သစ်သားနဲ့ လုပ်တဲ့ စမတ်နာရီကို ဂျပန်နို်င်ငံအခြေဆိုက် Tokyoflash Japan မှ ဖန်တီးထုတ်လုပ်ထား ပါတယ်။ စတီးတို့ကဲ့သို့ အကြမ်းခံသတ္တုနဲ့ အရည်အချင်း ယှဉ်နိုင်အောင် သစ်သားကို တစ်ဆင့်ပြီး တစ်ဆင့် ပေါင်းခံ၊ chemical ရောပြီး နောက်ဆုံးတော့ မဆွေးနိုင်တဲ့ သစ်သား ဖြစ်လာခြင်း ဖြစ်ပါတယ်။ မဆွေးနိုင်လို့ မဆိုလိုပါ။ ဆွေးရန် အင်မတန် ခက်ခဲပြီး သာမန် သတ္တုတစ်ခုနီးပါး ယှဉ်လို့ရတဲ့ အသားမျိုး ဖြစ်ပါတယ်။ ဒီတော့ မီးလည်း မလောင်လွယ်ပါ။
နာရီကို The Kisai Blade Wood Link လို့ခေါ်ပါတယ်။ သစ်သားပြားပေါ်မှာ LED မီးချောင်းလေးက သွားနေတာကြောင့် Blade လို့ထည့်ခေါ်ခြင်း ဖြစ်ပါတယ်။ နာရီကို စမတ်ဖုန်းနဲ့ ချိတ်ပြီး ဖုန်းအဝင် call တွေ၊ Message တွေ၊ Email တွေမှ လာတဲ့ notification များကို ရယူလို့ ရပါတယ်။ သစ်သား မျက်နှာပြင် အောက်အလွှာမှာ LED ပြား တစ်ပြား ခံထားခြင်းပါ။ ဒါကြောင့်မို့ နာရီကို ဒီတိုင်း ကြည့်လိုက်ရင် နာရီလို့တောင် မထင်ရပဲ ဆော့စရာ အရုံလေး တစ်ခုလေလား၊ သက်သက် အလှလုပ်ထားတဲ့ သစ်သားပြား လေလားလို့တောင် ထင်ရပါလိမ့်မယ်။
အဝိုင်းဒိုင်ခွက်ရှိသလို၊ လေးထောင့်ဒိုင်ခွက် နဲ့ အခြားသော ဒိုင်ခွက် စတိုင် အမျိုးမျိုးရှိပါတယ်။ေ ဈးကလည်း မနည်းပါဘူး။ အမေရိကန်ဒေါ်လာ ၁၅၀ အညနည်းဆုံး ကုန်ကျမှာ ဖြစ်ပါတယ်။
.
Ref: cnet
အောင်ခမ်း (MMAS)
.
Ref: cnet
အောင်ခမ်း (MMAS)




No comments:
Post a Comment