iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, August 5, 2015

Feature အသစ်တွေပိုမိုစုံလင်လာသည့် Viber ဗားရှင်းအသစ်







အားလုံးရဲ့ ဖုန်းထဲမှာရှိပြီးသားဖြစ်တဲ့ Viber Application ဟာ အခုဆိုရင် Update ထွက်လာပြီဖြစ်ပါတယ်။ အရင်က အပျော်တမ်း တစ်ယောက်နဲ့ တစ်ယောက် အခမဲ့ ဖုန်းခေါ်ဆိုနိုင်ခြင်းကိုသာ ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တဲ့ Viber ဟာ လက်ရှိအချိန်မှာတော့ အားလုံးအတွက် ပိုမိုစုံလင်တဲ့ Feature တွေကို ထည့်သွင်းပြီး update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။
ဒီ update version မှာတော့ တစ်ယောက်နဲ့တစ်ယောက် မျှဝေပေးနိုင်မဲ့ feature တွေထပ်မံ အဆင့်မြှင့်တင်ပြီး ထုတ်ပေးထားတဲ့အပြင် ဗီဒီယိုကောလ် လွယ်ကူစွာခေါ်ဆိုနိုင်ခြင်း နှင့် အွန်လိုင်း ငွေပေးခြင်းပြုလုပ်နိုင်သည့် feature တွေကိုပါ ထည့်သွင်းပေးထားပါတယ်။
Viber update version မှာ ပါဝင်လာတဲ့ feature အသစ်အသေးစိတ်ကတော့ ဖုန်းအတွင်းမှာမှတ်ထားတဲ့ contact list အသေးစိတ်ကို viber application  အားအသုံးပြုကာ အခြားသူများသို့ ပြန်လည်မျှဝေနိုင်ခြင်း ၊ website Link များ တစ်ယောက်နဲ့တစ်ယောက်မျှဝေတဲ့အခါ website thumbnail  ဓါတ်ပုံများကို ဖော်ပြပေးခြင်း ၊ မိမိ contact list  သို့မဟုတ် recent call list တွင်ရှိသော တစ်စုံတစ်ယောက်ကို အင်တာနက်ဖွင့်ပြီး တိုက်ရိုက် ဗီဒီယိုကောလ် ခေါ်ဆိုနိုင်ခြင်း ၊ ဒါ့အပြင် viber တွင် စတစ်ကာပေါင်း ၅၀၀ ကျော်ရှိသည့်အနက် နောက်ထပ် animation sticker  တို့ကို အသုံးပြုခွင့်ရှိနိုင်ခြင်းတို့ဖြစ်ပါတယ်။
Viber ရဲ့ version အသစ်ကို အသုံးပြုလိုသူများအနေနဲ့ Google Play Store တွင် update ပြုလုပ်နိုင်ပါတယ်။
Google Play Link >>> https://goo.gl/fg082v
Ref : Viber
Aung Ko Htet (MMAS)

No comments:

Post a Comment