![]() |
| ကြိုးဂွင်း နမူနာ ဓါတ်ပုံသာ ဖြစ်ပြီး ကြိုးဆွဲချသေပုံ မဟုတ်ပါ။ ဓါတ်ပုံ - အင်တာနက် |
သြဂုတ်လ (၁၈) ရက်နေ့ ညနေ (၆) နာရီအချိန်တွင် လူတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိ၍ သက်သေများဖြင့် သွားရောက် ကြည့်ရှုရာ သေဆုံးသူသည် ၎င်း၏ နေအိမ် အိပ်ခန်းအတွင်းရှိ အမြင့်(၁၀) ပေခန့် ၀ါးထုတ်တန်းတွင် အရှည် (၁၀) ပေခန့် အစိမ်းရောင်သုံး မူးလုံး နိုင်လွန်ကြိုးဖြင့် ကြိုးကွင်းစွပ်ကာ သေဆုံးနေကြောင်း သိရသည်။
အခင်းဖြစ်ပွားရာ နေအိမ် ပတ်ဝန်းကျင် အားစုံစမ်းရာတွင် သေဆုံးသူသည် လူငယ် သဘာဝ အချစ်ရေးကိစ္စ အဆင်မပြေ၍ အိမ်သားများ အလုပ် သွားနေချိန် ကြိုးဆွဲချကာ သေဆုံးခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့က သိရသည်။
ယင်းအမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် သန်လျင် မြို့နယ် ဆေးရုံသို့ ပေးပို့ကာ ဒုရဲမူးတင်ထွန်းမှ တရားလို ပြုလုပ်၍ သေမှုသေခင်း အမှတ်စဉ် (၄၀/၂၀၁၅) ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ဆုသန္တာအောင်
The Messenger Media
http://messengernewsjournal.com

No comments:
Post a Comment