iCon
zawgyi သို့ မဟုတ် unicode
Wednesday, August 19, 2015
Mac တွင် Parallels Desktop ဖြင့် Cortana ကို Siri ကဲ့သို့ အသုံးပြုနိုင်
i Phone နှင့် iPad တွင် လူကြိုက်များသည့် feature များအနက် တစ်ခုဖြစ်သော Siri virtual assistant ကို Macintosh OS X တွင် အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်း Microsoft Windows 10 ကို Parallels Desktop ဖြင့် အသုံးပြုသူများ အနေဖြင့် Siri ကဲ့သို့သော အတွေ့အကြုံကို ရရှိနိုင်မည်ဟု သိရသည်။
Parallels Desktop သည် Mac ပေါ်တွင် Windows ကို Mac OS X နှင့် တစ်ပြိုင်နက် အသုံးပြုနိုင်စေမည့် software package တစ်ခု ဖြစ်သည်။
ထိုကဲ့သို့ အသုံးပြုရန်အတွက် Windows ကို install လုပ်ရမည်ဖြစ်ပြီး ထို့နောက်တွင် Windows နှင့် Mac application များအကြား အလျင်အမြန် ပြောင်းလဲကာ အသုံးပြုနိုင်သလို အချက်အလက်ကို copy/paste လုပ်ရာတွင်လည်း operating system နှစ်ခုအကြား ပြုလုပ်နိုင်မည် ဖြစ်သည်။ Apple ၏ Boot Camp နှင့် မတူညီသည်မှာ Paralles က operating system နှစ်ခုစလုံးကို တစ်ပြိုင်နက် အသုံးပြုနိုင်စေခြင်း ဖြစ်သည်။
ယခုအခါတွင် Windows 10 ကို Parallels 11 ဖြင့် အသုံးပြုသည့်အခါ Microsoft ၏ Cortana ဖြင့် Mac တွင် Siri ကဲ့သို့သော လုပ်ဆောင်မှုများကို ပြုလုပ်နိုင်ပြီ ဖြစ်သည်။
Cortana ကို Microsoft က Windows Phone တွင် စတင်မိတ်ဆက်ပေးခဲ့ပြီးနောက် ယခုအခါတွင် Windows 10 အတွက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
Ref: Forbes
Credit internetjournal
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment