iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, August 6, 2015

Liquid Metal နဲ့ လုပ်တဲ့ Turing Phone နဲ့ ပက်သက်လို့ သိသင့်သမျှ

Turing Phone နဲ့ ပက်သက်ပြီးတော့ သတင်းကို MMAS မှာ ရေးခဲ့ဖူးပါတယ်။ သူ့အတွက် ဈေးနှုန်းအတိအကျ ထွက်ရှိလာပါပြီ။ 16GB ကို အမေရိကန်ဒေါ်လာ ၆၁၀၊ 64GB ကို 740 USD, 128 GB ကို 870 USD အစရှိသဖြင့် အသီးသီး သတ်မှတ်ထားပါတယ်။ ဖုန်းမှာ ထူခြားတဲ့ အချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
End to End Encryption ကို အသုံးပြု
ဖုန်းပြောတဲ့အခါ တစ်ဖက်နဲ့ တစ်ဖက်ကို အသံတွေ၊ စာတွေ သွားလာတဲ့အခါ ကြားကနေ ဖြတ်ယူလို့ မရအောင် encrypt လုပ်ပေးပါတယ်။ တစ်ဖက်ကလူက သာမန်ဖုန်း သုံးနေလဲ မိမိဖုန်းနဲ့ ပြောတဲ့အခါ တစ်ဖက်ကိုသာ ထိုးဖောက်နိုင်ပြီး မိမိရဲ့ အသံတွေ၊ စာတွေကို မဝင်နိုင်ပါဘူး။ Encryption technology ကို ကုမ္ဗဏီများအနေနဲ့ ဆော့ဖ်ဝဲတစ်ခုကို အမေရိကန်ဒေါ်လာ ၁ထောင်မက ရောင်းနေချိန်မှာ Turing Robitic Industies အမည်ရ ကုမ္ဗဏီမှ လူတိုင်း ရရှိနိုင်မယ့် နည်းပညာ တစ်ခု အနေနဲ့ ဖုန်းထဲမှာ built in ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
Liquid Metal ဖြင့် ပြုလုပ်
Liquidmorphium လို့ အမည်ရတဲ့ သတ္တုဟာ သာမန် သတ္တုနဲ့ မတူပါဘူး။ သူ့ကို Liquid metal လို့ အမည်ပေးထားပြီး တိုက်တေနီယမ်ထပ် ပေါ့သလို စတီးထပ်လည်း ပိုမို သန်မာ ပါတယ်။ နောက်ထပ် ထူးခြားချက်က အရောင်ပြန်နေခြင်း ဖြစ်ပါတယ်။ Liquid metal လို့ဆိုတဲ့သဘောက သူက ရေပြင်လို ပြန်မြင်နေရလို့ပါ။ မှန်ဆန်ဆန် သတ္တု ဖြစ်ပြီး မအက်မရှ သလို ကွေးလည်း မကွေးနိုင် ပါဘူး။ ဖုန်းက nano coating စနစ်ကို အသုံးပြုထားတာကြောင့် ရေစို လုံးဝ ခံတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။
ပါဝင်တဲ့ Specification
Specification ဟာလည်း မြင့်ပါတယ်။ RAM 3GB, 2.5 GHz Snapdragon 801 chip ကို အသုံးပြုထားပြီး ၅.၅ လက်မ အရွယ်ရှိတဲ့ Full HD 1080p မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ 13 Megapixel ကင်မရာ ပါဝင်ပြီး ရှေ့မှာလည်း 8 Megapixel ကင်မရာ ပါဝင် ပါတယ်။ NFC Chip, Wi-Fi 802.11 ac, Bluetooth 4.0 connectivity, built in GPS, Sensor များ ပါဝင်ပါတယ်။ micro SIM card ကို အသုံးပြုရ ပါတယ်။
Android 5.0 Lollipop ကို အသုံးပြုပြီး Turing ရဲ့ UI ကိုလည်း ထည့်သွင်းထားပါသေးတယ်။ Turing Phone လို့ အမည်ပေးထားတဲ့ အကြောင်းအရင်း ရှိပါတယ်။ ၁၉၃၆ ခုနှစ်တုန်းက ကွန်ပြူတာလောကမှာ ကျော်ကြားအောင်မြင်တဲ့ တီထွင်ပညာရှင် Alan Turing ကို အမည်စွဲလို့ ဂုဏ်ပြု အမည်ပေးထားခြင်း ဖြစ်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:

Post a Comment