iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 8, 2015

ပွင့်ဖြူမြို့ နယ်မှာ လူတစ်ဦး ဓာတ်လိုက်၍ သေဆုံး


နေပြည်တော်၊ သြဂုတ် ၈

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သရက်တောကျေးရွာတွင် လူတစ်ဦးဓာတ်လိုက်သေဆုံးကြောင်း သတင်းအရ လယ်ကိုင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 ထိုသို့စစ်ဆေးရာ အဆိုပါကျေးရွာနေ ကိုမြင့်သူ(၄၂)နှစ်သည် နေအိမ်ရှေ့ရှိ လျှပ်စစ်မီတာဘောက်မှ ဓာတ်ကြိုးအား ပြန်လည်တပ်ဆင်ရာ လျှပ်စစ်ဓာတ်အားရှိသည့်ကြိုးစကို ကိုင်မိရာက ဓာတ်လိုက် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရပြီး လယ်ကိုင်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၅)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment