iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, June 29, 2015

iOS 9 မှာ Low power mode သုံးရင် မြန်ဆန်မှု ၄၀ ရာခိုင်နှုန်းကျဆင်း


Battery-Life-iOS8-Thumb
Apple ရဲ့ iOS9 မှာ Low Power Mode ကို turn on လုပ်ထားရင် အားသာချက်ကတော့ ၁ နာရီပဲ ခံတော့မယ့် ဘက်ထရီက ၃ နာရီလောက် ပိုခံပါလိမ့်မယ်။ ဒါပေမယ့် အားနည်းချက်ကတော့ Low Power Mode မှာ ဖုန်းရဲ့ လုပ်ဆောင်ချက်ဟာ နှေးသွားပါတယ်။ အတိအကျ အားဖြင့် စမ်းသပ်ချက်အရ သာမန် mode မှာ သုံးတာထက် ၄၀ ရာခိုင်နှုန်း ကျသွားကြောင့် ဆိုပါတယ်။
ပါဝါ အကုန်ကျနဲ့ လုပ်ဆောင်ချက် မြန်ဆန်မှုက တိုက်ရိုက်ဆက်စပ် ပါတယ်။ ဘက်ထရီ များများ စားရင် သုံးရင် လုပ်ဆောင်ချက် မြန်ဆန်ပြီး နည်းနည်းပဲ စားအောင် သုံးရင် လုပ်ဆောင်ချက်နှေးပါတယ်။ ဒီတော့ iOS 9 ရဲ့ Low Power Mode ဟာ email တို့လို app ကို manually fetch လုပ်ပါတယ်။ ပြီးတော့ Background မှာ auto refresh ဖြစ်နေတဲ့ app များကို ရပ်စေပြီး Touch ရဲ့ speed ကိုလည်း လျော့ချ လိုက်ပါတယ်။ ပြီးတော့ Network လုပ်ဆာင်ချက်လည်း လျော့လိုက်ပါတယ်။ အင်တာနက်ပါ နှေးသွားပါလိမ့်မယ်။ ဒါကြောင့်မို့ iPhone 6 နဲ့ iPhone 6Plus တို့မှာ Low Power Mode ဖွင့်လိုက်ရင် iPhone 5 တစ်လုံး သုံးနေရတာနဲ့ တူမှာ ဖြစ်ကြောင်း နှိုင်းယှဉ်ပြထားပါတယ်။
Android ရဲ့ Lollipop မှာလည်း ထိုနည်းတူစွာပါပဲ။ Battery saving mode ကို ဝင်လိုက်ရင် performance အနည်းငယ် ကျပါတယ်။ ဒါပေမယ့် ဘယ်လောက် ကျတာလဲဆိုတာတော့ မပြောထားပါဘူး။
ဒီတော့ Low Power Mode ကို တကယ် လိုအပ်မှ သုံးရန် ကောင်းပြီး အားရဖို့ source ကလည်း အလွယ်တကူ ရှိနေရင် normal mode နဲ့သာ သုံးဖို့ အကြံပေးထားကြ ပါတယ်။

Credit :အောင်ခမ်း (MMAS)

No comments:

Post a Comment