iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, August 10, 2015

ဓားထောက်ခြိမ်းခြောက် ငွေတောင်းသူအား ဝိုင်းဝန်းဖမ်းဆီး

 ဓားထောက်ငွေတောင်းသူအား ဝိုင်းဝန်းဖမ်းဆီးအရေးယူထား
 နေပြည်တော်၊ ဩဂုတ် ၉

 ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေ ကိုနေလင်းထွဋ်(၃၂)နှစ်သည် နေအိမ်တိုက်ခန်းတွင်ရှိနေစဉ် အခန်းချင်း ကပ်လျက်ရှိ တူဖြစ်သူ မောင်စံလင်းမောင်(၁၅)နှစ်နှင့် မဇင်နွယ်ဦး(၂၁)နှစ်တို့၏ အော်သံကြား သဖြင့် တံခါးဖွင့်ကြည့်ရာ မောင်စံလင်းမောင်အား အမျိုးသားတစ်ဦးက ဓားထောက်ချိန်ရွယ်ထားပြီး ငွေကျပ်(၃)သိန်းပေးရန်နှင့် မပေးပါက မောင်စံလင်းမောင်အား သတ်မည်ဟုခြိမ်းခြောက်သည့်အပြင် ငွေကျပ်(၃)သိန်းယူဆောင်လာပြီး ၎င်းနောက်သို့လိုက်ခဲ့ရန်ပြောကာ မောင်စံလင်းမောင်အား အပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ခေါ်ဆောင်သွားသောကြောင့် ပတ်ဝန်းကျင်အားဆက်သွယ် အကူအညီတောင်းရာ ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များရောက်ရှိလာပြီး ရပ်ကွက်အတွင်း လိုက်လံပိတ်ဆို့ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေစဉ် ည ၁၁ နာရီ ၃၀ မိနစ်အချိန် (ဈ)ရပ်ကွက်၊ အမှတ်(၆) ရေဆိုးပစ်မြောင်းတံတားအနီးတွင် မောင်စံလင်းမောင်နှင့် အမည်မသိအမျိုးသားတို့ကို တွေ့ရှိသဖြင့် ဝိုင်းဝန်းဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ဓားထောက်၍ ငွေတောင်းသူမှာ အမရပူရ မြို့နယ်၊ မြစ်ငယ်မြို့၊ စည်ပင်ရွာနေ သိန်းမင်းသန်း(ခ)ကုလားလေး(၂၂)နှစ်ဖြစ်ပြီး ၎င်းထံမှ အရိုး အသွား(၁၀)လက်မခွဲခန့်ရှိ ဓားဦးချွန်တစ်ချောင်း သိမ်းဆည်းရမိခဲ့သောကြောင့် သိန်းမင်းသန်း(ခ) ကုလားလေးအား ပြည်ကြီးတံခွန်မြို့မရဲစခန်း(ပ)၄၇၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment