ်ဖုန်း ဖြစ်တာကြောင့် ဖြစ်ပါတယ်။ Turing Robotic Industris လို့ အမည်ရတဲ့ ကုမ္ဗဏီဟာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့နဲ့ တရုတ်ပြည် Shenzhen တို့မှာအခြေဆိုက် ပါတယ်။ company ရဲ့ စီအီးအို Chao ဟာလည်း တရုတ်လူမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ဗဏီရဲ့ အဓိက လည်ပတ်မှုက အမေရိကန်မှာ ဖြစ်ပါတယ်။ ကမ္ဘာမှာ မိုဘိုင်းနဲ့ ဒီဂျစ်တယ် ဆိုင်ရာ ပစ္စည်းများအတွက် တရုတ်ပြည်က အများဆုံး ထွက်တာကတော့ ငြင်းမရ ပါဘူး။
တိုက်တေနီယမ် ထက် ပိုကောင်းတဲ့ သတ္တု
Liquidmorphium liquid metal လို့ခေါ်တဲ့ အရောင်ပိုတောက်ပြီး စမတ်ကျတဲ့ သတ္တုဟာ နောက်ထပ်ထူးခြားချက်အနေနဲ့ တိုက်တေနီယမ်နဲ့ စတီးများထပ် ပိုပြီးတော့ သန်မာ ပါတယ်။ သူဟာ ဈေးကြီး သတ္တုတစ်မျိုး ဖြစ်ပြီး Turing ဖုန်းမှာ အသုံးပြုပေးထားပါတယ်။
စွမ်းဆောင်ရည်မြင့် hardware များ
၅.၅ လက်မ အရွယ်ရှိတဲ့ မျက်နှာပြင်ဟာ 1920×1080 resolution ပေးပြီး Full HD အမျိုးအစား ဖြစ်ပါတယ်။ အနောက်ကင်မရာ 13 Megapixel ရှိပြီး အရှေ့ ကင်မရာ ကတော့ 8 megapixel ရှိပါတယ်။ ဘက်ထရီဟာလည်း 300 mAh ရှိတာကြောင့် ဘက်ထရီအားကြီးတဲ့ စမတ်ဖုန်းတစ်မျိုးလည်း ဖြစ်ပါတယ်။ RAM က 3GB ပါဝင်ပါတယ်။ processor ကတော့ Qualcomm Snapdragon 801 ဖြစ်ပြီး 2.5GHz quad-core Krait graphich ကဒ်ကို သုံးပါတယ်။ Storage အနေနဲ့ 16GB, 32GB နဲ့ 64 GB ဆိုပြီးတော့ ထုတ်လုပ်ပါတယ်။
ရေမြှုပ်လည်း ခံတဲ့ ဖုန်း
Binnacle Ocean Master nano-coating ကို အသုံးပြုထားပြီး နောက်ထပ်ထူးခြားချက်က ရေစိမ်ခံခြင်း ဖြစ်ပါတယ်။ ရေစိမ်ခံတဲ့ အဆင့်တောင် မဟုတ်ပါဘူး။ ပေအနက် ၃၀ အောက်မှာတောင် ရေမဝင်ပါ။ ရေဝင်ပေါက်မရှိအောင် အသေးစိတ် coating ဖုံးထားခြင်း ဖြစ်ပါတယ်။
Android 5.0 Lollipop ကိုပဲ အသုံးပြုထားပါတယ်။ အဓိက ထူးခြားချက်က Security ဟာ ယနေ့ Cyber crime တွေ hacking တွေဖြစ်နေချိန် မိမိဟာ ဓားစာခံ တစ်ယောက် ဖြစ်မသွားစေဖို့အတွက် အရေးကြီးကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ Turing Phone ဟာဆိုရင် ဖုန်း အမျိုးစားတူချင်း အချက်အလက်ပို့တဲ့အခါ ပိုလို့ လုံခြုံပြီး ယင်းဖုန်းနဲ့ အခြားဖုန်း ပို့ရင်လည်း လုံခြုံကြောင်း ဆိုပါတယ်။
ဖုန်းဆက်သွယ်ရေးတစ်ခု လုံခြုံမှု ရှိမရှိဆိုတာ Data ကို encrypt လုပ်မလုပ်နဲ့ တိုင်းတာပါတယ်။ encrypt လုပ်တာတောင်တောင်မှ ယင်းအတွက် အသုံးပြုတဲ့ နည်းပညာ အဆင့်မြင့်မှုမမြင့်မှုနဲ့သက်ဆိုင်သေးပြီး အဆင့်မြင့်တဲ့ Standand လုံခြုံရေးမြင့် ဖုန်းတစ်လုံးနဲ့ဆော့ဖ်ဝဲကို သုံးမယ်ဆိုရင် အမေရိကန်ဒေါ်လာ တစ်သောင်းလောက်တော့ ကုန်ကျ ပါလိမ့်မယ်။ အဓိကက ဆော့ဖ်ဝဲမှာ ကုန်တာပါ။ ယခု Turing ရဲ့ ပြောပုံအရ ဆိုရင် ဆော့ဖ်ဝဲ ထောက်ပံ့မှု စနစ်က ဖုန်းထဲမှာ အလိုအလျောက် ပါဝင်ပြီးသား ဖြစ်ပြီး Server တစ်ခုကနေ ထိန်းချုပ်ကွပ်ကဲနိုင်ခြင်း ရှိမရှိတော့ မသိရပါဘူး။
အနည်းဆုံးကတော့ Personal user များအတွက် တစ်ဦးချင်း လုံခြုံရေးကို ထိန်းချုပ်ပေးခြင်း ဖြစ်ပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်ကနေပြီးတော့ ခိုးနားထောင်ဖို့အတွက်ပဲ ကြိုးစားရင်တောင် မရတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကာကွယ်မှုဟာ အသုံးပြုတဲ့ ဆက်သွယ်ရေးစနစ်ပေါ်မှာလည်း သက်ဆိုင်ပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် Turing Phone ကတော့ လုံခြုံကြောင်း အာမခံထား ပါတယ်။
ဘာပဲ ဖြစ်ဖြစ် ဒီဇိုင်း ကြည့်လိုက်တာနဲ့တင် မက်လောက်စရာပါ။ သာမန် Android ဖုန်းတွေထဲကနေ သိသိသာသာကို ကွဲထွက်သွားတဲ့ ပုံစံ ဖြစ်ပါတယ်။ မြင်နေသုံးနေကျ အသားနဲ့လည်း မဟုတ်တဲ့အပြင် စတိုင်လည်း ကွဲတော့ အခွင့်ရရင် စမ်းသုံးကြည့်ချင်ပါသေးတယ်။
ဈေးနှုန်းကတော့ 16GB ဖုန်းက အမေရိကန်ဒေါ်လာ ၆၁၀၊ 64GB အတွက် ၇၄၀၊ 128GB အတွက် 870 အစရှိသဖြင့် အသီးသီး ကုန်ကျမှာ ဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့ကနေ စလို့ အမေရိကန်နဲ့ နိုင်ငံကြီးအချို့မှာ ကြိုတင်မှာယူမှု လက်ခံပြီဖြစ်ကြောင်း သိရ ပါတယ်။
.

အောင်ခမ်း (MMAS)

Monday, July 6, 2015

အင်တာနက်မှာ သတင်းမှန်ကန်မှု စစ်ဆေးခြင်း



Facebook မှာ The Ginger လို့အမည်ရတဲ့ Page ကနေပြီးတော့ 
ကုန်းကျော်တံတားများပေါ်မှာ ကုန်းကျော်တံတား ထပ်ဆောက်မယ့် သတင်းရော၊ 
ဦးဇော်ဇော်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဥက္ကဌ ရာထူးအတွက် ခေါ်တယ်တွေရော 
အစရှိသဖြင့် သတင်းပေါင်းမြောက်များစွာ ရေးသားခဲ့ပါတယ်။ များသောအားဖြင့်က 
အမှားတွေပါ။ သူ့အနေနဲ့ Sattire, သရော်စာလို့ ဆိုပေမယ့် သူ့ရဲ့ သရော်မှုက 
လူတွေရဲ့ ပညာနည်းမှုအပေါ်မှာ အခွင့်ကောင်းယူ အသုံးချမှု ဆန်သွားပါတယ်။ 
ဒီတော့ အင်တာနက်ပေါ်မှ သတင်းများကို ယုံကြည်ရန် မယုံကြည်ရန် ဆိုတာ 
စဉ်းစားစရာ ဖြစ်လာပါတယ်။

Facebook ကိုမယုံပါနဲ့

Facebook
ဆိုတာ လူတိုင်း သတင်းရေးသား၊ ဖြန့်ဝေနိုင်တဲ့ နေရာတစ်ခုလို ဖြစ်နေပါတယ်။ 
ယင်းကဲ့သို့ ရေးသားမှုအတွက်လည်း တားမြစ်ချက်များ မရှိပါဘူး။ 
စိစစ်စစ်ဆေးသူများလည်း မရှိတာကြောင့် Facebook ပေါ်ရှိ content များဟာ 
အပြည့်အဝ ယုံကြည်လို့ မရပါဘူး။ မိမိအနေနဲ့ Facebook က content ကို 
ယုံကြည်ရန် စားသုံးပြီဆိုရင်တောင် စိတ်ချရတဲ့ Page တွေကနေပဲ၊ Account 
တွေကနေပဲ ယူစေချင်ပါတယ်။ Verified page system ရှိပေမယ့် မြန်မာပြည်မှာ 
ယင်း feature ကို အချို့မီဒီယာ အမှန်များက အသုံးချခွင့်မရသေးပါဘူး။ 
ဘယ်လိုပဲ ဖြစ်ဖြစ် Elevel Media Group, 7Days Daily, YoYarLay တို့ရဲ့ 
Facebook Page များက ယုံရပါတယ်။

ဝဘ်ဆိုဒ်ကို ဝင်ကြည့်တဲ့ အလေ့အထ ရှိပါ

ဝဘ်ဆိုဒ်တွေဆီကနေ
သတင်း ဖတ်ရှုတဲ့ အလေ့အကျင့် ကို ပြုလုပ်စေချင် ပါတယ်။ သတင်း 
ဝဘ်ဆိုဒ်ဆိုရင်လည်း မိမိယုံကြည်ရတဲ့ သတင်းဆိုဒ်များကို ရွေးချယ်တတ်ရန် 
လိုအပ်ပါတယ်။ ဥပမာ Eleven, 7Days Daily, Myanmar Times တို့ကနေ နိုင်ငံရေး 
သတင်း၊ နည်းပညာ အတွက် Myanmar Mobile App, နည်းပညာ ဘလော့ဂ်အတွက် 
ဝင်းကမ္ဘာကျော်, အိမ်ခြံမြေအတွက်ဆိုရင် iMyanmarHouse အစရှိသဖြင့် 
ဝဘ်ဆိုဒ်များစွာ ရှိနေပါတယ်။

Google Search မှာလည်း စစ်ဆေးနိုင်

Google
Search ကနေလည်း မိမိ မယုံကြည်တဲ့ ပုံမျိုး၊ စာမျိုးတွေကို ထည့်ပြီးတော့ 
တကယ် အစစ်အမှန်ဟုတ်မဟုတ် ဆိုတာ စစ်ဆေးလို့ ရပါတယ်။ အချို့ဆိုရင် 
မြွှေခေါင်းငါးလုံးတို့ ဘာတို့ လုပ်တတ်ကြ ပါတယ်။ အဲ့ဒါမျိုးတွေ၊ ပြီးတော့ 
မဆီမဆိုင် အကြမ်းဖက်ပုံတွေကို ရှာဖွေ သိရှိနိုင်မှာ ဖြစ်ပါတယ်။

အထပ်ပါ နည်းလမ်းသုံးသွယ်ကို အသုံးပြုပြီးတော့ သတင်းတစ်ခုမှန်မမှန်ကို စစ်ဆေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

Aung Ko Htet , Aung Kham

Google ဖြင့် ရာသီဥတု ကြည့်နိုင် Map ဖြင့် ခရီးသွားနိုင်

Google Now ဖြင့် ရာသီဥတု ကြည့်နိုင် Map ဖြင့် ခရီးသွားနိုင်
မိမိရဲ့ ဖုန်းကို အကျိုးရှိရှိ သုံးနိုင်ဖို့အတွက် Google က ပေးထားတဲ့ Free Service များကို အသုံးပြုစေချင်ပါတယ်။ Android OS တွေမှာ Google ရဲ့ Service များ အခမဲ့ ပါဝင်ပြီး ကိုယ်နဲ့ နေ့စဉ်လောက် အသုံးဝင်မယ့် App နှစ်ခုကတော့ Google Now နဲ့ Google Map ဖြစ်ပါလိမ့်မယ်။
Android ဖုန်းရဲ့ Home Button မှာ ခဏနှိပ်ပြီး အပေါ်ဆွဲ လိုက်ရင် Google Now home page တက်လာပါတယ်။ ဘာမှ ရှာစရာ မလိုပါ။ ချက်ချင်းပဲ ရာသီဥတုခန့်မှန်းချေကိုပါ ပြသထားပါတယ်။ ယင်းဟာ Weather.com ကနေ ယူထားတဲ့ အချက်အလက် ဖြစ်ပြီး Mobile Data ဖွင့်လိုက်တာနဲ့ Feed ဆွဲပေးထား ပါတယ်။ အင်တာနက် အများကြီး မကုန်ပါ။ KB သာသာ အချက်အလက်သာ ဖြစ်ပါတယ်။
ကျနော်ဆိုရင် အဲ့ဒီက ခန့်မှန်းချက်ကို ကြည့်ပြီး ဒီနေ့အပြင်သွားရင် ထီးယူသင့် မယူသင့် ဆုံးဖြတ် ပါတယ်။ သူ့ရဲ့ အချက်အလက်ကလည်း မှန်ပါတယ်။ Location based service ဖြစ်ပါတယ်။ ဒါကြောင့်မို့ နေရာဒေသအလိုက်ဖြစ်ပေါ်နေတဲ့ ရာသီဥတု အပြင် အခြားသော update များကို လိုချင်ရင်လည်း ပေးပါတယ်။ အကယ်၍ သဘာဝ ဘေးအန္တရာယ် တွေ့နိုင်တယ်ဆိုရင်တောင် alert ပေးတဲ့အထိ Google က service ပေးပါတယ်။ ကျနော် နေပြည်တော်ကို ဟိုနေ့က ခရီးသွားတုန်း မုန်းအင်မတန် ကြီးတဲ့ ဘက်ကို ရောက်တော့ အင်တာနက် ခဏ ဖွင့်ကြည့်လိုက်တဲ့အချိန် Thunderstorm alert ဆိုပြီးတော့ noti တက်ပါတယ်။ Google မဖွင့်ပဲ အလိုလောက် တက်ပါတယ်။ Push notification ကို accept လုပ်ထားလို့ပါ။
သုံးချင်ရင် Google ကို ဝင်တဲ့အခါ သူမေးတဲ့အချက်လက်တွေမှာ Yes တွေ၊ Accept တွေလုပ်ပေးရုံပါပဲ။ ပိုတိကျတဲ့ နေရာဒေသနဲ့ အချက်အလက်ကို လိုချင်ရင် သူက location accuracy မှန်အောင် အချို့ turn on လုပ်ခိုင်းတာလေးတွေ ရှိပါတယ်။

