ဓါတ်ပုံ - အင်တာနက် |
''အဓမ္မမှု (၄၂) မှုရှိတဲ့ အထဲမှာ သက်ငယ် မုဒိမ်းမှုက (၂၁) မှု ပါဝင်ခဲ့တယ်။ ပြောရရင်တော့ တစ်ဝက်လောက် ရှိနေတယ်။ များသောအားဖြင့်တော့ (၁၄) နှစ်အောက် ကလေးငယ်တွေကို ပစ်မှတ်ထားတာကို တွေ့ခဲ့ရတယ်။ သက်ငယ် မုဒိမ်းမှု ဆိုတာက မိဘတွေနဲ့လည်း အများကြီး ဆိုင်ပါတယ်။ ကိုယ့်ကလေးကို စိတ်ချလက်ချထားပြီး တစ်ယောက်တည်း ထားတဲ့ အချိန်တွေမှာ ပိုဖြစ်တာကို တွေ့ရပါတယ်'' ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မူးရုံးမှ ရဲမူးကြီး နေထွန်းက The Messenger Media သို့ပြောသည်။
သက်ငယ် မုဒိမ်းမှုများမှာ ရွေဘိုခရိုင်တွင် အများဆုံး ဖြစ်ပွားခဲ့ပြီး မုံရွာခရိုင်တွင် အနည်းဆုံး ဖြစ်ကြောင်း၊ အမှုများသည် ကလေးငယ်များ၏ မိဘများ မရှိသည့်အချိန်တွင် သက်ငယ် မုဒိမ်းကျင့်ခံရမှုများ ပိုမို ဖြစ်ပွားခဲ့ကြောင်း အဆိုပါ တိုင်းရဲတပ်ဖွဲ့မူးက ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီးတွင် ခရိုင် (၁၀) ခရိုင်၊ မြို့နယ် (၃၇) မြို့နယ်ဖြင့် ဖွဲ့စည်းထားခဲ့ပြီး မှုခင်းကျဆင်းရေးများကို လုပ်ဆောင်နေချိန်တွင် အဓမ္မမှုများ ဖြစ်ပွားမှု မြင့်တက်နေခဲ့ခြင်း ဖြစ်ကြောင်း ယင်းအမှုများထဲတွင် အသက် (၁၆) နှစ်အောက် ကလေးငယ်များ အဓမ္မကျင့်ခံရမှုမှာ လစဉ် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။
လင်းလင်းမောင်
The Messenger Media
http://www.messengerdaily.com
No comments:
Post a Comment