iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, August 19, 2015

ရေကြီးနေတဲ့ဇာတိမြို့ ကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ ခဲ့တဲ့ Arsenal ကစားသမား Alexis Sanchez



ချီလီနိုင်ငံအနှံ့ အပြားမှာ မုန်တိုင်းဝင်ရောက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Alexis Sanchez ရဲ့ မွေးရပ်ဇာတိမြို့ လေး Tocopilla လည်း ရေလွှမ်းမိုးခံခဲ့ရပါတယ်။ ရေလွှမ်းမိုးမှုကြောင့် မြို့ လေးရဲ့အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပြီး လူ့ အသက်များစွာပါ ဆုံးရှုံးခဲ့ရပါတယ်။

Tocopilla မြို့ လေးအပေါ် ကျေးဇူးမမေ့ဘဲသစ္စာရှိတဲ့ Sanchez ဟာ လော်ရီကားနှစ်စီး အပြည့် သောက်ရေ၊ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ရှေးဦးသူနာပြုပစ္စည်းတွေကို ရေဘေးသင့်မြို့ ဆီ ပို့ ဆောင်ပေးခဲ့ပါတယ်။

ချီလီသတင်းစာ La Tercera မှာ ဖော်ပြထားချက်အရ လော်ရီကားနှစ်စီးဟာ မြို့ လေးဆီ တနင်္လာနေ့ က ရောက်ရှိလာပြီး မြို့ တော်ဝန် Fernando San Roman က Sanchez ဟာ ရေကြီးတဲ့သတင်းကြားကြားချင်း ချက်ချင်းအကူအညီလွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

“ သူဟာ သူ့ ရဲ့မွေးရပ်မြေကို မမေ့သေးပါဘူး။ ဒါကြောင့်မို့ လို့ သူ ပါဝင်ကူညီချင်ခဲ့တာဖြစ်တယ်” လို့ မြို့ တော်ဝန်က ပြောပြခဲ့ပါတယ်။ “ Tocopilla မြို့ သူမြို့ သားတွေကို အကူအညီစေလွှတ်ဖို့ အတွက် ကျွန်တော်တို့ နဲ့ သူ ဆက်သွယ်ခဲ့ပါတယ်၊ တခြားပစ္စည်းတွေအပါအ၀င် သောက်ရေသန့် ဘူးတွေ၊ ရှေးဦးသူနာပြုပစ္စည်းတွေနဲ့ အ၀တ်အစားတွေပို့ ပေးဖို့ အရင်ဆုံးဆွေးနွေးတိုင်ပင် ခဲ့ကြပြီး အဲဒီပစ္စည်းတွေက အခုဆို ဒီကိုရောက်နေပါပြီ”

Sanchez ရဲ့ မိသားစုဝင်တွေနဲ့ ကိုယ်စားလှယ်တွေကလည်း အကူအညီပေးရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်နေကြပြီး အကူအညီပစ္စည်းတွေကို သိပ်မကြာခင်မှာပဲ ဝေဌပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment