iCon
zawgyi သို့ မဟုတ် unicode
Tuesday, August 18, 2015
မီးရထားပေါ် ရွှေဆွဲကြိုးလုယူသူအား ၁၂ နာရီအတွင်း ဖမ်းဆီးမိ
ပျဉ်းမနား သြဂုတ် ၁၇
မန္တလေး-ရန်ကုန် အမှတ်(၆)အစုန်ရထားပေါ်တွင် သြဂုတ် ၁၆ ရက်က ခရီးသွားပြည်သူ ကျောင်း ဆရာမတစ်ဦး ပျဉ်းမနား ဘူတာ ရထားအထွက်၌ လည်ပင်းတွင် ဆွဲ ထားသော ရွှေဆွဲကြိုးလုယူခံရမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ သြဂုတ် ၁၆ ရက် ညနေ ၃ နာရီက ဒေါ်စန်းစန်းနု (၄၇ နှစ်) ကျောင်းဆရာမ နန်းတွင်း၊ မန္တလေးတိုင်းဒေသကြီးနေသူသည် မိသားစုနှင့်အတူ မန္တလေးဘူတာမှ ထွက်ခွာလာသော အမှတ်(၆) အစုန် ရထားအထက်တန်းတွဲ(၃)မှ လိုက်ပါ ၍ ရန်ကုန်သို့သွားရောက်ခဲ့ရာ ပျဉ်းမနားဘူတာသို့ ည ၉ နာရီတွင် ရောက်ရှိခဲ့ပြီး ပျဉ်းမနားဘူတာမှ ရထားပြန်ထွက်စဉ် ပျဉ်းမနားမြို့ တောင်သာရပ်ကွက် အလံကိုးစင်း သံလမ်းကူး ဂိတ်အနီးအရောက်တွင် ဒေါ်စန်းစန်းနု၏ လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုး (ကာလ တန်ဖိုးငွေကျပ် ၁၅ သိန်း)ကို လုယူ ခံခဲ့ရ၍ ပြစ်မှုကျူးလွန်သူကို စုံစမ်း စစ်ဆေးအရေးယူပေးပါရန် ဒေါ်စန်း စန်းနုက ပျဉ်းမနားမြို့မရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သည်။
အမှုနှင့်ပတ်သက်၍ အမြန် မီးရထားများပေါ်တွင် ဈေးရောင်း လေ့ရှိသူ စည်သူအောင်(၂၅ နှစ်)၊ ရန်အောင်(၂)ရပ်ကွက် ပျဉ်းမနားမြို့ နေသူသည် အမှတ်(၆) အစုန်ရထား ပေါ်တွင်လိုက်ပါခဲ့သည်ဟု သတင်း ရရှိ၍ ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မိုးဦး၊ ပျဉ်းမနားမြို့မ ရဲစခန်းမှူးနှင့် ပူးပေါင်းအဖွဲ့သည် စည်သူအောင်ကို လိုက်လံရှာဖွေရာ ရန်အောင် (၂) ရပ်ကွက် ရန်နိုင်(၂) နယ်မြေတွင် နေထိုင်သူ ဇော်ကြီး၏ နေအိမ်သို့သွားရောက်ကြောင်း သိရှိ ရ၍ သွားရောက်ရှာဖွေရာ စည်သူ အောင်ကို နေအိမ်အတွင်းတွေ့ရှိ၍ ဖမ်းဆီးစစ်ဆေးမေးမြန်းရာ ဇော်ကြီး ထံ အပ်ထားသော ရွှေဆွဲကြိုး ကို ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စည်သူ အောင်နှင့် သက်သေခံပစ္စည်းကို လက်ခံထားရှိသူ ဇော်ကြီး(၄၁ နှစ်)ကို သက်ဆိုင်ရာက ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ သည်။
မျိုးဇေယျာ(ပျဉ်းမနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment