iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, August 12, 2015

Google နဲ့ Huawei ပေါင်းထုတ်တဲ့ Nexus ဖုန်း အသစ်

အားလုံး မျော်လင့်နေတဲ့ နောက်ထပ် Google Nexus ဖုန်းဟာ ဘယ်လိုဖြစ်မယ်ဆိုတာ ဗီဒီယိုနဲ့ တကွ leak ဖြစ်လာပါပြီ။ ၁၀ စက္ကန့်သာ ကြာတဲ့ ဗီဒီယိုလေးတစ်ခု ဖြစ်ပါတယ်။ တရားဝင် ကြေညာထားခြင်း မဟုတ်ပေမ့် နည်းပညာ ဝဘ်ဆိုဒ် တစ်ခုက Google Nexus စမတ်ဖုန်း အသစ်ဖြစ်ကြောင်း ဖော်ပြခဲ့ ပါတယ်။ ယမန်နှစ်က Motorola နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့ပြီး ဒီတစ်ခါကျတော့ တရုတ်ပြည်အခြေဆိုက် Huawei ကုမ္ဗဏီနဲ့ ပူးပေါင်း ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ဘာကောင်းသလဲဆို ဈေးသက်သာမှာ ဖြစ်ပါတယ်။
အရွယ်အစားအားဖြင့် ၅.၇ လက်မ ရှိတဲ့ QHD Display ကို အသုံးပြုထားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဗီဒီယိုမှ အရလည်း ဖုန်းက ကြီးပါတယ်။ အနက်ရောင်ပါ။ ပလပ်စတစ်ဘော်ဒီနဲ့ မြင်တွေ့ရ ပါတယ်။ ကင်မရာကို 21 Megapiexl တောင် အသုံးပြုထားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ထူးခြားချက်ကတော့ Finger Print ID တို့ ပါဝင်လာမှာ ဖြစ်ပြီး Google Pay ကို စတင်မိတ်ဆက်မယ့် စမတ်ဖုန်းလည်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြ ပါတယ်။ USB-C အမျိုးအစား အပေါက်ကို အသုံးပြုထားပြီး အားသွင်းကော၊ Data အသွားအလာကော မြန်မယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ကြိုးမဲ့ အားသွင်း စနစ်လည်း ပါဝင်ပါတယ်။
ဒါကြောင့်မို့ Hauwei နဲ့ ထုတ်တဲ့ Google Nexus ဖုန်းဟာ ၂၀၁၅ နှစ်ကုန်နဲ့ ၂၀၁၆ တစ်နှစ်စာအတွက် အဆင့်မြင့်စမတ်ဖုန်းတွေကြား ယှဉ်ပြိုင်ဘက်စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ကြောင်း ခန့်မှန်းထား ပါတယ်။ Huawei နဲ့ ထုတ်ပေမယ့် Google ဖုန်း ဖြစ်တာကြောင့် Google ရဲ့ pure Android UI နဲ့ပဲ တွေ့ရမှာပါ။ Android M ဖြင့် မြင်တွေ့ရမယ့် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ Huawei က hardware အနေနဲ့ပဲ ထောက်ပံ့ထားခြင်း ဖြစ်ပါတယ်။
ဗီဒီယို Link – https://youtu.be/-8qdsWHHijA
အောင်ခမ်း (MMAS)

No comments:

Post a Comment