အီဗရာဟင် လင်ကွန်း ကိုတော့ ကြားဖူးကြမှာပါ
အမေရိကန်ပြည်ထောင်စုရဲ့
တစ်ဆယ့်ခြောက်ယောက်မြောက် သမ္မတ....
ငွေဝယ်ကျွန် စနစ်ကို ဖျက်သိမ်းခဲ့သူ...
ပြည်တွင်းစစ်ကို အနိုင်တိုက်ပြီး
အမေရိကန်ပြည်ထောင်စုကို စုစည်းခိုင်မြဲစေခဲ့သူ....
စသည့် စသည့် ကြီးကျယ်ခမ်းနားလှတဲ့
ပုဂ္ဂိုလ်တယောက်....
သူကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ ငွေဝယ်ကျွန်စနစ်ရဲ့
လူသားတွေအပေါ် သွေးစုပ်ခဲ့တဲ့ အဖြစ်သနစ်ကို
သွေးစုပ်ဖုတ်ကောင်တွေအဖြစ် ဒီဇာတ်ကားထဲမှာ
ပုံဖော်ထားပါတယ်..။
ဇာတ်လမ်း အစနားမှာပဲ သူ့မျက်စိအောက်မှာတင်
သူ့ရဲ့အမေဟာ သွေးစုပ်ဖုတ်ကောင်တွေ လက်ချက်နဲ့
အသက်ဆုံးရှုံးခဲ့ရတယ်...။
အဲဒီကစလို့ သွေးစုပ်ဖုတ်ကောင်တွေကို ကလဲ့စားချေဖို့
သူဆုံးဖြတ်ခဲ့တယ် ..။ဒါပေမယ့် ပထမ အကြိမ်မှာပဲ
သူရှုံးနိမ့်ခဲ့ရတယ် အဲဒီမှာ သွေးစုပ်ဖုတ်ကောင်တွေအပေါ်
နာကျည်းချက်ကြီးကြီးနဲ့ သုတ်သင်ဖို့ ကြိုးစားနေတဲ့
ဟင်နရီ ကကယ်တင်ပြီး သွေးစုပ်ဖုတ်ကောင်တွေကို
သတ်ဖို့ သင်ပေးခဲ့တယ်...အဲဒီမှာ စည်းကမ်းချက်တွေ
ရှိတယ်..စည်းကမ်းချက်ထဲမှာ ချစ်သူမရှိရ ဆိုတာပါပေမယ့်
လင်ကွန်းဟာ မေရီ နဲ့ တွေ့ပြီး ချစ်သူတွေဖြစ်ခဲ့တယ်
သွေးစုပ်ဖုတ်ကောင်တွေကိုတယောက်ပြီး
တယောက် လိုက်လံသုတ်သင်ခဲ့တယ် ။
နောက်မှ သူသိရတာကတော့
ဟင်နရီ ကလည်း သွေးစုပ်ဖုတ်ကောင် ဖြစ်နေပြန်တယ်..။
လူသားတွေနဲ့ သွေးစုပ်ဖုတ်ကောင်တွေ
ကြီးကျယ်တဲ့ စစ်ပွဲတွေ ဖြစ်ခဲ့တယ်..။
movie.channyein.org
No comments:
Post a Comment