iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 15, 2015

Home / featured / လူဦးရေ ၇၀၀၀ နေထိုင်နိုင်မယ့် ရေပေါ်မြို့ တော် လူဦးရေ ၇၀၀၀ နေထိုင်နိုင်မယ့် ရေပေါ်မြို့ တော်



ပင်လယ်ပြင်ရဲ့ လှပကျယ်ပြန်တဲ့ရှုခင်းကို ခံစားချင်သူတွေအတွက် ဒီ ခေတ်လွန်ရေပေါ်မြို့ တော်က တစ်ချိန်မှာ အကောင်းဆုံးအခြေချနေထိုင်ရာ ဖြစ်လာမှာပါ။

ပြင်သစ်ဗိသုကာပညာရှင် Jacques Rougerie က ဒီဇိုင်းရေးဆွဲထားတဲ့ ဒီရေယာဉ်ဟာ ငါးလိပ်ကျောက်ပုံသဏ္ဍာန်ရှိပြီး မဝေးတော့တဲ့အနာဂတ်မှာ ပင်လယ်အပျော်ခရီးသဘောင်္တွေအတွက် ဒါမှမဟုတ် ရေပေါ်အိမ်ရာတွေရဲ့ ဒီဇိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

ထူးခြားဆန်းသစ်တဲ့ဒီဇိုင်းနဲ့ Meriens ဧရာမရေပေါ်မြို့ တော်ဟာ အရှည် ပေ ၂၉၅၀ ၊ အကျယ် ၁၆၅၀ ပေ နီးပါးရှိမှာဖြစ်ပြီး လူဦးရေ ၇၀၀၀ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ကုန်းမြေ၊ပင်လယ်တွင်းနဲ့ အာကာသပိုင်းဆိုင်ရာ ဒီဇိုင်းအဆန်းအသစ်တွေကြောင့် နာမည်ကျော်တဲ့ Mr.Rougerie က ဒီရေယာဉ်ဟာ တက္ကသိုလ်ရိပ်သာမြို့ တော်တစ်ခု ဖြစ်လာနိုင်တယ်လို့ ကြိုတင်ခန့် မှန်းထားပါတယ်။

သုတေသနပညာရှင်တွေ၊ပရော်ဖက်ဆာတွေနဲ့ ကျောင်းသားတွေ ကာလရှည်နေထိုင်ဖို့ အတွက် အိမ်ရာတစ်ခုဖြစ်လာနိုင်ပြီး အိမ်ရာရပ်ကွက်တွေ၊ စာသင်ခန်းတွေ၊ ဓာတ်ခွဲခန်းတွေအပြင် အပန်းဖြေဖို့ နဲ့ အားကစားလုပ်ဖို့ နေရာတွေပါ ပါဝင်မှာဖြစ်ပါတယ်။

Meriens မြို့ တော်ဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ လည်ပတ်နိုင်ပြီး စွန့် ပစ်ပစ္စည်းထုတ်လုပ်မှုမရှိတာကြောင့်  ကိုယ်ပိုင်တသီးတခြားရပ်တည်နိုင်စွမ်း ရှိပါတယ်။

ခန့် မှန်းကုန်ကျစရိတ် ကန်ဒေါ်လာ သန်းငါးဆယ်နဲ့ ဆောက်လုပ်နေဆဲဖြစ်တဲ့  Mr.Rougerie ရဲ့ သမုဒ္ဒရာမိုးမျှော်တိုက်နဲ့ရေပေါ်ဓာတ်ခွဲခန်း ရေယာဉ် SeaOrbiter လည်း ဒီရေပေါ်မြို့ မှာ ဆိုက်ကပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

No comments:

Post a Comment