iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, August 21, 2015

ကင်မရာ လှည့်လို့ရတဲ့ ဈေးသက်သာ နောက်ဆုံးပေါ် စမတ်ဖုန်း Honor 7i

Honor 7i လို့ အမည်ရတဲ့ စမတ်ဖုန်းကို တရုတ်ပြည်မှာ တရားဝင် မိတ်ဆက်ပြီး စတင်ရောင်းချနေပါပြီ။ သူ့ကို နိုင်ငံတကာ ဈေးကွက်ဖြန့်ချိမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ ဈေးကွက် ရောက်ရှိမယ့် စမတ်ဖုန်းကတော့ Honor 7 ဖြစ်ပါတယ်။ Honor 7i နဲ့ သိပ်မကွာတဲ့ ဗားရှင်းမျိုး ဖြစ်ပါလိမ့်မယ်။
Honor ဆိုတာ Huawei ရဲ့ brand အခွဲ တစ်ခု ဖြစ်ပါတယ်။ ဈေးသက်သာပြီး Spec မြင့်တဲ့ စမတ်ဖုန်း ကိုင်ချင်သူများအတွက် ရည်ရွယ်ထားပြီး ဥရောပနဲ့ ကမ္ဘာ့ ဈေးကွက်တွေအထိပါ ရောက်ရှိလာပါတယ်။ ယခု 7i မှာ ပါဝင်တဲ့ ကင်မရာဟာ 13 Megapixel ရှိပါတယ်။ RAM 2GB စမတ်ဖုန်း ဖြစ်ပေမယ့် 64bit Octacore processor ကို အသုံးပြုထား ပါတယ်။ internal storage 16GB ကနေ စတင်ပြီး micro SD ကဒ်ကတော့ 32GB အထိပဲ တိုးမြင့်လို့ ရပါတယ်။ ထူးခြားချက်ကတော့ ကင်မရာဟာ တစ်ခုတည်းပါဝင်ပြီး ယင်း ကင်မရာကို အရှေ့အနောက် လှည့်ယူ သုံးလို့ ရပါတယ်။ ဒါကြောင့်မို့ Selfie ကြိုက်သူများ အတွက် သင့်တော်ပါတယ်။ ယင်းကဲ့သို့ အလားတူ ပုံစံကို စတင်ခဲ့တာကတော့ OPPO ပါ။ OPPO ရဲ့ N စီးရီး ဖုန်းတစ်လုံးတည်းမှာ ကင်မရာကို အရှေ့အနောက် လှည့်နိုင်တာကို သုံးခဲ့ပြီး ရောင်းအားကောင်းခဲ့ ပါတယ်။ ယခု Honor 7i ရဲ့ ကင်မရာကတော့ အလယ်မှာ မဟုတ်ပဲ ဘေးဘက် နည်းနည်းကျ ပါတယ်။
မျက်နှာပြင် အရွယ်အစားနဲ့ အရွယ်အသွေးကတော့ 5.2 လက်မနဲ့ Full HD Display တို့ ဖြစ်ပါတယ်။ Android 5.1 သုံးထားပြီး Emotion UI 3.1 ကို အပေါ်မှာ ဖုံးထား ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၅၀ ဝန်းကျင်သာ ရှိတာကြောင့် ဈေးနှုန်းနဲ့ ပါဝင်တဲ့ Spec ယှဉ်လိုက်ရင် အတော်လေး တန်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Brand ကို ခေါင်းထဲ မထည့်ပဲ spec မြင့်မြင့် ဈေးသက်သက်သာသာ သုံးချင်သူများအတွက်ဆိုရင်တော့ အဆင်ပြေ ပါလိမ့်မယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:

Post a Comment