iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, August 10, 2015

ကျောင်းသူတစ်ဦး တို့ဆေးမိ


      စစ်ကိုင်းမြို့တွင် ကျောင်းလာ တက်နေသည့် ဒဿမတန်း ကျောင်းသူတစ်ဦးတို့ ဆေးမိကာ အသိစိတ်ပျောက် လျှောက်သွားနေမှုအား သက်ဆိုင်ရာ အကူအညီဖြင့် ပြန်လည် ခေါ်ယူနိုင်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ ရုံးထံမှ သိရသည်။

      အဆိုပါ ဖြစ်စဉ်သည် ယခုလ (၆) ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး၊ စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်နေ အဒေါ်ဖြစ်သူထံ ဒဿမတန်း ပညာ လာရောက်ဆည်းပူးနေသည့် ကျောင်းသူ မ......(၁၅)နှစ်သည် နေ့လယ် ကျောင်းဆင်းချိန် ထမင်းစားပြီး၊ အထက (၁) ကျောင်းရှေ့သို့ အရောက်တွင် အမည်မသိ လူတစ်ဦးမှ လည်ပင်အား လှမ်းပုတ်ရာမှ အသိစိတ် ပျောက်သွားခြင်း ဖြစ်ကြောင်း  ပထမ သတင်းပေးချက်များ အရ သိရသည်။

      အသက် (၄၅) နှစ်အရွယ် အင်္ကျီဖြူ လက်တိုဝတ်ဆင်ထားသည့် အမျိုးသား တစ်ဦးမှ လက်ဖြင့်လှမ်းပုတ်ခဲ့ပြီး အသိစိတ် များပျောက်ကာ ကျောင်းနှင့် သုံးမိုင်ခန့် ဝေးသည့် ကြွယ်လူး ကျေးရွာသို့ အရောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တွေ့ရှိခဲ့၍ သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည်။

      ယင်းသို့ ဒဿမတန်း ကျောင်းသူအား တို့ဆေးဖြင့် တို့ခဲ့သည့်သူအား သက်ဆိုင်ရာမှ စုံစမ်းမှုများပြုလုပ်ပြီး ဖမ်းဆီး နိုင်ရေးအတွက် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း အဆိုပါ တိုင်းရဲရုံးထံမှ ထပ်မံသိရသည်။

The Messenger
http://messengernewsjournal.com

No comments:

Post a Comment