iCon
zawgyi သို့ မဟုတ် unicode
Monday, August 17, 2015
City of Ember (2008)မြန်မာစာတန်းထိုး 649.8 MB
ဒီကားလေးကတော့ ကျွန်တော်ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ ကားတစ်ကားပါ.... စိတ်ဝင်စားဖို့ကောင်းတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်... ဇတ်လမ်းအရဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး လူသားတွေနေထိုင်ဖို့အတွက် ခက်ခဲတဲ့အချိန်ကိုရောက်နေပါပြီ... ဒီအချိန်မှာ လူမျိုးတစ်စုရဲ့ ဆိုင်ရာဆိုင်ရာနည်းပညာရှင် အတတ်ပညာရှင်တွေစုပေါင်းပြီးတော့ လူသားတွေနေထိုင်ဖို့အတွက် မြေအောက်မြို့တော်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်...အဲ့ဒီမြို့တော်မှာနေထိုင်ကြတဲ့သူတွေဟာ ပြင်ပလောကကမ္ဘာကြီးနဲ့ မထိတွေ့ရတော့ပါဘူး...
ဒီလိုနေထိုင်နေကြမယ့်အချိန်မှာ ပညာရှင်တွေစုပေါင်း ဆွေးနွေးပြီးတော့ သေတ္တာလေးတစ်လုံးကိုပြုလုပ်ခဲ့ပါတယ်... ပြီးတော့ သေတ္တာလေးမှာ အချိန်ကာလတစ်ခုကို သတ်မှတ်ထားခဲ့ပါတယ်...(သတ်မှတ်ထားတဲ့ အချိန်ကာလပြည့်သွားတာနဲ့ သေတ္တာလေးက ပွင့်သွားမှာပါ)...ဒီလိုနဲ့ သေတ္တာလေးကို မြို့ရဲ့ အုပ်ချုပ်တွေတစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ပါတယ်...ကြာလာတော့ သေတ္တာလေးအကြောင်းကိုမေ့လာကြပြီး ဟိုရောက်ဒီရောက်နဲ့ သေတ္တာလေးဟာချောင်တစ်ချောင်ထဲရောက်သွားပါတော့တယ်...ဒီလိုနဲ့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီး သေတ္တာလေးဟာ သူ့ဟာသူ ပွင့်သွားတဲ့အခါမှာတော့...... ဘာတွေဖြစ်လာမလဲ ?? သေတ္တာလေးထဲမှာ ဘာတွေရှိမလဲ ?? ဒါတွေကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြပါခင်ဗျာ...
ဒီကားလေးကြည့်ပြီးတဲ့အခါမှာလည်း ပရိတ်သတ်ရဲ့ အတွေးထဲမှာ ဒီကားလေးက အချိန်အရာတိုင်းအတာတစ်ခုအထိနေရာယူနေဦးမှာပါ... ဇာတ်လမ်းအမျိုးအစား Adventure, Family, Fantasy ဖြစ်ပြီး IMDb rating 6.5/10 ရရှိထားတဲ့ ဒီ City of Ember (မီးခဲမြို့တော်) ဆိုတဲ့ကားလေးဟာ လက်လွတ်မခံပဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း…
channelmyanmar.com
Labels:
Movies
Subscribe to:
Post Comments (Atom)
No comments:
Post a Comment