iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, August 19, 2015

ရေကူးသမား များအတွက် စမတ်နာရီ

ကျွန်တော် ဘယ်လောက်ပဲ အလုပ်များများ မဖြစ်မနေ လုပ်ဖြစ်တာက ရေကူးခြင်းပါ။ တစ်ရက်တစ်ရက် ကျွန်တော်ရေကူးတာ ဘယ်လောက်ရှိတယ်ဆိုတာ တော်တော် တိုင်းရခက်တယ်ဗျ။ ကိုယ်တိုင်တော့ ကြိုးစားတိုင်းတယ်။ ကန်တော်ကြီးက ရေကူးကန်တစ်ခုဆိုတော့ သူက ကြိုးတားထားတယ်။ ၂၅ မီတာ အရှည်လို့ ရေကူးကန် ဝန်ထမ်းက ပြောတော့ ကျွန်တော်က အဲ့ ၂၅ မီတာ ကို အခါပေါင်း ၃၀ အမြဲ ပုံမှန်ကူးတယ်။
ဒီတော့ ၂၅ မီတာကို ၃ နဲ့ မြောက်ကတော့ မီတာ ၇၅၀ ပေါ့။ ဒါတင် မပြီးသေးဗျ။ ဒိုင်ဗင်ထိုးချ ရေငုပ်တာကိုလည်း ကန်တစ်ဝက်လောက်ရောက်အောင် ကူးတာမျိုး လုပ်တော့ အဲ့ဒါက ပေါင်းလိုက်ရင် မီတာ ၁၀၀ ရှိတယ်။ အဲ့မှာတင် သင်္ချာနဲ့ အလုပ်ရှုပ်တ်။ ကူးတော့လည်း နှေးနှေးကူးတာရှိတယ်။ မြန်မြန်ကူးတာ ရှိတယ်။ ကိုယ်တွေ ဘယ်လောက် ကြိုးစားကူးတာ သိပေမယ့် ဘော်ဒါတွေကို ပြန်ကြွားပြတဲ့ငါ ရေကူးတာ တစ်နာရီကြာတယ်ကွလို့ ပြောရင် ဒီကောင် ဘေးဘောင်မှာ စိမ်နေတာလို့ပဲ သတ်မှတ်ကြတယ်။ မီတာ ၈၀၀ ကူးတယ်ဆိုရင်လည်း မယုံကြဘူး။ ရေကူးပြီးတော့ ခု မာရသွန်နီးပြီဆိုတော့ စနေ၊ တနင်္ဂနွေ ကို တစ်ရက် ၁၅ ကီလိုမီတာ ပြေးတယ်ဗျ။ ဒါကျတော့ Moto 360 အားအပြည့်သွင်း ပတ်ပြီး ပြေးတာကြောင့် လိမ်တယ်မထင်အောင် သက်သေပြလို့ရတယ်ဗျ။
ဒီတော့ ရေကူးသမားတွေအတွက် စမတ်နာရီထွက်ရင် ဝယ်မယ်လို့ စိတ်ထဲမှာ တင်းထားတာ ကြာပြီ။ ရှိလည်းရှိပါတယ်။ ဒါမယ့် ဘယ်ဟာကောင်းမလဲ မသိလို့ စောင့်နေတာဗျ။ ယခု အသစ်ထွက်ပါတယ်။ Speed Shine လို့ အမည်ရပါတယ်။ ဈေးကတော့ ဒေါ်လာ ၈၀ ရှိပါတယ်။ ဒေါ်လာဈေး တက်တုန်းဆိုတော့ စိတ်လည်းလေတယ်ဗျာ။ ၁ သိန်းကျော်လောက်မယ်။
သူ့ကို အလူမီနီယံနဲ့ လုပ်ထားပြီး ပေါ့ပေါ့ပါးပါးရှိတာကြောင့် ရေကူးတဲ့အခါ သာမန် ကြိုးပျော့ တစ်ခု ပတ်ထားရုံလေးလိုပါပဲ။ သူက ဘာတွေတွက်ပေးလဲဆို.. ကူးတဲ့ Speed, ကူးတဲ့ မီတာ၊ ကူးတဲ့ အခါ လောင်ကျွမ်းသွားတဲ့ ကယ်လီုရီ တို့ ဖြစ်ပါတယ်။ အထူးခြားဆုံး တစ်ချက်က တစ်ခါအားအပြည့်သွင်းထားရင် ၆လ စလုံး အားထပ်သွင်းစရာ မလိုအပ်ခြင်း ဖြစ်ပါတယ်။ သူ့ကို ရေကူးရန်အတွက်သာ မက စက်ဘီးစီးတဲ့အခါရော အခြား အချိန်တွေမှာကော အသုံးပြု နိုင်ပါတယ်။ အဓိကကတော့ ရေကူးသမားများအတွက် ဖြစ်ပါတယ်။ LED မီးလုံးများက ပတ်လည် လင်းနေပါလိမ့်မယ်။ သူ့ကနေ Status ကို ကြည့်ချင်ရင်တော့ ဖုန်းကနေ ကြည့်ရပါလိမ့်မယ်။ iOS, Android App တို့ ထွက်ရှိပါတယ်။
ကျနော့လိုပဲ ရေကူးဝါသနာရှင်များအတွက် Speed Shine ကို မျှဝေပေးလိုက်ရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:

Post a Comment