iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, July 24, 2015

ရွှေနန်းတော် Express မိုင်တိုင် ၆/၇ နှင့် ၇/၀ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွား



(၂၄-၇-၂၀၁၅)ရက်နေ့ နံနက်(၀၇း၄၅)နာရီ အချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၆/၇ နှင့် ၇/၀ ကြား (အပြန်လမ်း)၌ ဦးနိုင်လင်းအောင် မောင်းနှင်လာသည့် ယာဉ်အမှတ် 7D/xxxx ရွှေနန်းတော် Express ယာဉ်သည် ယာဉ်မောင်း အိပ်ငိုက်၍ Road Curb တုံးများအား ဝင်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ် ရောက်ရှိခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါ (၂၇)ဦး လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာ မရရှိကြပါ။ မော်တော်ယာဉ်မှာ ရှေ့လေကာမှန်ကွဲ သွားပါသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် Road Curb တုံး(၄၈)ပေ ပျက်စီးသွားပီး အမှတ်(၃)အမြန်လမ်း ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိပါသည်။

Ministry of Construction
https://www.facebook.com/MinistryofConstruction

No comments:

Post a Comment