iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, August 21, 2015

Louis van Gaal ရဲ့ ကိုင်တွယ်ပုံကြမ်းတမ်းမှုကြောင့် မန်ယူအစား ချယ်လ်ဆီး ကို Pedro ရွေးချယ်



ဘာစီလိုနာတိုက်စစ်မှူး တောင်ပံတိုက်စစ်ကစားသမား Pedro ဟာ Louis van Gaal ရဲ့ တင်းကျပ်တဲ့ ကိုင်တွယ်မှုပုံစံကို မန်ယူဂိုးသမား Valdes ရဲ့ သတိပေးခံရပြီးနောက်မှာ ပြိုင်ဘက် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ ဖို့ ရွေးချယ်ခဲ့ပါတယ်။

မန်ယူက ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တဲ့ Pedro ဟာ ပြိုင်ဘက် ချယ်လ်ဆီး အသင်းကို ပြောင်းရွှေ့ ကြေး ပေါင် ၂၁.၃ သန်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
မန်ယူနည်းပြ Van Gaal ရဲ့ ကစားသမားတွေကို ဆက်ဆံပုံ ကြမ်းတမ်းမှုကလည်း Old Trafford ကို Pedro ငြင်းဆန်လိုက်ရတဲ့အဓိကအချက် တစ်ချက်ဖြစ်မယ်လို့ သတင်းတွေက ဆိုပါတယ်။

Pedro ရဲ့ သိကျွမ်းတာကြာပြီဖြစ်တဲ့မိတ်ဆွေတစ်ဦးလည်းဖြစ် ဘာကာအသင်းနဲ့ စပိန်လက်ရွေးစင်အသင်းဖော်လည်းဖြစ်တဲ့ Valdes ဟာ လွန်ခဲ့လက အရန်ပွဲတွေ ကစားပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ Van Gaal က စွပ်စွဲခဲ့ဖူးပါတယ်။

နောက်ထပ်စပိန်ကစားဖော်တစ်ဦးဖြစ်တဲ့ David De Gea နဲ့ Van Gaal ကြားက ပြဿနာတွေကြောင့်လည်း Pedro ဟာ ချယ်လ်ဆီးကို ရွေးချယ်ဖို့ စိတ်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ချယ်လ်ဆီးနည်းပြ Mourinho ဟာ အသက် ၂၈ နှစ်အရွယ် ကစားသမား Pedro ကို ဘာစီလိုနာအသင်းခွင့်ပြုချက်နဲ့ ဆွေးနွေးခဲ့ပြီး ချယ်လ်ဆီးကွင်းလယ်ကစား သမား ဘာစီလိုနာအသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ Cesc Fabregas ကလည်း ချယ်လ်ဆီးကို လာရောက်ဖို့ စည်းရုံးခဲ့တယ်လို့ သိရပါတယ်။

Pedro ဟာ ဒီနေ့ ကြာသပတေးနေ့ မှာ လန်ဒန်မှာ ဆေးစစ်ချက်ခံယူမှာဖြစ်ပါတယ်။ Pedro ကို မန်ယူအသင်းက အရင်ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး သူ့ ကို လက်လွှတ်လိုက်ရတာဟာ မန်ယူ အသင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။

( Ye Wint )

No comments:

Post a Comment