Intel အနေနဲ့ ယခင်က အသုံးပြုတဲ့ flash memory များထပ် အဆ
တစ်ထောင်မြန်တဲ့ storage chip ကို တီထွင်ဖန်တီးနိုင်ပြီ ဖြစ်ပါတယ်။
အရွယ်အစားအားဖြင့်လည်း သေးငယ်ပြီး သူဟာ လုပ်ဆောင်ချက် မြန်ဆန် ပါတယ်။
ယင်း chip ဟာ non-volatile ဖြစ်တာကြောင့် ROM လို့ memory အဖြစ်
အသုံးပြုနိုင်ပြီး Processing က လိုအပ်တဲ့ အချက်အလက်တွေကို
ထောက်ပံ့ပေးတဲ့အခါ မြန်ဆန်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူ့ကို
စက်မှုလုပ်ငန်းက စက် များ မှာ အပြင်၊ ကွန်ပြူတာများမှာ ထည့်သွင်း
အသုံးပြုခြင်းဖြင့် ကွန်ပြူတာ များကို ပိုမို မြန်ဆန်လာစေမှာ ဖြစ်ပါတယ်။
သူ့ကို ဂိမ်းနဲ့ ပက်သက်တဲ့ ပစ္စည်းတွေမှာ အသုံးပြုခြင်းဖြင့်လည်း ဂိမ်း
device လုပ်ဆောင်ချက် များကို ပိုမို မြန်ဆန်စေမှာ ဖြစ်ပါတယ်။
NAND architecture ပေါ်မှာ အခြေခံပြီး ဖန်တီးထားတာ မဟုတ်တဲ့ ယင်း memory
ကို 3D Xpoint လို့ အမည်ပေးထား ပါတယ်။ ယင်း Storage chip ကို
မိုဘိုင်းဖုန်းတွေပေါ်မှာ ဘယ်တော့ apply လုပ်နိုင်မယ်ဆိုတာတော့
မပြောသေးပါဘူး။ PC နဲ့ အခြား device များမှာ အသုံးပြုဖို့တော့ စတင်
ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။
.
Ref: theverge
အောင်ခမ်း (MMAS)
No comments:
Post a Comment