iCon
zawgyi သို့ မဟုတ် unicode
Thursday, July 23, 2015
နိုင်းမြစ်အတွင်း ရေယာဉ်နှစ်စီးတိုက်မှု လူ ၁၀ ဦးကျော် သေဆုံး
အီဂျစ်နိုင်ငံ နိုင်းမြစ်အတွင်းမှာ ကုန်တင်သင်္ဘောတစ်စီးနဲ့ ခရီးသည်တင် သင်္ဘောတစ်စီးတို့ တိုက်မိပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးသွားပါတယ်။
လူငယ်စုံတွဲ တစ်တွဲရဲ့ စေ့စပ်ပွဲ ပါတီအတွက် သူတို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေက သင်္ဘောကို ငှားရမ်းခဲ့တာဖြစ်ပြီး ကိုင်ရိုမြို့ မြောက်ဘက်နားမှာ ကုန်တင်သင်္ဘောနဲ့ တိုက်မိတာလို့ မျက်မြင်တွေက ပြောပါတယ်။
ကလေးငယ် ၄ ဦးရဲ့ အလောင်းကို ဆယ်ယူရရှိခဲ့ပြီး ခရီးသည်အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ရေယာဉ်နှစ်စီး တိုက်မိရာနေရာကနေ လူ ၅ ဦးကို ကယ်ဆယ်ရရှိပြီး ကုန်တင်သင်္ဘောရဲ့ ရေယာဉ်မှူးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စေ့စပ်ပွဲ အခမ်းအနားလုပ်သူ စုံတွဲကတော့ သေဆုံးသူတွေထဲမှာ ပါဝင်ခြင်း ရှိမရှိ မသိရသေးပါဘူး။
အီဂျစ်နိုင်ငံမှာ ရာမာဒင် အစ္စလမ်ဥပုသ်လ အပြီးအခမ်းအနားတွေ ကျင်းပကြတာကြောင့် နိုင်းမြစ်တွင်းတလျှောက် ခရီး သွားလာသူတွေ ထူထပ်များပြားနေတာ ဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)

No comments:
Post a Comment