map
နောက်တစ်ခုကတော့ အများစုလည်း သုံးနေပြီးသား ဖြစ်မယ့် Google Map ပါ။ သူ့ကလည်း တိကျတဲ့အဖြေပေးပြီး ကိုယ်ရောက်တဲ့ နေရာပြသလို ကိုယ်ရောက်ချင်တဲ့ နေရာကိုအမြန်ရောက်မယ့်လမ်းတွေပါ ပြပေးပါတယ်။ အဝေးပြေးလမ်းပေါ် ခရီးသွားရင် သုံးရုံမက၊ မြို့ထဲမှာပါ သုံးလို့ ရပါတယ်။
Google ရဲ့ Now နဲ့ Map များကို အသုံးပြုခြင်းဖြင့် ဖုန်းရဲ့ အသုံးဝင်မှုကို မြင့်တင်နိုင်ပါတယ်။
.အောင်ခမ်း (MMAS)

Saturday, July 4, 2015

Google က Gmail ကို User Interface အသစ်ဖြင့် မိတ်ဆက်


Google ရဲ့ Email ဖြစ်တဲ့ Google mail သို့မဟုတ် Gmail ကို ပုံစံအသစ်ဖြင့် ထပ်မံမိတ်ဆက်ပေးလိုက်ပြန်ပါပြီ။ အသစ်တိုင်းဟာ ပိုမိုပြည့်စုံကောင်းမွန်လာတာတော့ အမှန်ပါပဲ။ User Interface ကို လုံးဝ ပြောင်းလဲပစ်လိုက်ပါတယ်။ အရမ်းကို ရိုးရှင်းပြီးတော့ ကဏ္ဍတွေ ခွဲထုတ်ထားနိုင်ပါတယ်။ Gmail အသစ်ကို Browser ကနေ သုံးမယ်ဆိုရင်တော့ inbox.google.com ကို ခေါ်သုံးရမှာ ဖြစ်ပါတယ်။ Mobile ကနေသုံးမယ်ဆိုရင်တော့ Android အတွက်ကို ဒီမှာ ရယူနိုင်ပါတယ်။



Friday, July 3, 2015

အင်တာနက် အခြေပြု လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများ Online Payment စနစ်ကို အသုံးပြုနိုင်ပြီ


 
အင်တာနက် ဆက်သွယ်မှုပေါ်မှတစ်ဆင့် အရောင်းအဝယ်ဆိုင်ရာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ အနေဖြင့် ရောင်းသူနှင့် ဝယ်သူ အကြား ငွေပေးချေခြင်း ဆိုင်ရာ ကိစ္စရပ်များကို Online Payment စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တွင်းရှိ MPU ကတ် သုံးစွဲသူများအတွက် အွန်လိုင်းပေါ်မှ ငွေပေးချေမှုပြုလုပ်ပြီး ဈေးဝယ်နိုင်မည့် ဝန်ဆောင်မှုကို ပုဂ္ဂလိက ဘဏ်လုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်တော့ မည် ဖြစ်ကြောင်း မြန်မာငွေပေးချေမှု အဖွဲ့အစည်း (Myanmar Payment Union- MPU) မှ သတင်းရရှိ သည်။

အွန်လိုင်းကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှု (E-Commerce) တစ်ခုဖြစ်သည့် အဆိုပါစနစ်ကို ပြည်တွင်းရှိ MPU ကတ် အသုံးပြုသူများအတွက် ရည်ရွယ်ပြီး ယခုလတ်တလောတွင် စီးပွားရေးလုပ်ငန်းအချို့နှင့် စတင်၍ အင်တာနက်ပေါ်မှတစ်ဆင့် ငွေပေးချေမှုများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း MPU ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် 2C2P ကုမ္ပဏီနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များအတွက် ပူးပေါင်းထားသော MPU အနေဖြင့် ပြည်တွင်း MPU ကတ်သုံးစွဲသူများအတွက် Online Payment စနစ်ကို ဆောင်ရွက်ပေးလိုက်ခြင်းဖြစ်သည်။ အွန်လိုင်းပေါ်မှတစ်ဆင့် E-Commerce လုပ်ငန်းများကို လုပ်ဆောင်နိုင်မည့် အဆိုပါ ဝန်ဆောင်မှုသည် မြန်မာနိုင်ငံအတွင်း၌သာမကဘဲ အာရှဒေသတွင်း နိုင်ငံများ တွင်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ပထမဆုံး အကောင်အထည်ဖော်လိုက်သည့် အဆိုပါ ဝန်ဆောင်မှုသည် အာရှဒေသ နိုင်ငံ များအတွင်း MPU ကတ်များဖြင့် အွန်လိုင်းပေါ်မှတစ်ဆင့် ငွေပေးချေသည့် စနစ်ကို အသုံးပြုလာနိုင်မည်ဖြစ် သည်။

“ပြည်တွင်းက MPU ကတ် အသုံးပြုသူတွေအားလုံး သုံးနိုင်မယ့် ဝန်ဆောင်မှုပါ။ 2C2P က ကျွန်တော်တို့ရဲ့ service provider တစ်ခုအနေနဲ့ လက်တွဲ လုပ်ကိုင်လိုက်တာ ဖြစ်ပါတယ်။ လောလောဆယ် လေကြောင်း လိုင်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို အွန်လိုင်းကနေ လုပ်ဆောင်နိုင်မှာပါ” ဟု MPU ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးဇော်လင်းထွဋ်က ပြောကြားသည်။

ယခုလက်ရှိအချိန်တွင် ပြည်တွင်း၌ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကိုယ်ပိုင်စာမျက်နှာများ ဖွင့်လှစ်၍ တပိုင်တနိုင် လုပ်ကိုင်လာသည့် အသေးစား စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း ရောင်းသူ၊ ဝယ်သူကြား ငွေပေးချေမှုကိစ္စရပ် များအတွက် အဆိုပါ Online Payment စနစ်ကို အသုံးပြုနိုင်ပြီဖြစ်သည်။
“အခုဆို Facebook ပေါ်ကနေ ဈေးရောင်းတာတွေ အရမ်းများလာတယ်။ အဲ့ဒီလို အွန်လိုင်းစီးပွားရေး လုပ်ငန်းလေးတွေ အရမ်းများလာတာကို သဘောကျတယ်။ ကြိုဆိုတယ်။ ဒါပေမဲ့ ငွေပေးချေတဲ့အပိုင်း မှာ ပြသာနာလေးတွေ ရှိနေတယ်။ အများစုက အွန်လိုင်းပေါ်က ငွေပေးချေနိုင်တဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက် ပြီး သိတာ နည်းနေသေးလို့ ထင်ပါတယ်။ အွန်လိုင်းပေါ်က ငွေပေးချေတဲ့ကိစ္စ အဆင်ပြေရင် ဒီလုပ်ငန်းတွေ ပိုတိုးတက်လာဖို့သေချာတယ်” ဟု အင်တာနက်ပေါ်မှတစ်ဆင့် ပုံမှန်ဈေးဝယ်လေ့ရှိသည့် မသဉ္ဖာချိုက ပြော သည်။

MPU နှင့် 2C2P တို့သည် အွန်လိုင်းပေါ်မှ ငွေပေးချေနိုင်သည့် ဝန်ဆောင်မှုအတွက် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုကို လေကြောင်းလိုင်း အချို့တွင် စတင်နေပြီဖြစ်သည်။

အွန်လိုင်းငွေပေးချေသည့် အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုလိုသူများသည် မိမိတို့ လက်ရှိ အသုံးပြုနေသည့် MPU ကတ်များကို သက်ဆိုင်ရာ ဘဏ်များ၌ မှတ်ပုံတင်ခြင်းကို ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ သို့သော် နောက်ပိုင်းထုတ်လုပ်မည့် MPU ကတ်များတွင်မူ အဆိုပါစနစ်ကို အသုံးပြုမည်ဆိုပါက တစ်ပါတည်း ထည့်သွင်းပေးလာမည်ဖြစ်ကြောင်း သိရသည်။

Credit to ==> Internet Journal

iPhone 6S တွင် လျင်မြန်သည့် ဝက်ဘ်ချိတ်ဆက်မှုနှင့် ပိုမိုကောင်းမွန်သည့် ဘက်ထရီ ပါဝင်လာမည်ဟုဆို


 Apple ၏ အသစ်ထွက်မည့် iPhone ကို လျင်မြန်သည့် ဝက်ဘ်ချိတ်ဆက်မှုနှင့် ပိုမိုကောင်းမွန်သည့် ဘက်ထရီသက်တမ်းဖြင့် အသုံးပြုနိုင်ဖွယ်ရှိကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။

iPhone 6S ဟု ခေါ်ဆိုဖွယ်ရှိသော အဆိုပါ ဟန်းဆက်တွင် MDM9635M ဟုခေါ်သော Qualcomm ချစ်ပ်နှင့်အတူ မိတ်ဆက်ဖွယ်ရှိကြောင်း Apple ၏ အစီအစဉ်များနှင့် နီးစပ်သိကျွမ်းသူတစ်ဦးပြောကြားချက်ကို ကိုးကားကာ 9to5Mac မှ ဖော်ပြခဲ့သည်။ အဆိုပါချစ်ပ်ကို Qualcomm က ၂၀၁၃ ခုနှစ်တွင် မိတ်ဆက်ပေးခဲ့သော်လည်း ပြီးခဲ့သည့်နှစ်အထိ ထုတ်လုပ်ခြင်း မရှိသေးပေ။ ၎င်းချစ်ပ်သည် သီအိုရီအရ long-term evolution (LTE) ကွန်ရက်များတွင် download speed 300Mbps အထိ ရရှိနိုင်သောကြောင့် iPhone 6 နှင့် iPhone 6 Plus တွင် ရနိုင်သည့် အမြန်နှုန်း 150Mbps ထက် နှစ်ဆပိုမိုမည် ဖြစ်သည်။

အသစ်ထွက်မည့် iPhone 6S နှင့် ပတ်သက်သည့် ကောလာဟလ သတင်းများအရ အဆိုပါ စမတ်ဖုန်းကို Apple က iOS 9 operating system နှင့်အတူ တစ်ပြိုင်နက် ဖြန့်ချိသွားဖွယ်ရှိနေသည်။ သတင်းဌာနတစ်ခု၏ ဇွန်လတွင် ဖော်ပြချက်အရ iPhone 6S ၏ ဒီဇိုင်းသည် iPhone 6, iPhone 6 Plus တို့နှင့် တူညီသော်လည်း အရွယ်ကြီးမားသည့် ဘက်ထရီကြောင့် အနည်းငယ် ပိုထူလာဖွယ်ရှိကြောင်း သိရသည်။ ၎င်းဟန်းဆက်ကို A9 ဟုခေါ်သည့် ပရိုဆက်ဆာသစ်ဖြင့် ဖြန့်ချိဖွယ်ရှိပြီး screen အရွယ်အစားမှာ လက်ရှိမော်ဒယ်များအတိုင်း ၄.၇ လက်မနှင့် ၅.၅ လက်မဖြင့် ထုတ်လုပ်ဖွယ်ရှိကြောင်း ဆိုသည်။

9to5Mac မှ ဖော်ပြခဲ့သော အသစ်ထွက်မည့် iPhone ၏ ဓာတ်ပုံများသည် အမှန်တကယ်ဖြစ်ခဲ့ပါက ၎င်း၏ ၏ ဒီဇိုင်းမှာ iPhone 6 နှင့် ကွာခြားခြင်း မရှိဟုသော ကောလာဟလသတင်း ဖော်ပြချက်များ မှန်ကန်သည်ဟု ဆိုနိုင်မည် ဖြစ်သည်။

