iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, August 19, 2015

Dr.Dre ရဲ့ အယ်လ်ဘမ်အသစ် ထွက်ရှိပြီးပထမတစ်ပတ်အတွင်းမှာ Apple Music က နားထောင်မှုအရေအတွက် ၂၅ သန်းကျော်ရှိလာ



Hip Hop ဂီတအကျော်အမော်  Dr.Dre ရဲ့ အယ်လ်ဘမ်အသစ် Compton ဟာ ထွက်ရှိပြီးပထမတစ်ပတ်အတွင်းမှာပဲ Apple Music ကနေ stream နားထောင်မှုအကြိမ်ရေပေါင်း ၂၅ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

Apple ရဲ့ ပြောပြချက်အရ အဆိုပါအယ်လ်ဘမ်ကို iTunes ကနေ ဒေါင်းလုဒ်ဝယ်ယူမှုဟာလည်း သန်းတစ်ဝက်ခန့် ရှိပြီလို့ သိရပါတယ်။

Apple အလုပ်အမှုဆောင်အဖွဲ့ က ထုတ်ပြန်ခဲ့တဲ့အဆိုပါ ကြေငြာချက်စာရင်းမှာ တစ်ခွေလုံးကို အပြီးအပြည့်နားထောင်မှုအရေအတွက်လား ဒါမှမဟုတ် အခွေက တစ်ပုဒ်ချင်းစီကို နားထောင်တဲ့အရေအတွက်ပါ ပါလားဆိုတာကိုတော့ အသေးစိတ်ဖော်ပြထားချင်းတော့ မရှိပါဘူး။

Dr.Dre ရဲ့ ၁၆ နှစ်ကြာပြီးနောက် ပထမဆုံးထွက်ရှိခဲ့တဲ့ ‘Compton’ အယ်ဘ်ဘမ်ဟာ အမေရိကန်ဟစ်ဟော့ပ်ဂန္တ၀င်အဖွဲ့ NWA ရဲ့ အတ္ထုပတ္ထိရုပ်ရှင်ကား ‘Straight Outta Compton’ နဲ့ တစ်ပြိုင်တည်းလိုလိုထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

No comments:

Post a Comment