iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, August 19, 2015

ကမ္ဘာမှာ ဒါနစိတ်ထားအထက်သန်ဆုံး အားကစား သမား အဖြစ်သတ်မှတ်ခြင်းခံခဲ့ရတဲ့ Cristiano Ronaldo



ရီးရဲမက်ဒရစ် အသင်းရဲ့ တိုက်စစ်မှုး Cristiano Ronaldo ဟာ ကမ္ဘာမှာ ဒါနစိတ်ထားအထက်သန်ဆုံး အားကစားသမား အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

လူငယ်တို့ရဲ့ အသည်းစွဲ ပေါ်တူဂီ လက်ရွေးစင်ကစားသမားဟာ နီပေါ ငလျင် ဒုက္ခသည်တွေအတွက် စတာလင်ပေါင် ၅ သန်း အပါအ၀င် လူမှုရေးဆိုင်ရာ အလှုဒါန လိုအပ်မှု တွေအတွက် စတာလင်ပေါင်သန်းပေါင်းများစွာ လှုဒါန်းခဲ့မှုကြောင့် အခုလို သတ်မှတ်ခံရတာဖြစ်ပါတယ်။

သူ့ရဲ့ သဒ္ဒါတရားထက်သန်မှုတွေကြောင့်ပဲ အားကစားသမားတွေရဲ့ ကောင်းမှု စာရင်းမှာ ထိပ်ဆုံးကရပ်တည်ခွင့်ရခဲ့ပြီး ကမ္ဘာပေါ်မှာ သဒ္ဒါတရား အထက်သန်ဆုံး အားကစား ပညာရှင်တစ်ယောက်ဖြစ်လာခဲ့တာပါ။

"သူဟာ သူ့ရဲ့ အသက် ၁၀ နှစ်အရွယ် ပရိတ်သတ် တစ်ယောက် ဦးနှောက်ခွဲစိတ်မှုအတွက်လည်း စတာလင်ပေါင် ၈၃,၀၀၀ ကျော်ကို လှုဒါန်းခဲ့ဖူးသလို သူ့ရဲ့ အမေကို ကုသပေးခဲ့တဲ့ ပေါ်တူဂီက ကင်ဆာ စင်တာ ကိုလည်း ဒေါ်လာ ၁၆၅,၀၀၀ ကျော်လှုဒါန်းခဲ့ဖူးပါတယ်" လို့ Dosomething.org က တာဝန်ရှိသူတစ်ယောက်က ဆိုပါတယ်။

ဒိုလေးဟာ ရီးရဲမက်ဒရစ် အသင်းရဲ့ တိုက်စစ်မှုး တစ်ယောက်အဖြစ် တစ်ပတ်ကို စတာလင်ပေါင်၂၃၀,၀၀၀ ၀င်ငွေရရှိတယ်လို့ သိရပြီး သူ့မှာ အခြား သဘောတူစာချုပ်ဆိုင်ရာ စီးပွားရေးတွေလည်း ရှိနေပါသေးတယ်။

ကမ္ဘာမှာ ဒါနစိတ်ထားအထက်သန်ဆုံး အားကစားသမား အဖြစ်သတ်မှတ်ခြင်းခံခဲ့ရတဲ့ အခြား အားကစား သမားတွေကတော့ John Cena ၊ Serena Williams ၊ Yuna Kim ၊ Neymar ၊ Lebron James ၊ Heather O'Reilly ၊ Maria Sharapova ၊ Mo'ne David ၊ Richard Sherman တို့ပဲ ဖြစ်ကြပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment