မြန်မာနိုင်ငံမှာ Android အနှစ်သာရ စစ်စစ်ကို အသုံးပြုလိုကြတဲ့ Android
User တို့အတွက် Cherry Mobile နဲ့အတူ မြန်မာ့မိုဘိုင်း ဈေးကွက်ထဲကို
ဝင်ရောက်လာတဲ့ မိုဘိုင်းဖုန်းကတော့ Android One ပဲဖြစ်ပါတယ်။ Android One
ကို မြန်မာနိုင်ငံမှာ Cherry Mobile တံဆိပ်နဲ့ ၀ယ်ယူရရှိနိုင်ကြောင်း
ကြေငြာလိုက်တာနဲ့ ပထမဦးဆုံး အလုအယက်ဝယ်ယူကြတဲ့လူတွေကတော့ Android
Developer တွေပါပဲ။ Android အနှစ်သာရ စစ်ကို
အသုံးပြုလိုခြင်းသော်လည်းကောင်း ၊ Android One ရဲ့ Lollipop Version က
ပေါ့ပါးသွက်လက်လွန်းသောကြောင့်လည်းကောင်း ၊ Cherry Mobile ရဲ့
ဈေးနှုန်းချိုသာလွန်းသောကြောင့်လည်းကောင်း End User တွေအသုံးပြုလာကြပါတယ်။
အခုဆိုရင် Android One က နောက်ထပ် မျိုးဆက်ဖြစ်တဲ့ Android One Second
Generation ကို အိန္ဒိယနိုင်ငံမှာ Lava Pixel V1 မိုဘိုင်းဖုန်းနဲ့အတူ
ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။
Lava Pixel V1 ရဲ့ထုတ်ပြန်ချက်အရ Android One Second generation ကို
Screen Display 5.5 လက်မ 720 P နဲ့ထုတ်လုပ်ထားတာဖြစ်ပြီး Processor ကတော့
1.3 GHz Quad – core MediaTek MT6582 SoC ကို အသုံးပြုထားပါတယ်။ Storage
တွေအနေနဲ့ RAM 2 GB ၊ internal memory 32 GB တို့အပြင် Micro SD Slot
တို့ကိုပါ ထည့်သွင်းပေးထားပါတယ်။ ကင်မရာအတွက် အတွင်းဘက်ကင်မရာဟာ 5 MP
ရှိပြီး အပြင်ဘက် ကင်မရာကတော့ 8 MP ရှိပါတယ်။ Network ကို Wi-Fi 802.11
b/g/n အသုံးပြုထားပြီး ဖုန်းလိုင်းစွဲအားကတော့ 3G Network ကို
ရရှိမှာဖြစ်တဲ့အပြင် Bluetooth 4.0 ကိုလည်း အသုံးပြုထားပါသေးတယ်။
ဘက်ထရီသက်တမ်းအနေနဲ့ 2,650 mAh သက်တမ်းရှိပြီး မိုဘိုင်းဖုန်းရဲ့
အရောင်တွေကတော့ ရွှေရောင်နဲ့ ငွေဖြူရောင်တို့ကို ထုတ်လုပ်ထားပါတယ်။
ဒါ့အပြင် Android Version 5.1.1 Lollipop ကို တစ်ခါတည်း
ထည့်သွင်းပေးထားပြီး အွန်လိုင်းမှာ တိုက်ရိုက် update လုပ်နိုင်ခြင်းကို
နှစ်နှစ်တိတိ လွတ်လွတ်လပ်လပ် အခမဲ့ update ပြုလုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။
ဖုန်းလိုင်းစွဲအားကတော့ 3G ကို အကောင်းဆုံး ထောက်ပံ့ထားတဲ့အပြင် နိုင်ငံရဲ့
Network အပေါ်မူတည်ကာ 4G အထိ
ရရှိနိုင်ကြောင်းကိုလည်းထုတ်ပြန်ကြေငြာထားပါတယ်။ Android One Second
Generation ကိုတော့ အိန္ဒိယနိုင်ငံ အွန်လိုင်းစတိုးဖြစ်တဲ့ Flipkart မှာပဲ
ဝယ်ယူရရှိနိုင်အုံးမှာဖြစ်ပြီး မြန်မာနိုင်ငံအတွက်တော့ ဘယ်မိုဘိုင်း
ကုမ္ပဏီနဲ့ ချိတ်ဆက်ကာ ရောက်ရှိလာအုံးမလဲဆိုတာတော့ ရင်ခုန်စွာနဲ့
မျှော်လင့်နေရပါတယ်။
Ref : Android
Aung Ko Htet (MMAS)
#akh_mmas
No comments:
Post a Comment