iCon
zawgyi သို့ မဟုတ် unicode
Saturday, August 29, 2015
မန်ယူ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့မှုကြောင့် မန်ယူ ပရိတ်သတ် အယောက် ၄၀ ခန့် ကို ဖမ်းဆီးထား
ဗုဒ္ဓဟူးနေ့ ညက Club Burges ကို မန်ချက်စတာယူနိုက်တက် အသင်းက ၀-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ဘောလုံးပရိတ်သတ်အများအပြားဖမ်းဆီးခံထားရပါတယ်။
Belgium နိုင်ငံ၊ Bruges မြို့ က လက်မှတ်မရပဲလာရောက်အားပေးခဲ့တဲ့မန်ယူပရိတ်သတ်တွေ စုကြည့်နေတဲ့ Charlie Rockets အရက်ဆိုင်ကို Bruges ပရိတ်သတ် လူရမ်းကားတစ်အုပ်က လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်ဂျီယံရဲတွေဟာ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းဆိုသလိုရောက်ရှိလာပြီး အခြေအနေပိုမို မဆိုးရွားခင် အုပ်စုနှစ်စုကို ၀င်ခွဲခဲ့ရတယ်လို့ သိရှိရပါတယ်။
ရဲတွေဟာ အရက်ဆိုင်ကို ရှင်းလင်းခဲ့ပြီး Bruges မြို့ သား ၁၅ ယောက်နဲ့ မန်ယူပရိတ်သတ် ၂၅ ယောက်ကို ဖမ်းဆီးသွားခဲ့ပြီး စစ်ဆေးမေးမြန်းဖို့ အတွက် အနီးစပ်ဆုံးရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ အရက်ဆိုင်ဟာ ဆိုင်ကယ်သမားတွေကျက်စားရာ နာမည်ကျော်နေရာ ဖြစ်ပြီး ဖမ်းဆီးထားတဲ့ မန်ယူပရိတ်သတ်တွေထဲ ၂၃ ယောက်ကို ပြန်လည်လွှတ်ပေးခဲ့ကာ ၂ ယောက်ကိုတော့ အချုပ်ထဲမှာ ဆက်လက်ထိန်းသိမ်းထားပါတယ်။
Club Bruges နဲ့ မန်ချက်စတာယူနိုက် တက် အသင်း တို့ ဒုတိယအကျော့ပွဲစဉ်မှာ မန်ယူအသင်းက Wayne Rooney ရဲ့ ဟက်ထရစ်ဂိုးနဲ့ Ander Herrera ရဲ့ သွင်းဂိုးတို့ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ကာ နှစ်ကျော့ပေါင်း ၇-၁ ဂိုးနဲ့  အုပ်စုအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(အားကစား)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment