iCon
zawgyi သို့ မဟုတ် unicode
Monday, August 31, 2015
အလုပ်ပြုတ်အောင် လုပ်သဖြင့် သူငယ်ချင်းကို အက်စစ်ဖြင့် ပက်
ထိုင်းနိုင်ငံမှာ ဖူးခက်၊ ကသူဒေသမှာ မြန်မာမိန်းခလေးငယ်တဦးကို သူ၏ အရင်းနှီးဆုံးသူငယ်ချင်းက အက်ဆစ်နှင့် ပက်လိုက်သည့်အတွက် ဘယ်ဘယ်မျက်လုံးကန်းသွားပြီး မျက်နှာနှင့်ကိုယ်ပေါ်မှာ ပြင်းထန်စွာဒဏ်ရာရသွားကြောင်း သိရပါသည်။ ယခုအချိန်ထိ အဆိုပါ မိန်းခလေးသည် စိုးရိမ်စရာ အခြေအနေနှင့် ဗာဂျီရာဆေးရုံမှာ တင်ထားရဆဲဖြစ်သည်။
သြဂူတ်လ၂၇ ရက်နေ့က မနက် ၁၀ နာရီ တွင် အသက်၂၂နှစ်အရွယ် မကသာ ကို ဖောမစ်အက်ဆစ်ဖြင့် ပက်ခဲ့သည့်အတွက် အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသမီး မသဇင်မိုး ကို ထိုင်းရဲက ဖမ်းဆီးခဲ့ပါသည်။
သူက သြဂုတ်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ပတွန်ဒေကစားသောက်ဆိုင်တခုရှေ့ မှာ အက်ဆစ်နှင့် ပက်ခဲ့တာဖြစ်ပါသည်။ မကသာ မှာ မျက်နှာမှာ ပြင်းပြင်းထန်ထန် အက်ဆစ်လောင်ခံရမှုကြောင့် မျက်လုံးနှစ်ဘက်စလုံး မမြင်ရတော့သလို နားများကလည်း မကြားရတော့ဟု ဆိုပါသည်။ မကသာ ကို ပတွန်ဆေးရုံသို့ ဒေသခံများက တင်ပေးခဲပြီး ဒဏ်ရာများဖြင့် မေ့မျောသတိလစ်နေသည့်အတွက် ဗာဂျီရာဆေးရုံကြီသို့ လွဲပြောင်း ကုသပေးနေခြင်း ဖြစ်သည်။ တရားခံ မသဇင်မိုး သည် မကသာ ကို အက်ဆစ်နှင့် ပက်ပြီးပြီးခြင်း ဟွန်ဒါဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သည်ဟူ ဒေသခံများက ပြောပါသည်။
“CCTV မှာ သဇင်မိုး က မနက်ကတည်းက စားသောက်ဆိုင်ထဲက စောင့်နေတာကို တွေ့ရတယ်။ အက်ဆစ်နဲ့ ပက်ပြီးတော့ ဆိုင်ကယ်နဲ့ ထွက်ပြေးတယ်။ .ကျနော်တို့ စုံစမ်းမေးမြန်းပြီး တော့ ဖုးခက်တရားရုံးက ဖမ်းဝရမ်းထုတ်တယ်” ဟု ဒေသခံရဲမှုးက ပြောကြားသည်။
မကသာ၏ ဖုန်းကနေ သဇင်မိုး၏ ဖုန်းကို ရဲများက ရခဲ့ပြီး ရာဇဒါအရပ်က ငှားထားသော အိမ်တလုံးမှာ ပုန်းနေသော သဇင်မိုး ကို ဖမ်းဆီးနိုင်ခဲ့သည်။ “ကျနော်တို့ ရောက်သွားတော့ သဇင်မိုး က သည်ကနေထွက်ပြေးဖို့ အ၀တ်တွေတောင်သိမ်းနေပြီ မသဇင်မိုး ကို ယခုအခါ ထိုင်းနိုင်ငံ ဖူးခက်ဒေသ ကသူရဲစခန်းမှာ ဖမ်းထားပါသည်။ အလုပ်ပြုတ်အောင် လုပ်ခဲ့သည့်အတွက် ယခုလို သူငယ်ချင်းကို အက်ဆစ်နှင့် ပက်ရခြင်း ဖြစ်သည်ဟု မသဇင်မိုး က ထွက်ဆိုခဲ့ပါသည်။
လင်းလင်း
The Ladies News Journal
https://www.facebook.com/News.TheLadies
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)


No comments:
Post a Comment