BeeTalk ဆိုတာ Facebook တို့လို Social အပလီကေးရှင်းတစ်မျိုးဖြစ်ပြီး ဓါတ်ပုံ ဗီဒီယို တွေ ကဗျာတွေ သတင်းတွေကို Share လုပ်နိုင်မှာဖြစ်ပါတယ်။ BeeTalkကိုသုံးဖို့ မိမိဖုန်းနံပါတ်နဲ့ account တစ်ခုဖွင့်ရမှာဖြစ်ပြီး ဖေ့ဘုတ်နဲ့လည်းချိတ်ဆက်ဝင်နိုင်ပါတယ်။
မြန်မာဘာသာနဲ့သုံးစွဲနိုင်မှာဖြစ်ပြီး အင်္ဂလိပ်အပါအ၀င်အခြားဘာသာတွေနဲ့လည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။။ အကောင့်ဖွင့်ဝင်ပြီးတာနဲ့ မိမိဖုန်းရဲ့ location acess ကိုဖွင့်ပေးလိုက်တာနဲ့ မိမိ ရောက်ရှိနေရာနဲ့အနီးတစ်ဝိုက်က Bee Talk user တွေကိုအလွယ်တကူရှာဖွေပေးသွားမှာဖြစ်ပြီး Add ပြီး friend အဖြစ်ချက်နိုင်မှာဖြစ်ပါတယ်။မိမိဖုန်းက Beetalkကိုအခြားသူတွေအလွယ်တကူမကြည့်နိုင်အောင် passcodeနဲ့လည်းပိတ်ထားနိုင်ပြီးသည်အတွက် သီးခြား app မလိုပါဘူး။ သုံးစွဲရလွယ်ကူကောင်းမွန်တာကြောင့် ခင်ဗျားတို့လည်း အသုံးမပြုရသေးရင်အသုံးပြုနိုင်ဖို့ တင်ပေးလိုက်ပါတယ်။ အောက်မှာ Screen Shot လေးတွေရိုက်ပေးထားပါတယ်။ ဒေါင်းလုပ်လင့်လေးလည်းပေးထားပါတယ်ခင်ဗျား။

22.2 MB

No comments:
Post a Comment