iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, July 10, 2015

Facebook က iOS App အတွက် Image Uploader အသစ်ပြုလုပ်ပေး

7

Facebook က iOS App အတွက် စွမ်းဆောင်ချက်များ ပိုမိုပါရှိသော Image Uploader အသစ်ကို ပြုလုပ်ပေးလိုက်ပါသည်။

Facebook ၏ iPhone App တွင် ဓါတ်ပုံများ Upload ပြုလုပ်သည့်အခါတွင် အရောင်မျိုးစုံဖြင့် စာသားများကို ဓါတ်ပုံတွင် ရေးသားနိုင်ပြီး Stickers များကိုလည်း ထည့်သွင်းနိုင်ပါသည်။ ထို့အပြင် Preview ကြည့်နိုင်သော Filters များ ပါရှိပါသည်။

အဆိုပါ ဓါတ်ပုံ ပြင်ဆင်သည့် ကိရိယာများကို အသုံးပြုရန် စကရင်၏ ဘယ်ဘက်အောက်ခြေမှ Wand Buttonကို နှိပ်ရမည် ဖြစ်သည်။ ယခင်ကမူ iOS App တွင် သာမာန် Filters အနည်းငယ်နှင့် စတစ်ကာ အနည်းငယ်သာ ပါရှိခြင်း ဖြစ်ပါသည်။

ယခု Image Uploader အသစ်တွင် Instagram နှင့် ဆင်တူသော Filter များ ထည့်သွင်းနိုင်ခြင်း၊ ဓါတ်ပုံတွင် သူငယ်ချင်းများကို Tag ပြုလုပ်နိုင်ခြင်း၊ အရွယ်အစားကို ချိန်ညှိနိုင်သော Emojis များ ထည့်သွင်းနိုင်ခြင်း၊ ဓါတ်ပုံများကို Crop ပြုလုပ်နိုင်ခြင်းတို့ ပါရှိပါသည်။

Credit to ==>Myanmar Digital Life Journal

No comments:

Post a Comment