Facebook ဟာ နီပေါမှာဖြစ်ပွားသွားတဲ့ မြေငလျင်ဒုက္ခသည်များ နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရပ်ဝေးရပ်နီးမှ စေတနာရှင်တွေအလှူငွေလှူဒါန်းနိုင်အောင် Donate Button ကို Facebook မှာထည့်သွင်းပေးခဲ့ပါတယ်။ ဒါတွေကလည်း Facebook Book အသုံးပြုသူတို့ရဲ့ တောင်းဆိုချက်တွေကြောင့် Facebook က သူတို့ရဲ့ မတည်ငွေနဲ့အတူ Donte Button ကို ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကိုယ်ကျိုးမဖက် အများအကျိုးဆောင်ရွက်သူတို့အနေနဲ့ Facebook မှတစ်ဆင့်ရပ်ဝေးရပ်နီးမှ လူများထံသို့ အလှူငွေကောက်ခံတဲ့အခါ Facebook ကိုတောင်းဆိုစရာ မလိုတော့ပါဘူး။
Facebook မှာ အဆင်သင့်ထည့်သွင်းပေးပြီးသားဖြစ်တဲ့ Call to Action ဆိုတဲ့ Button ထဲတွင် Donate Now Button ကို ထည့်သွင်းနိုင်ပါပြီ။ ဒါပေမဲ့ စတင်ကြေငြာတဲ့အခါမှာတော့ အများအကျိုးအတွက်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများဖြစ်တဲ့ UNICEF, Red Cross နဲ့ DonorsChoose.org စတဲ့အဖွဲ့အစည်းတွေအတွက်ပဲ ကန့်သတ်ပေးထားအုံးမှာဖြစ်ပါတယ်။ နောက်ပိုင်းမှသာ Facebook အသုံးပြုသူတို့အကုန်လုံးအသုံးပြုနိုင်ဖို့ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ အလှူရှင်တို့အနေနဲ့ ငွေလှူတဲ့အခါ Pay Pal သို့မဟုတ် Credit Card တို့ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Ref : Mashable
အောင်ကိုထက်(MMAS)
No comments:
Post a Comment