9to5Mac ၏ အဆိုအရ iPhone 6S တွင် ပါဝင်လာဖွယ်ရှိသည့် Qualcomm ၏ စွမ်းဆောင်ရည်မြင့် LTE ချစ်ပ်သည် ဘက်ထရီသက်တမ်းကို ပိုမိုကြာရှည်စေပြီး ယခင်မော်ဒယ်များထက် စွမ်းအင်သုံးစွဲမှု နည်းပါးစေမည်ဟု သိရသည်။


Credit to ==> Internet Journal

MPT ငွေဖြည့်ကတ် သက်တမ်း ရက် ၉၀ မှ ၃၆၀ အထိ အသုံးပြုနိုင်ဟုဆို



 MPT ငွေဖြည့်ကတ်သက်တမ်း ရက် ၉၀ မှ ၃၆၀ အထိ အသုံးပြုနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ငွေဖြည့်ကတ်သက်တမ်းမှာ ဝယ်ယူသော ငွေဖြည့်ကတ် အမျိုးအစားအပေါ် မူတည်၍ကွာခြား မည်ဖြစ်ကြောင်း၊ ငါးထောင်ကျပ်တန် ငွေဖြည့်ကတ်မှာ ရက်ပေါင်း ၉၀ အသုံးပြုနိုင်ကြောင်း၊ တစ်သောင်း ကျပ်တန် ငွေဖြည့်ကတ်မှာ ရက်ပေါင်း ၁၂၀ အသုံးပြုနိုင်ကြောင်း သိရသည်။

နှစ်သောင်းကျပ်တန် ငွေဖြည့်ကတ်မှာ ရက်ပေါင်း ၂၄၀ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သုံးသောင်း ကျပ်တန် ငွေဖြည့်ကတ်မှာ ရက်ပေါင်း ၃၆၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဖြည့်သွင်းထားသောငွေမှာ တစ်ကြိမ်ငွေသွင်းတိုင်း သွင်းထားသော ပမာဏအပေါ်လိုက်၍ သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားသည်။

ငွေဖြည့်ကတ်များကို ခဲခြစ်ငွေဖြည့်ကတ် ပုံစံဖြင့်သော်လည်းကောင်း၊ e-top up အနေဖြင့်လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ တစ်ထောင်နှင့် သုံးထောင်ကျပ်တန် ငွေဖြည့်ကတ် အမျိုးအစားများမှာ GSM နှင့် WCDMA ဖုန်းများအတွက်သာ ရရှိနိုင်ဦးမည်ဖြစ်ကြောင်း သိရသည်။ ဖြည့် သွင်းထားသော ငွေသက်တမ်း ကုန်သွားပါက ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့ ရရှိမည်မဟုတ်ကြောင်း သိရသည်။

ရက်ပေါင်း ၃၀ အတွင်း ငွေဖြည့်သွင်းခြင်းမရှိပါက အဝင်ခေါ်ဆိုမှု၊ စာတို လက်ခံခြင်းတို့ ရရှိတော့မည် မဟုတ်ကြောင်း၊ အဆိုပါ အချိန်ကလ အတွင်း ငွေဖြည့်သွင်းပါက လက်ကျန် ငွေပမာဏကို ပြန်လည် ထပ်ပေါင်းပေးမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက လက်ကျန်ငွေပမာဏကိုပါ ရရှိနိုင်တော့မည် မဟုတ်ကြောင်းသိရသည်။

ဖြည့်သွင်းထားသော ငွေသက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ ငွေဖြည့်သွင်းရန်ရက်ပေါင်း ၉၀ ရရှိမည်ဖြစ်ပြီး အဆိုပါကာလ ကျော်လွန်ပါက ဖုန်းနံပါတ် ကို ဖြတ်တောက်သွားမည်ဖြစ်သည်ဟု သိရသည်။ အခြား ဖုန်းထဲသို့လည်း ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကာ ငွေဖြည့်ကတ် ၀ယ်ယူပြီးပါက *123*<16-digit-coupon-code>*<09xxxxnumber># ပုံစံအတိုင်း ဖြည့်သွင်းပေးနိုင်ကြောင်း သိရသည်။

Credit to ==> Internet Journal