iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, August 31, 2015

စတုရန်းပုံစံဓါတ်ပုံများတင်ခွင့်ကို ဖျက်သိမ်းပေးလိုက်တဲ့ instagram

Facebook မှဝယ်ယူထားတဲ့ Company များထဲမှ တစ်ခုအပါအဝင်ဖြစ်တဲ့ ဓါတ်ပုံတင်သည့် Social application တစ်ခု Instagram ဟာ စတင်ထုတ်လွှင့်ခဲ့တဲ့ အချိန်က စတင်ပြီး ဓါတ်ပုံများကို စတုရန်းပုံနှင့်သာ တင်ရန် သတ်မှတ်ခဲ့ပေမဲ့လည်း လက်ရှိအချိန်မှာတော့ ဖျက်သိမ်းပေးလိုက်ပြီး User တို့စိတ်ကြိုက် ဓါတ်ပုံများကို အလျားလိုက်ဖြင့်သော်လည်းကောင်း၊ ဒေါင်လိုက်ဖြင့်သော်လည်းကောင်း တင်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။
Instagram ဟာ သူတို့ရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ စတုရန်းပုံနှင့် ဓါတ်ပုံတင်ခွင့်ကို user တွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ ဓါတ်ပုံနှင့် ဗီဒီယိုတို့အား မိမိစိတ်ကြိုက် အလျားလိုက် ၊ ဒေါင်လိုက် တင်ချင်တဲ့ ဆန္ဒကို သတိထားမိခဲ့တဲ့အတွက် အခုလို ပြောင်းလဲပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ တစ်ချို့တွေကလည်း အခုလိုပြောင်းလဲလိုက်တဲ့အတွက် content ရေးရတဲ့ ပုံစံပါပြောင်းလဲသွားမှာလားဆိုပြီး စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ Instagram ကတော့ content ရေးတဲ့ ပုံစံကိုတော့ အရင် စတုရန်းပုံစံတုန်းကလိုပဲ ထည့်သွင်းရေးသားခွင့်ပြုထားပြီး ဘာမှ မပြောင်းလဲကြောင်း Instagram Blog မှာ ရေးသားဖော်ပြထားပါတယ်။
အခုလို ဓါတ်ပုံများကို ဒေါင်လိုက် ၊ အလျားလိုက်  မိမိစိတ်ကြိုက်တင်ခွင့် ပြုလုပ်ထားပေးမဲ့ အများမြင်နိုင်အောင် Share ထားတဲ့ ဓါတ်ပုံတွေကိုသာ မြင်ရမှာဖြစ်ပါတယ်။ မိမိ Profile မှာတော့ ဓါတ်ပုံတိုင်းရဲ့  Crop လုပ်ထားတဲ့ အပိုင်းကိုသာ စတုရန်းပုံစံနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ Instagram ဗားရှင်းအသစ်ကို Android အတွက် တွင်သာမက iOS အတွက်ပါ ရယူနိုင်ပြီဖြစ်ပါတယ်။
Ref : Pocket Lint
အောင်ကိုထက် (MMA)
#aungkohtet_mma

No comments:

Post a Comment