iCon
![[IMG]](https://78.media.tumblr.com/d5a502bfc2544b1b0c3f1625ef10c913/tumblr_mv4zqcNwFj1s1va72o1_400.gif)
zawgyi သို့ မဟုတ် unicode
Friday, August 7, 2015
Instagram ပေါ်တွင် ညစ်ညမ်းပုံများတင်ခွင့်မပြု
ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ကနေ ၇ ရက်နေ့ထိဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ကလေးများကို မိခင်ကိုယ်တိုင် မိခင်နို့ နို့တိုက်ကျွေးရတဲ့နေ့ဖြစ်ပါတယ်။ ထိုနေ့များမှာ Instagram သုံးဆွဲသူ ဓါတ်ပုံဆရာမတစ်ဦးဟာ သူမရဲ့ ကလေးကို မိခင်နို့တိုက်ကျွေးနေတဲ့ပုံများကို Instagram ပေါ်မှာ တင်ခဲ့ပါတယ်။ သူမရဲ့ Instagram Account ဟာ Follower ၂၄,၀၀၀ ကျော်ရှိ ပေမဲ့ ကမ္ဘာ့မိခင်နို့တိုက်ကျွေးသည့် ရက်သတ္တပတ်အတွင်းမှာ Instagram ပေါ်တင်ဓါတ်ပုံတွေတင်ထားတဲ့ ဓါတ်ပုံဆရာမရဲ့ အကောင့်ကို ပိတ်သိမ်းလိုက်ပါတယ်။
ဓါတ်ပုံဆရာမအနေနဲ့စနေ ၊ တနင်္ဂနွေပိတ်ရက်များမှာ Instagram အကောင့်ကို ဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ Instagram ရဲ့ စည်းမျဉ်း စည်းကမ်းများနဲ့ မကိုက်ညီတဲ့အတွက် ဖျက်သိမ်းလိုက်ခြင်းဖြစ်တယ်ဆိုတဲ့ အသိပေးစာကိုပဲ ရရှိခဲ့ပါတယ်။ နို့တိုက်ကျွေးသည့်နေ့များ ပြီးဆုံးမှသာ သူမရဲ့အကောင့်ကို သူမရဲ့သူငယ်ချင်းအပါအဝင် သူမရဲ့ ပရိတ်သတ် Follower ၄၀၀၀ ကျော် နှင့်ပြန်လည် အသုံးပြုခွင့်ပေးခဲ့ပါတယ်။
ဒါကြောင့် Instagram အသုံးပြုသူများအနေနဲ့ ညစ်ညမ်းဓါတ်ပုံများကို တင်ခွင့်မရှိပါဘူး။ တင်ရင်လည်း Instagram က သိတာနဲ့ မိမိရဲ့ အကောင့်ကို ဖျက်သိမ်းပါတယ်။ Instagram တင်မကပဲ အခုနောက်ပိုင်း လူမှုကွန်ယက် ဝက်ဘ်ဆိုဒ် တော်တော်များများကလည်း အပြင်းအထန်တားစီးနေပါတယ်။
ref : metro
Aung Ko Htet (MMAS)
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment