ဒါပေမဲ့ အရမ်း ကြိုးစားလွန်သွားတဲ့ ဟာဗတ်ကျောင်းသား Facebook ရဲ့ အလုပ်သင်ဝန်ထမ်းကတော့ ကုမ္ပဏီရဲ့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့တဲ့အတွက် အလုပ်ထုတ်ခြင်းခံလိုက်ရပါတယ်။ ၄င်းကျောင်းသားဟာ Facebook Messenger နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ Software တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒါကတော့ Facebook Messenger အသုံးပြုသူများ တစ်ယောက်နဲ့ တစ်ယောက် တည်နေရာကို သိရှိစေမဲ့ Software ပဲဖြစ်ပါတယ်။ ကွန်ပျူတာဘာသာ နဲ့ သချာင်္ဘာသာ အထူးပြု ယူထားတဲ့ Harvard ကျောင်းသား Facebook အလုပ်သင်ဝန်ထမ်းဟာ သူ့ရဲ့ မြေပုံ ဆော့ဖ်ဝဲ (Marauder’s Map ) ကို Google Chrome Plugin တစ်ခုအဖြစ် ထုတ်လုပ်ခဲ့ပြီး Reddit Website မှာ Blog ရေးသားကာ မျှဝေခဲ့တဲ့အတွက်ကြောင့် အသုံးပြုသူပေါင်း 85,000 ကျော် Download ပြုလုပ်ခဲ့ကြပါတယ်။ ဒါကိုသိတဲ့ Facebook မှ တာဝန်ရှိသူတွေက ချက်ချင်းပဲ အလုပ်ထုတ်ပယ် အရေးယူခဲ့ပါတယ်။
တကယ်တော့ Facebook ဟာ ကုမ္ပဏီရဲ့ စည်းကမ်းအချို့ကို ဝန်ထမ်းတစ်ယောက်အနေနဲ့ မလိုက်နာနိုင်ခဲ့ရင်တောင် သူ့ကို အလုပ်ပယ်ခြင်း မပြုလုပ်ပါဘူး။ ဒါပေမဲ့ Facebook အသုံးပြုသူတွေရဲ့ လုံခြုံရေးဆိုင်ရာကို ထိပါးစေမဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့ခြင်းကြောင့်သာ သူ့ရဲ့ အလုပ်သင်ဝန်ထမ်း တာဝန်ကို ရပ်ဆိုင်းကာ အလုပ်ထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။
Ref : Sky
Aung Ko Htet (MMAS)
No comments:
Post a Comment