iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 8, 2015

ရေအိုင်အတွင်းကျနေသည့် ဓာတ်ကြိုးအားနင်းမိသဖြင့် ဓာတ်လိုက်သေဆုံး


နေပြည်တော်၊ ဩဂုတ် ၇

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာတွင် လူတစ်ဦးဓာတ်လိုက်သေဆုံးကြောင်း သတင်းအရ မင်းတုန်း မြို့နယ်၊ မြောက်ပြင်ရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

 စစ်ဆေးချက်အရ အဆိုပါကျေးရွာနေ ဇော်လင်းထွန်း(၂၆)နှစ်သည် တောထဲမှ နေအိမ်သို့ ပြန်လာစဉ် ရွာဝင်လမ်းအရောက် ကျေးရွာမီးစက်မှမီးပေးထားသော လျှပ်စစ်မီးကြိုးမှာ ရေအိုင် အတွင်း ပြုတ်ကျနေသည်ကိုမသိဘဲ တက်နင်းမိသောကြောင့် ဓာတ်လိုက်သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းတုန်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၅)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment