iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, August 16, 2015

ညီအစ်ကိုချင်း စကားများရာမှ လူသတ်မှု ထီးချိုင့်မြို့နယ်၌ ဖြစ်ပွား


  ထီးချိုင့် သြဂုတ် ၁၅

  စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ရဲစခန်းအရှေ့မြောက် (၁၂) မိုင်ခန့်အကွာရှိ အင်းဒေါင်းအုပ်စု ကျောင်းလမ်းရွာတွင် ညီအစ်ကိုချင်း စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၃ ရက် ည ၇ နာရီခွဲက ထီးချိုင့်မြို့နယ် ကျောင်း လမ်းရွာနေ ကိုမင်းအောင် (၃၇ နှစ်)သည် နေအိမ်၌ ဇနီးဖြစ်သူမအေးခိုင်နှင့်အတူ နေအိမ်သို့အလည်ရောက်ရှိနေသူ တစ်ရွာတည်းနေ ကိုရွှေဗျိုင်း၊ ကိုဦးတို့ နှင့်စကားပြောဆိုနေရာမှ အစ်ကိုဖြစ်သူ မောင်ဦးနှင့်ညီငယ်ဖြစ်သူ ကောင်း ထွန်းတို့မှာ စကားများပြီး လုံးထွေးသတ်ပုတ်နေကြကြောင်း၊ ညီငယ်ဖြစ်သူ ကောင်းထွန်းမှာ အသင့်ပါလာသော ဓားရှည်ဖြင့်ထိုးသည်ကို မြင်တွေ့ရပြီး ၄င်းအနေဖြင့် ဝင်ရောက်ဟန့်တားမည်ပြုစဉ် မောင်ဦးမှာ မြေကြီးပေါ်သို့ လဲကျသွားသည်ကို မြင်တွေ့ရကြောင်း၊ အစ်ကိုဖြစ်သူ မောင်ဦး (၃၈ နှစ် )ကျောင်းလမ်းရွာ အင်းဒေါင်းအုပ်စု ထီးချိုင့်မြို့နယ်နေသူမှာ ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

အမှုမှ ကောင်းထွန်း (၃၇ နှစ်) ကျောင်းလမ်းရွာ အင်းဒေါင်းအုပ်စု ထီးချိုင့်မြို့နယ်နေသူအား ထီးချိုင့်မြို့မရဲစခန်းက အမှုစစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 ဦးရဲ (ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment