iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, August 11, 2015

ဂူဂဲလ်ရဲ့ အင်တာနက် မက်ဆေ့ဂ်ျဂျာ အသစ် Hangouts ဗားရှင်းအသစ်

အရင်က Gtalk ဆိုပြီး အင်တာနက် မက်ဆေ့ဂ်ျဂျာ လောကကို ကြီးဆိုးခဲ့တဲ့ Google ဟာ နောက်ပိုင်းမှာ သူ့ထက် အချက်အလက်တွေပိုစုံလာတဲ့ အင်တာနက် မက်ဆေ့ဂ်ျဂျာတွေပေါ်ထွက်လာခဲ့တဲ့အခါမှာတော့ Hangouts ဆိုပြီး ပြောင်းလဲကာ အများနည်းတူ feature တွေကို စုံလင်အောင် ထပ်မံထည့်သွင်းလာပါတယ်။ အခြား  Internet Messenger App တွေကို မယှဉ်နိုင်တဲ့ Hangouts ဟာ ခတ္တခဏ ငြိမ်သက်နေခဲ့ရပါတယ်။ ဒါပေမဲ့လည်း Google ရဲ့ ဝန်ဆောင်မှုတိုင်းကို စဉ်ဆက်မပြတ် အသုံးပြုသူတွေကြောင့် Hangout ကို သုံးသင့်သလောက် အသုံးပြုကြပါတယ်။

ဒါကြောင့်လည်း Google ရဲ့ ဝန်ဆောင်မှုကို အမာခံ သုံးစွဲသူတွေအတွက် Google က Hangouts ကို ရိုးရှင်းလွယ်ကူတဲ့ Feature တွေ ထပ်ထည့်ပေးလိုက်ပြီဖြစ်ပါတယ် ။ Android 5.0 နဲ့အတူ ပါဝင်လာခဲ့တဲ့ Hangouts 4.0 ရဲ့ ဒီဇိုင်းတွေကတော့ ပိုမိုဆန်းသစ်လာတဲ့အပြင် အလွယ်တကူ Group ဖွဲ့ကာ စာများပို့နိုင်ခြင်း ၊ ဓါတ်ပုံများပေးပို့နိုင်ခြင်း နဲ့ ဗီဒီယိုဖိုင်များပေးပို့နိုင်ခြင်းတို့ကို ပြုလုပ်နိုင်လာပါတယ်။ ဒါ့အပြင် မိမိရဲ့တည်နေရာကို အခြားသူများထံသို့ ပေးပို့နိုင်ခြင်း ၊ Animation Gif file များပေးပို့နိုင်ခြင်း ၊ တစ်ချိန်တည်းမှာပင် ဓါတ်ပုံအများအပြားပေးပို့နိုင်ခြင်း နဲ့ ရုပ်ပြောင်ပုံလေးတွေ ပေါ်ပို့နိုင်ခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။

နောက်ထပ် ထူးခြားချက်အနေနဲ့ Hangouts 4.0 ဟာ သူ့မှာ ရှိနေတဲ့ Error တွေကို ပြန်လည်ပြင်ဆင်ခဲ့ပြီး စာတိုပေးပို့ခြင်း ၊  ဗီဒီယိုကောလ် ခေါ်ဆိုမှု တို့ကို အရင်ကထက် ပိုမိုလျင်မြန်စွာ ပြုလုပ်နိုင်အောင် ဖန်တီးခဲ့ပါတယ်။ Hangouts Version အသစ်ကို အသုံးပြုချင်ရင်တော့ Google Play Store မှာ Download လုပ်ယူနိုင်ပါတယ်။
Download Here >>> https://goo.gl/2kRfRW
Ref : Google
Aung Ko Htet (MMAS)

No comments:

Post a Comment