ဂျပန်နိုင်ငံ၊ အိုစာကာမြို့ရှိ မြေအောက် ရထား ဘူတာ တစ်ခုမှာ အဆင့်မြင့်
ကင်မရာများ စတင်တပ်ဆင်ပါပြီ။ ယင်းကတော့ အရက်မူးနေသူများကို ထောက်လှမ်းပြီး
ပြသနိုင်မယ့် ကင်မရာ ဖြစ်ပါတယ်။ ကင်မရာဟာ သွားလာနေတဲ့ လူများကို ကြည့်ပြီး
ခါးကုန်းပြီး နေနေသူ၊ လမ်းလျှောက်တာ သာမန်လို မဟုတ်ပဲ ဒယိမ်းဒယိုင်
ဖြစ်နေသူ၊ ထိုင်ခုံမှာ ခပ်ကြာကြာ ထိုင်နေသူ အစရှိသဖြင့်တို့ကို အရက်မူး
သမားအဖြစ် မှတ်ယူပြီး အချက်ပြမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကင်မရာကပြတဲ့ ပုံရိပ်ကို စောင့်ကြည့်နေတဲ့ လူကနေပြီးတော့
ဘူတာရုံက ရဲကို အချက်ပြပေးပြီး ပြသထားတဲ့ လူများဆီကို သွားရောက်လို့ စစ်ဆေး
ကူညီနိုင်မှာ ဖြစ်ပါတယ်။ ဂျပန်မှာ ၂၀၁၃ ခုနှစ်အတွင်းက မြေအောက်
ရထားဘူတာရုံတွေဟာ အက်ဆီးဒန့်ဖြစ်တာက လူဦးရေ ၂၀၀ ကျော် ရှိခဲ့ပြီး ၆၀
ရာခိုင်နှုန်းကျော်ဟာ အရက်မူးခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့
အက်ဆီးဒန့်ကို လျော့ချရန် အတွက် ရည်ရွယ်လို့ ကွန်ပြူတာ မှတ်ဥာဏ် ပါဝင်တဲ့
ကင်မရာများကို စတင် တပ်ဆင်ခြင်း ဖြစ်ပါတယ်။ ကင်မရာအတွင်းမှာ ပေါ်နေတဲ့
လူပုံရိပ်ဟာ ရာဂဏန်း ရှိပြီး ယင်း ရာဂဏန်း စလုံးကို လေ့လာ
ထောက်လမ်းဖို့ဆိုတာ နည်းနည်းနောနော intelligence မဟုတ်ပါဘူး။ ယင်း
intelligence ပါဝင်တဲ့ system ကို ဂျပန်မှာပဲ စတင် အသုံးပြုပါသေးတယ်။
သူ့ကို အသုံးပြုမယ်ဆိုရင် လက်ရှိ အသုံးပြုနေတဲ့ လုံခြုံရေး ကင်မရာ နဲ့
ကင်မရာ ထိန်းချုပ် စင်တာတို့မှာ အစားထိုး အသုံးပြုရုံပဲ ဖြစ်ပါတယ်။
အသုံးပြုရန်လည်း လွယ်ကူ ပါတယ်။
အိုစာကာက ဘူတာရုံမှာတင် မက အခြားသော မြို့များမှ ဘူတာရုံများအထိ
တပ်ဆင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဂျပန်အနေနဲ့ မြန်မာပြည်မှာ
သူတို့နိုင်ငံက အသုံးပြုတဲ့ ရထားပို့ဆောင်ရေး စနစ် ရောက်ရှိလာမယ်ဆိုတော့
ယင်း ကင်မရာ လုံခြုံရေး နည်းပညာပါ ပါဝင်လာခြင်း ရှိမရှိဆိုတာ စိတ်ဝင်စားစရာ
ပါပဲ။
.
Ref: the verge
အောင်ခမ်း (MMAS)
No comments:
Post a Comment