iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, August 7, 2015

ထိုင်းဈေးကွက်ထဲကို i-mobile နဲ့ ဝင်ရောက်လာတဲ့ Android One

အခုနောက်ပိုင်းမှာ အာရှဈေးကွက်ထဲကို သိသိသာသာထိုးဖောက်လာတဲ့ မိုဘိုင်းဖုန်းကတော့ Android One ပဲဖြစ်ပါတယ်။ Google ကနေထုတ်လုပ်ထာတဲ့ Android စစ်စစ်ကို အသုံးပြုချင်တဲ့ သူတို့နဲ့ ဈေးနှုန်းသက်သာစွာ Android ဖုန်းကို အသုံးပြုလိုတဲ့လူတွေအတွက်ကိုရည်ရွယ်ပြီး ဈေးကွက်ထဲကို ထိုးဖောက်ရာမှာ သိသိသာသာ အားပေးမှု ရရှိခဲ့တဲ့ ဖုန်းအမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကမှ အိန္ဒိယနိုင်ငံမှာ Android one ဗားရှင်း ၂ ကိုရောင်းချဖို့ ရည်ရွယ်ခဲ့တဲ့ Android One ဟာ အခုဆိုရင် ထိုင်းနိုင်ငံရဲ့ ဈေးကွက်ထဲကို i-mobile iQ II နဲ့ ထပ်မံဝင်ရောက်လာပြန်ပါတယ်။
Android One နဲ့ပေါင်းစပ်ထားတဲ့ i-mobile iQ II ဟာ 5 လက်မ မျက်နှာပြင်အကျယ် ၊ ကျောဘက် ကင်မရာ 8MP နဲ့ အတွင်းဘက် ကင်မရာ 2 MP တို့ပါဝင်ပါတယ် ။ အခြားနိုင်ငံမှာ ရှိတဲ့ မိုဘိုင်း နက်ဝက်ခ် တိုင်းက 4G ဖြစ်တာကြောင့် 4G အထောက်ပံ့ပေးနိုင်အောင် ထုတ်လုပ်ပေးထားပါတယ်။ OS အနေနဲ့ Android OS 5.1.1 Lollipop  ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ Android One ရဲ့ အာရှ ဈေးကွက်ထိုးဖောက်မှု အရ နောက်ဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ i-mobile iQ II ကို မှာယူချင်သူများအနေနဲ့ သတ်မှတ်ထားတဲ့ မြို့နယ်များနဲ့ အွန်လိုင်းစတိုးတွင် မှာယူခြင်းများဖြင့်သာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ထိုင်းဘတ်ငွေ 4,444 THB နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။
Ref : Android One
Aung Ko Htet (MMAS)

No comments:

Post a Comment