တရုတ်နိုင်ငံတွင် အင်တာနက်အသုံးးပြုသူနှုန်းဟာ ယခုနှစ် ပထမ နှစ်ဝက်တွင်
၉၀ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး အဆိုပါ အင်တာနက်အသုံးပြုသူများသည် Mobile
phone ဖြင့် အင်တာနက် အသုံးပြုသူများဖြစ်ကြောင်း ယခုလ ၂၃ ရက်နေ့
ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေငြာချက်များ အရ သိရသည်။ ၂၀၁၅ ရဲ့ ဇွန်လကုန်
ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံတွင် အင်တာနက်အသုံးပြုသူပေါင်းမှာ ၆၆၈
သန်းရှိပြီး အရင်နှစ်က နှစ်ဝက်ထက် ၁၉ သန်းတိုးတက်လာကြောင်း China Internet
Network Information Center (CNNIC) မှထုတ်ပြန်ကြေငြာထားပါတယ်။
၂၇.၉ ရာခိုင်နှုန်း သို့မဟုတ် ၁၈၆ သန်းသော အင်တာနက် အသုံးပြုသူတို့သည်
ကျေးလက်နေပြည်သူများဖြစ်ပြီး အရင်နှစ်ကထက် ၈ သန်းကျော်တိုးတက်လာပါတယ်။
အင်တာနက်အသုံးပြုသူများရဲ့ အသက်အပိုင်းအခြားအားဖြင့်တော့ အသက် ၂၀ ကနေ ၂၉
နှစ်အတွင်း လူငယ်များက အသုံးပြုမှု ပိုများပြီး အများဆုံးအသုံးပြုသူများမှာ
ကျောင်းသားများနှင့် အချိန်ပိုင်း အလုပ်ဝန်ထမ်းများဖြစ်ကြပါတယ်။ ဒ့ါအပြင်
နောက်ထပ် အသေးစိတ်အနေနဲ့ ထုတ်ပြန်ကြေငြာထားချက်များကတော့
အင်တာနက်အသုံးပြုသူများရဲ့ ၉၀ ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်းဖြင့်
အသုံးပြုသူများဖြစ်ကြပြီး ၊ ၆၈ ရာခိုင်နှုန်းသော အင်တာနက်
အသုံးပြုသူများကတော့ Desktop ကွန်ပျူတာ နဲ့ အသုံးပြုကြခြင်းဖြစ်ပြီး ၄၃
ရာခိုင်နှုန်းသော အင်တာနက် အသုံးပြုသူများကတော့ Laptop ကွန်ပျူတာနဲ့
အသုံးပြုခြင်းဖြစ်တယ်လို့ အသေးစိတ် ထုတ်ပြန်ကြေငြာထားပါတယ်။
ယခုကဲ့သို့ လူဦးရေထူထပ်များပြားလာသည်နှင့် အမျှ မိုဘိုင်းဖုန်းနှင့်
အင်တာနက် အသုံးပြူသူများပြားလာခြင်းဟာ ပြည်သူလူထုအနေနဲ့
မိုဘိုင်းဖုန်းဝယ်ယူနိုင်မှု များပြားလာခြင်းကြောင့်ဖြစ်တယ်လို့
တရုတ်အစိုးရကပြောကြားထားပါတယ်။ ဒါ့အပြင် အွန်လိုင်းတွင် ဈေးရောင်းဝယ်ခြင်း
လုပ်ငန်းများ ၊ ခရီးသွားလက်မှတ် ကြိုတင် မှာယူခြင်း လုပ်ငန်းများလည်း
ပိုမို တွင်ကျယ်လာသည့်အပြင် စတော့ ရှယ်ရာ ဈေးကွက်များလည်း တမဟုတ်ခြင်း
တိုးတက်လာကြောင်းကို ထုတ်ပြန်ကြေငြာထားပါတယ်။ တရုတ်အစိုးရအနေနဲ့လည်း
ပြည်သူတွေ မိုဘိုင်းဖုန်းကို ဈေးသက်သက်သာသာဝယ်ယူနိုင်ဖို့အတွက်နဲ့
အင်တာနက်ကို ဈေးနှုန်း သက်သက်သာသာနဲ့ ၀န်ဆောင်မှုပေးနိုင်မဲ့ operator ကို
အမြဲတမ်းလိုအပ်နေကြောင်းလည်း ထုတ်ပြန်ကြေငြာထားပါတယ်။
Ref : Global Time
Aung Ko Htet (MMAS)
#akh_mmas
No comments:
Post a Comment