iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, August 20, 2015

မကြာခင်ထွက်ရှိတော့မယ့် HTC O2 သို့မဟုတ် HTC M10

ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းဟာ HTC ရဲ့ အောက်တိုဘာလလောက်မှာ ထွက်ရှိမယ့် နောက်ဆုံးပေါ် စမတ်ဖုန်း ဖြစ်ကြောင်းဆိုပါတယ်။ HTC One ရဲ့ စီးရီးကနေ ဖြစ်ပြီး သူ့ကို HTC O2 သို့မဟုတ် HTC M10 ဆိုပြီးတော့ အမည်ပေးထား ပါတယ်။
RAM 4GB ပါဝင်ပြီး Qualcomm Snapdragon 820 Processor ကို အသုံးပြုထားပါတယ်။ အထူးခြားဆုံး တစ်ချက်ကတော့ ရေစိုခံ စမတ်ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ ၆ လက်မ ရှိပြီး 1440 x 2560 resolution ရှိတဲ့ 490ppi မျက်နှာပြင် ဖြစ်ပါတယ်။ သူ့ကို QHD လို့ခေါ်ပါတယ်။ ကင်မရာကလည်း 20.7 Megapixel ရှိပြီး f/1.9 aperture ရှိတာကြောင့် ကင်မရာအရည်အသွေးကောင်းစမတ်ဖုန်းပဲ ဖြစ်ပါတယ်။ ဘက်ထရီက 3500 mAh အရည်အသွေး ရှိပါတယ်။ ရှေ့ကင်မရာကတော့ 5 Megapiexl အရည်အသွေး ရှိပါတယ်။
နောက်တစ်လုံးကတော့ HTC O2 အသေးစား ဖြစ်ပြီး သူကတော့ နောက်နှစ်ဆန်းမှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ သူကတော့ Octa core processor ကို အသုံးပြုထားပါတယ်။ ဈေး အနည်းငယ်သက်သာသွားပါ လိမ့်မယ်။ အရွယ်အစားအားဖြင့် မျက်နှာပြင် ၅ လက်မ ရှိတာကြောင့် သေးတဲ့ စမတ်ဖုန်းတော့ မဟုတ်ပါဘူး။ ပုံမှန်အရွယ်ဖုန်းလို့ ဆိုနိုင် ပါတယ်။
HTC One ဖုန်းများရဲ့ အောင်မြင်မှုက သူ့ရဲ့ ဒီဇိုင်းနဲ့ သတ္တုကိုယ်ထည်ကြောင့်မို့ ဖြစ်ပါတယ်။ ယခု HTC O2 ဟာလည်း စိတ်ဝင်စားစရာ စမတ်ဖုန်း တစ်လုံး ဖြစ်လာ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:

Post a Comment