iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, August 12, 2015

Google နဲ့ Apple တို့မှ employee ဟောင်းများ ဖန်တီးတဲ့ Android စမတ်ဖုန်း အသစ်

လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ စမတ်ဖုန်း အသစ်တစ်မျိုး ပေါ်ပါမယ်။ Nextbit လို့ အမည်ရတဲ့ ကုမ္ဗဏီကနေ ထုတ်လုပ်ဖန်တီးထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Nextbit အမည်ရ ကုမ္ဗဏီဟာ Google, Apple, Amazon, HTC အစရှိတဲ့ ကုမ္ဗဏီများမှာ အလုပ်လုပ်ခဲ့တဲ့ ဒီပလိုပါများ၊ ပညာရှင်များဖြင့် ဖွဲ့စည်းထားတဲ့ ကုမ္ဗဏီဖြစ်ပါတယ်။
မီဒီယများနဲ့ အင်တာဗျူးမှာ ဖြေကြားသွားချက်အရ စမတ်ဖုန်းဟာ Andriod OS ကို အသုံးပြုပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၀၀ နဲ့ ၄၀၀ ကြားမှာပဲ ရှိပါတယ်။ ဈေးသက်သာတဲ့ high end စမတ်ဖုန်း တစ်မျိုး အဖြစ် တီထွင်ဖန်တီးမှာ ဖြစ်ပြီး ပြိုင်ဘက်အနေနဲ့ Oppo နဲ့ Xiaomi တို့လို စမတ်ဖုန်း ကုမ္ဗဏီများကို ပစ်မှတ်ထားခြင်း ဖြစ်ပါတယ်။ လက်ရှိ Android ဈေးကွက်မှာလည်း Samsung, HTC တို့ရဲ့ ဈေးကွက်ပိုင်ဆိုင်မှုဟာ တဖြည်းဖြည်း နည်းပါးလာပြီး အဓိကကတော့ တရုတ်ပြည်ကနေ စမတ်ဖုန်း ကုမ္ဗဏီများ တိုးပွားအောင်မြင်လာခြင်းကြောင့် ဖြစ်ပါတယ်။ ဥပမာ Huawei, Xiaomi နဲ့ Oppo တို့လို ကုမ္ဗဏီဟာ ကမ္ဘာတစ်လွားဈေးကွက်ကို ဈေးသက်သာပြီး အရည်အသွေးမြင့်တဲ့ စမတ်ဖုန်းများဖြင့် target ထားလာခြင်းကြောင့် ဖြစ်ပါတယ်။ ဒါတောင်မှ Meizu, ဂျီရောနိ၊ Kenbo တို့ကို မထည့်သွင်းသေး ပါဘူး။
Nextbit ရဲ့ Android ဖုန်းနဲ့ ပက်သက်ပြီး ထူးခြားချက်တစ်ခုတော့ သတင်းထွက်လာပါတယ်။ ယင်းကတော့ Application တစ်ခုခုကို ဖွင့်သုံးပြီး ရောက်တဲ့နေရာမှာ ခဏပိတ်ထားနိုင်တာမျိုး၊ အခြား device ကနေ ယင်း app ကို ဝင်လည်း ယင်း stage မှာ ရှိနေတာမျိုးတို့ ပါဝင်ကြောင်း ဆိုပါတယ်။ ဒီတော့ gamer များအတွက် အဆင်ပြေ ပါလိမ့်မယ်။ Nextbit ရဲ့ Android စမတ်ဖုန်းဟာ အမေရိကန် ဆီလီကွန်ဗယ်လီက ပညာရှင်များရဲ့ လက်ရာ ဖြစ်တာကြောင့် ဘယ်လိုလာမလဲဆိုတာ စောင့်ကြည့်လျက် ရှိကြ ပါတယ်။
.
Ref: theverge
အောင်ခမ်း (MMAS)

No comments:

Post a Comment