ဒီနည်းကတော့
လွယ်ကူရိုးရှင်းပါတယ်။ ကျွန်တော်တို့ Facebook အသုံးပြု
သူတိုင်းအများစုက
မိမိရဲ့ Status ရဲ့ အောက်မှာပဲဖြစ်ဖြစ် သူများရဲ့ Status
အောက်မှာဖြစ်ဖြစ်
Comment ပေးကြတဲ့အခါ Emotion Pic တွေ စာသား
တွေသာအများစုပေးကြတာဖြစ်ပါတယ်။
အခုကျွန်တော်ပြောမယ့်နည်းလမ်းက
တော့
Comment ပေးတဲ့အခါမှာ အသံဖိုင်ဖြင့် Comment ပေးနည်းဖြစ်ပါတယ်။
အရင်ဆုံး
သင့်မှာ Chrome Browser လိုအပ်ပါမယ်။ ဒီနောက်တော့ Browser
ထဲမှ သွားရမယ့်
Link က https://chrome.google.com/webstore/detail/talk-and-comment-for-face/djnhkfljnimcpelfndpcjcgngmefaobl
ဖြစ်ပါတယ်။ ဒါဆိုရင်တော့
အောက်ပါအတိုင်းပေါ်လာမှာဖြစ်ပါတယ်။
ဒီနေရာမှာကျွန်တော်တို့က
ADD TO CHROME ဆိုတာကို နှိပ်ပေးလိုက်ပ့မယ်။
ဒါကတော့
Add on ကိုသွင်းမှာ သေချာလားလို့မေးတာဖြစ်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့က
Add ဆိုတာကို နှိပ်ပေးလိုက်ပါမယ်။ ပြီးသွားရင်တော့
အထက်ပါပုံအတိုင်းပေါ်လာရင်တော့
Ok ကိုနှိပ်ပေးလိုက်ပါမယ်။
ဒါဆိုရင်
သင့်ရဲ့ Browser ရဲ့ ညာဘက်နားလေးမှာ အသံဖမ်းတဲ့ မိုက်ခ်
ပုံစံလေး
ပေါ်လာမှာဖြစ်ပါတယ်။ထို့အတူပဲ သင် Chat Box ကနေပြော
မယ့် သင့်သူငယ်ချင်းနေရာမှာလည်း
အထက်ပါပုံအတိုင်းပေါ်လာမှာဖ်ြစပါတယ်။
ထို မိုက်ပုံစံလေးကို
နှိပ်လိုက်တဲ့အခါမှာတော့ Tab တစ်ခုအနေနဲ့ ပေါ်လာမှာဖြစ်ပါတယ။်
ဒါကို OK
ပဲနှိပ်ပေးလိုက်ပါမယ်။
ပြီးသွားရင်တော့
Browser ရဲ့ Address Bar မှာ ဗွီဒီယို ကင်မရာပုံစံလေးနေ
ရာမှာ ကြက်ခေခတ်
Sign လေးပြနေတာကိုနှိပ်လိုက်ပြီး အထက်ပါပုံအတိုင်း
Ask if
djnk….. နဲ့ Microphone နေရာမှာ မိမိအသုံးပြုထားတဲ့ MIC ကိုရွေး
ပေးလိုက်ပီး
Done လုပ်ပေးလိုက်ပါမယ။်
ထို့နောက်
Tab တစ်ခုအနေဲ့ ပေါ်လာရင် Allow ကို နှိပ်ပေးလိုက်ပါမယ်။
ဒါဆိုရင်
သင်က သင့် ဘော်ဒါဆီကို စကားပြောရင် မိုက်ပုံစံလေးကို ကလစ်
နှိပ်လိုက်တဲ့အခါမှာ
Stop မနှိပ်မချင်းမှာ သင် ပြောချင်တဲ့စကားတွေကို
ပြောဆိုနိုင်မှာပါ။
ပြောလို့ပြီးသွားတယ်ဆိုရင်တော့
Stop ကို နှိပ်ပေးလိုက်ပါမယ်။
ဒါဆိုရင်
သင် စကားပြောထားတဲ့ အသံဖိုင်ကို Upload လုပ်နေတာဖြစ်ပါတယ်။
Upload လုပ်တဲ့နေရာမှာ
Talk & Comment ရဲ့ Server ကိုလှမ်းသိမ်းတာဖြစ်
ပါတယ်။ဒါကြောင့်
သူက အသံဖိုင်ရဲ့ လင့်ခ်ကို
အထက်ပါအတိုင်းပြပေးတာဖြစ်ပါတယ်။
အကယ်လို့ မိမိက Status အောက်
Comment နေရာကနေ
အသံဖိုင်ထည့်ချင်ရင် ထို Address ကို ကော်ပီကူး
ယူပြီးတော့
မိမိ ထည့်ချင်တဲ့
Comment နေရာမှာ Paste လုပ်ပေးလိုကပါမယ်။
ဒါဆိုရင်တော့
အထက်ပါပုံအတိုင်းပေါ်လာရင်တော့
မိမိပြောထားတဲ့အသံဖိုင်ကို လင့်ခ်အနေနဲ့
မြင်ရမှာပါ
နားထောင်မယ့်သူက အဲ့ဒါကိုနှိပလိုက်တယ်ဆိုရင်တော့
အထက်ပါပုံအတိုင်း
Server ရှိတဲ့ဆီကို ရောက်သွားပြီး နားထောင်လို့ရမှာဖြစ်ပါတယ်။
Chat Box
ထဲမှာကတော့ ခုနကလို လင့်ခ်မဟုတ်တော့ပဲ
အထက်ပါပုံအတိုင်း
အသံဖိုင်အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဒီနည်း
လမ်းက ဖုန်းတွေထဲမှာကတော့
အလွယ်တကူလုပ်လို့ရပါတယ်။
Voice
Message ပေါ့… Desktop မှာကတော့ Plug in တွဲသုံးရတာ
ဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
နောက်တစ်ချက်ကတော့ Status ကိုလည်း ထိုနည်းအတိုင်းတင်လို့ရပါတယ်။
အောက်ပါပအတိုင်းပေါ့....
ဒီနည်းလမ်းလေးကိုရေးဖြစ်ဖို့
အသိပေးခဲ့သော ကျွန်တော့်ရဲ့ ချစ်သော
ဆရာ ကိုလမင်းအိမ်အား
အထူးပင်ကျေးဇူးတင်ရှိပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်
No comments:
Post a Comment