iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, August 18, 2015

Facebook မှာ စာရှည်ရှည်ရေးချင်သူများအတွက် အသစ်ဖြစ်လာမယ့် Note

Facebook Note ကို ၂၀၁၀ ခုနှစ်နောက်ပိုင်းကတည်းက Update အကြီးစားများ မလုပ်ဖြစ်တာ အတော်လေး ကြာပါပြီ။ Facebook အနေနဲ့ မေ့ထားတဲ့ အရာတစ်ခုပမာ ဖြစ်နေပြီး ဗီဒီယိုနဲ့ အခြားသော UI အပိုင်းများအပေါ်မှာ အာရုံထားခဲ့ခြင်း ဖြစ်ပါတယ်။
ယခု ပုံမှာ မြင်တွေ့ရတာကတော့ Facebook Note ရဲ့ ပုံစံ အသစ် ဖြစ်ပါတယ်။ Cover Photo အရွယ် ပုံတင်လို့ရမယ်။ ဗီဒီယိုလည်း တင်လို့ရမယ်။ ဘေးမှာ ကြော်ငြာလေးတွေပါ ထိုးလို့ရမယ်ဆိုတာ Blog တစ်ခု ပမာ အသုံးပြုလို့ရမယ့် Note ဖြစ်ပါတယ်။ လက်ရှိ Twitter က လုပ်ထားတဲ့ medium.com ထပ် ပိုသာတဲ့ platform တစ်ခုဖြစ်ကြောင်းတောင် ဆိုထားကြ ပါတယ်။ စမ်းသပ်မှုကို လူနည်းစုနဲ့ အသုံးပြုခွင့် ပေးခဲ့ပြီး အောင်မြင်မှု ရရှိတာကြောင့် ယင်း Note ကို လူတိုင်း အသုံးပြုနိုင်ရန် ချပေးတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ Personal account ကနေ Note ရေးဒါကနေ ငွေရှာလို့ ရနိုင်သလို၊ Page ထဲကနေ Note ရေးခြင်းဖြင့်လည်း ငွေရှာနိုင်တော့မယ် အနေအထား တစ်ခု ရောက်လာတော့မှာ ဖြစ်ပါတယ်။ Note ကို Blog တစ်ခုအနေနဲ့ upgrade ပြုလုပ်မှုကို ယခုနှစ်အတွင်း ပြုလုပ်နိုင်ချေများကြောင်း သိရ ပါတယ်။
.
Ref: Mashable
အောင်ခမ်း (MMAS)

No comments:

Post a Comment